ဘဝက ခက်ခဲကြမ်းတမ်းမယ်ဆိုတာသိပေမယ့် လိပ်ပြာလုံစွာနဲ့ဖြတ်သန်းချင်ကြောင်းပြောပြလာတဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော ပိုင်ဖြိုးသု ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာ ဖေဖော်ဝါရီ(၁)ရက်နေ့ကတည်းကပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့သူပဲ ဖြစ်ပါတယ်..။

ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီး တို့ကတော့ လူထုလှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့် နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်များထဲမှာလည်း သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံး ပါဝင်တာ တွေ့ရပါတယ်..။

ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံေ တာ့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။ပိုင်ဖြိုးသုကတော့ လက်ရှိအခြေအနေတွေအရ ရှောင်တိမ်းနေရပေမယ့်လည်း ပြည်သူတွေ နဲ့ အနာဂတ်တွေ အတွက် တတ်နိုင် သလောက် အားဖြည့်လုပ်ဆောင်နေပြီး သတင်းအမှားတွေတင်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုသတိပေးပြောပြလာပါတယ်..

ဆရာလင်္ကာရည်ကျော်ရဲ့ “နေဝင်အိပ်တန်းတက်” ဝတ္ထုထဲမှာပါတဲ့ conceptလေးတစ်ခုကျွန်မအရမ်းသဘောကျ တာရှိပါတယ်….ဘဝရဲ့နောက်ဆုံးအချိန်မှာ နောင်တနည်းနိုင်သမျှနည်းအောင် နေနိုင်ခဲ့တဲ့လူက အောင်မြင်သောဘဝကိုပိုင်ဆိုင်တယ်လို့ သတ်မှတ်လို့ရတယ်…တဲ့ကျွန်မအဲဒီ့စာလေးဖတ်မိပြီးကတည်းက အမြဲခဏခဏပြောတတ်တယ်…ဘဝကတိုတိုလေး မနက်ဖြန်သေမလားသဘက်ခါသေမလားမသိတာကို…မသေခင်ငါကတော့ဘယ်သူ့အပေါ်ဘယ်လိုမကောင်းကြံဖူးခဲ့တယ်…ဘယ်သူကတော့ငါ့ကြောင့်ဒုက္ခတွေရောက်ခဲ့ရတယ်ဆိုတဲ့နောင် တကြီးနဲ့မသေချင်ဘူးလို့…

ဘဝမှာထိပ်ဆုံးထိရောက်အောင်မ‌အောင်မြင်ရင်လည်းနေပါစေ…ပိုက်ဆံတွေမချမ်းသာရင်လည်းနေပါစေ…သေခါနီးတော့နောင်တတွေနဲ့မသေချင်ဘူး…ဆိုတဲ့စကားကို ကျွန်မနဲ့ရင်းနှီးတဲ့အနီးကပ်နေတဲ့လူတိုင်းလိုလိုကျွန်မဆီကကြားဖူးကြပါတယ်…အခုတော့ ကျွန်မမလိုချင်တဲ့နောင်တတရား‌တွေထပ်တိုးလာပါပြီ…လူပေါင်းများစွာမတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရချိန်မှာ ကိုယ့်ကိုမထိခိုက်သရွေ့နှုတ်ဆိတ်နေမိခြင်း မတရားမှုကိုကျူးလွန်နေသူလူယုတ်မာတွေဘက်ကရပ်တည်မိခြင်း စတဲ့နောင်တများကလည်းကင်းဝေ းရလိုပါတယ်…

ဘဝမှာကျွန်မလိုချင်တဲ့အောင်မြင်မှုဆိုတာ နောင်တနည်းနိုင်သမျှနည်းတဲ့ဘဝကိုပိုင် ဆိုင်ရခြင်းပါ….ခက်ခဲမယ် ကြမ်းတမ်းမယ်ဆိုတာသိပေမယ့် ဘဝကိုလိပ်ပြာလုံသောအောင်မြင်ခြင်းနဲ့ပဲ ဖြတ်သန်းချင်ပါတယ်…#အရေးတော်ပုံအောင်ရမည်” ဆိုပြီး ပိုင်ဖြိုးသုက အသိပေးရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Photo Credit – Paing Phyo Thu’s Fb Acc

Credit







Credit

Leave a Comment