တန်ဖိုးတူမှလက်တွဲလို့ရတာပါ

တန်ဖိုးတူမှလက်တွဲလို့ရတာပါ

ယောက်ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်အပေါ် အရာရာနားလည်ပေးနိုင်တဲ့သူ၊

ကိုယ်အတွက် အစဉ်အမြဲရပ်တည်ပေးနိုင်တဲ့သူ၊

ကိုယ့်ဘဝကို တန်ဖိုးထားပေးနိုင်တဲ့သူတွေကိုဘဲ ကိုယ်အနားမှာရှိစေချင်ကြသလို

ကိုယ့်ဘဝကိုလဲ အဒီလိုလူတွေနဲ့ဘဲ ရှင်သန်ချင်ကြတာ သဘာဝတစ်ခုပါဘဲ။

ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံစည်းကြတယ်ဆိုတာ တန်ဖိုးတူဖို့လဲ လိုသလို၊

အခြေအနေတစ်ခုအတွက် အပြန်အလှန် နားလည်မှုလဲရှိကြဖို့လိုပါတယ်။

ကိုယ်ဘက်က လိုချင်တာကိုဘဲ တောင်းဆိုနေဖို့ အမြဲတမ်းစိတ်ကူးနေလို့မရသလို

သူဘက်က မပေးနိုင်တာကိုလဲ နားလည်ပေးနိုင်တဲ့ အရည်အချင်းရှိအောင် ကြိုးစားထားဖို့လဲ လိုပါတယ်။

လူတိုင်းကတော့ ကောင်းတဲ့လူ၊ နားလည်ပေးနိုင်တဲ့လူ၊ အနစ်နာခံပေးနိုင်တဲ့လူကိုဘဲ လိုချင်ကြတယ်ဆိုပေမယ့်

ကိုယ်ကိုယ်တိုင်ကလဲ ကိုယ်လိုချင်တဲ့ အခြေအနေအတိုင်း အရည်အချင်းမရှိဘူးဆိုရင်

ကိုယ်လိုချင်တဲ့ လူကိုလဲ မမျှော့်လင့်ထားတာကောင်းပါတယ်။

ကိုယ်အပေါ်ကောင်းတဲ့လူကို လိုချင်ရင်ကိုယ်ကိုယ်တိုင်ကလဲ ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်နေတတ်ဖို့လိုပါတယ်။

လက်တွဲလိုရတယ်ဆိုတာ တန်ဖိုးတူမှ တွဲလို့ရတာဖြစ်လို့ တစ်ဘက်ကလျော့သွားရင်

ကျန်တစ်ဖက်က နားလည်ပြီး ဖြည့်ပေးနိုင်မှသာ လက်တွဲတွေ ခိုင်မြဲနေမှာဖြစ်ပါတယ်။

တန်ဖိုးတွေတူနေရင် လက်တွဲတွေခိုင်မြဲနေမှာပါ။

Credit

တန္ဖိုးတူမွလက္တြဲလို႔ရတာပါ

ေယာက္က်ားပဲျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ ကိုယ္အေပၚ အရာရာနားလည္ေပးႏိုင္တဲ့သူ၊

ကိုယ္အတြက္ အစဥ္အၿမဲရပ္တည္ေပးႏိုင္တဲ့သူ၊

ကိုယ့္ဘဝကို တန္ဖိုးထားေပးႏိုင္တဲ့သူေတြကိုဘဲ ကိုယ္အနားမွာရွိေစခ်င္ၾကသလို

ကိုယ့္ဘဝကိုလဲ အဒီလိုလူေတြနဲ႔ဘဲ ရွင္သန္ခ်င္ၾကတာ သဘာဝတစ္ခုပါဘဲ။

ဘဝမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ဆုံစည္းၾကတယ္ဆိုတာ တန္ဖိုးတူဖို႔လဲ လိုသလို၊

အေျခအေနတစ္ခုအတြက္ အျပန္အလွန္ နားလည္မႈလဲရွိၾကဖို႔လိုပါတယ္။

ကိုယ္ဘက္က လိုခ်င္တာကိုဘဲ ေတာင္းဆိုေနဖို႔ အၿမဲတမ္းစိတ္ကူးေနလို႔မရသလို

သူဘက္က မေပးႏိုင္တာကိုလဲ နားလည္ေပးႏိုင္တဲ့ အရည္အခ်င္းရွိေအာင္ ႀကိဳးစားထားဖို႔လဲ လိုပါတယ္။

လူတိုင္းကေတာ့ ေကာင္းတဲ့လူ၊ နားလည္ေပးႏိုင္တဲ့လူ၊ အနစ္နာခံေပးႏိုင္တဲ့လူကိုဘဲ လိုခ်င္ၾကတယ္ဆိုေပမယ့္

ကိုယ္ကိုယ္တိုင္ကလဲ ကိုယ္လိုခ်င္တဲ့ အေျခအေနအတိုင္း အရည္အခ်င္းမရွိဘူးဆိုရင္

ကိုယ္လိုခ်င္တဲ့ လူကိုလဲ မေမွ်ာ့္လင့္ထားတာေကာင္းပါတယ္။

ကိုယ္အေပၚေကာင္းတဲ့လူကို လိုခ်င္ရင္ကိုယ္ကိုယ္တိုင္ကလဲ ေကာင္းတဲ့လူတစ္ေယာက္ျဖစ္ေအာင္ေနတတ္ဖို႔လိုပါတယ္။

လက္တြဲလိုရတယ္ဆိုတာ တန္ဖိုးတူမွ တြဲလို႔ရတာျဖစ္လို႔ တစ္ဘက္ကေလ်ာ့သြားရင္

က်န္တစ္ဖက္က နားလည္ၿပီး ျဖည့္ေပးႏိုင္မွသာ လက္တြဲေတြ ခိုင္ၿမဲေနမွာျဖစ္ပါတယ္။

တန္ဖိုးေတြတူေနရင္ လက္တြဲေတြခိုင္ၿမဲေနမွာပါ။

Credit