







အာခေါင်ခြစ်အော်ပြီး










ရောက်ခဲ့ရဖူးပြီ




အရေးကြုံတဲ့အခါမှာ


သိခွင့်ရလာပြီး



လူ့ဘဝ ဆိုတာကြီးကိုက




နေ့မြင်ညပျောက်



လောဘ ဒေါသ မောဟတွေကို


သေခါနီးထိကို

ရူးလိုက်ကြတဲ့အာဏာ

မက်လိုက်တဲ့ပိုက်ဆံ

Kyaw Kyaw Thay Lwin

unicode

အခုလက်ရှိ ကြုံတွေ့နေရတဲ့အခြေအနေမှာ တစ်ချို့မိတ်ဆွေတွေကို

ရင်နာနာနဲ့စွန့်လွှတ်ခဲ့ရကြောင်းပြောပြလာတဲ့ မင်းမော်ကွန်း

ကိုယ့်ဟာကိုသရုပ်ဆောင်လို့မေ့နေတာတစ်လကျော်တောင်ရှိသွားပြီပဲ

ခုဆိုထမင်းချက်တတ်ပြီ

မရှိရှိတာနဲ့စားတတ်ပြီ

ကိုယ့်အဝတ်ကိုလျှော်တတ်ပြီ

တပျက်စီးလှည်း ကြမ်းတိုက်တတ်ပြီ

အာခေါင်ခြစ်အော်ပြီး

ခြေထောက်တွေနာကျင်နေအောင်

လမ်းတွေလျောက်ဖူးခဲ့ပြီ

နေပူထဲထီးမပါကတ္တရာလမ်းပေါ်

နာရီပေါင်းများစွာထိုင်ဖူးပြီ

မိုးလင်းမိုးချုပ်ဆဲဆိုရင်း

သေနတ်သံတွေကိုနားယဉ်လာခဲ့ပြီ

ရာဇဝတ်သားတစ်ယောက်လိုလည်း

ဟိုပြေးဒီလွှား ဟိုနေရာပုန်းဒီနေရာခိုနဲ့

ရပ်ကွက်ပေါင်းစုံနေရာပေါင်းစုံ

ရောက်ခဲ့ရဖူးပြီ

ဖုံတွေသဲတွေအမှိုက်သရိုက်တွေကြားထဲ

ပျော်အောင်အိပ်တတ်လာပြီ

အရင်ကရန်သူလို့ထင်ခဲ့မိသူတွေက

အရေးကြုံတဲ့အခါမှာ

မိတ်ဆွေကောင်းတွေဆိုတာ

သိခွင့်ရလာပြီး

တချို့မိတ်ဆွေတွေကိုတော့

ရင်နာနာနဲ့ပဲ စွန့်လွှတ်ခဲ့ရပြီ

လူ့ဘဝ ဆိုတာကြီးကိုက

အပြောင်းအလဲမြန်လွန်းတယ်

နေရတဲ့အချိန်ဆိုတာလည်း

သိပ်တိုတောင်းလွန်းပါတယ်

နေ့မြင်ညပျောက်

ကိုယ့်ဟာကိုတောင်ဘယ်နေ့

သေရမယ်မှန်းမသိတဲ့ဘဝထဲမှာ

လောဘ ဒေါသ မောဟတွေကို

အတောမသတ်နိုင်ကြသေးပါလား

သေခါနီးထိကို

ရူးလိုက်ကြတဲ့အာဏာ

မက်လိုက်တဲ့ပိုက်ဆံ

Kyaw Kyaw Thay Lwin