ဂ်ာေအး ကဗ်ာ၏ အဓိပၸါယ္ မသိေသးသူမ်ားအတြက္ အဖိုးတန္လြန္းလို႔ မွ်ေဝလိုက္ပါတယ္
ကေပါက္တိ ကေပါက္ခ်ာ စာသားေတြနဲ႔ ဘယ္က စၿပီး ဘယ္ေတာ့ ဆုံးမယ္မွန္း မသိတဲ့ ဒီကဗ်ာေလးကို ကြၽန္ေတာ္တို႔ ငယ္စဥ္ကတည္းက အလြတ္ရေနခဲ့ၾကတာေပမယ့္
အဓိပၸါယ္ သိသူ နည္းပါးဦးမွာပါ ဒီကဗ်ာကို ေၾကာင္ပမ္းဆရာေတာ္ႀကီးက ေရးဖြဲ႕ခဲ့ၿပီး ေရးသားခဲ့တဲ့ ခုႏွစ္နဲ႔ မူရင္း အဓိပၸါယ္ကို ေသခ်ာ မသိရပါဘူး..
ဒါေပမယ့္ ကံအေၾကာင္း တိုက္ဆိုင္စြာ ကဗ်ာရဲ႕ အဓိပၸါယ္ကို ေလ့လာ မွတ္သားခဲ့ရတဲ့အတြက္ ေဝမွ်လိုက္ပါတယ္..
မုန္႔လုံးကို စကၠဴကပ္ပါလို႔ –
မုန္႔လုံးနဲ႔ တူတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာငါးပါး သကၠာယတရားေတြကို တဏွာ ဒိ႒ိေတြနဲ႔ စြဲကပ္ထားပါတယ္..
ၾကာကလပ္နဲ႔ ဆြမ္းေတာ္တင္ – နတ္ခ်မ္းသာ ျဗဟၼာခ်မ္းသာေတြကို ရည္စူးၿပီး ကုသိုလ္ ေကာင္းမႈေတြ ျပဳလုပ္ၾကပါတယ္။
ပလႅင္ေပၚက ေမ်ာက္ကေလး ဆင္းတယ္လို႔ေျပး ဂ်ာေအး –
ေကာင္းမႈေတြ လုပ္လို႔ ေကာင္းရာ ဘုံဘဝေတြ ေရာက္ေပမယ့္လည္း (မုန္႔လုံးကို စကၠဴကပ္ၿပီး လႉသလို တဏွာေလာဘနဲ႔ လုပ္တဲ့ ကုသိုလ္ေတြ ျဖစ္ေလေတာ့)
အခ်ိန္တန္လို႔ ကုသိုလ္ အဟုန္ေတြ ကုန္ေတာ့ အပါယ္ဘုံ (သို႔) လူ႔ဘုံကိုပဲ ေရာက္ရတာပါပဲ..
ဂ်ာေအးကို သူ႔အေမ႐ိုက္ပါလို႔ ေမွာင္မိုက္မွာငို –
ကံတရားရဲ႕ အက်ိဳးေပးေၾကာင့္ လူဘုံကို ေရာက္တဲ့ အခ်ိန္မွာလဲ အေမွာင္နဲ႔တူတဲ့ အဝိဇၨာေတြၾကားထဲမွာ ဒုကၡသစၥာနဲ႔ ႀကဳံျပန္ေတာ့ ပူေဆြးရျပန္ပါတယ္..
ကိုလူပ်ိဳ ထရံေပါက္က ေျခေထာက္ကိုဆြဲ တြဲလြဲ –
ကံံေကာင္းစြာနဲ႔ပဲ ကြၽန္ေတာ္တို႔ဟာ သာသနာနဲ႔ ႀကဳံႀကိဳက္လို႔ ဓမၼအလင္းေရာင္နဲ႔ ေတြ႕ၿပီး အေမွာင္ထဲက လြတ္မဲ့ လမ္းစ ျမင္လာရပါတယ္
မိုးေတာင္ကခ်ဳန္း မုန္႔လုံး –
သာသနာေတာ္နဲ႔ ႀကဳံေပမယ့္ အဖ်က္အေမွာင့္ေတြေၾကာင့္ အားမထုတ္ႏိုင္ခဲ့ရင္ျဖင့္ မုန္႔လုံးဘဝသို႔ ျပန္လည္ ေရာက္ရွိသြားမွာ ျဖစ္ပါတယ္…
မုန္႔လုံးဘဝကို ေရာက္ရွိရင္ျဖင့္ မဆုံးႏိုင္တဲ့ သံသရာကို ဘယ္ႏွႀကိမ္မွန္း မသိဘဲ အထပ္ထပ္ ျပန္ေက်ာ့ေနရဦးမွာ ျဖစ္ပါေတာ့တယ္..
ကဗ်ာေလးက တိုေပမယ့္ မသိေတာ့ျပဳလုပ္ ျပဳလုပ္ေတာ့ရရွိ ရရွိေတာ့ခံစားခံစားေတာ့လိုခ်င္ လိုခ်င္ေတာ့စြဲလမ္း စြဲလမ္းေတာ့ျပဳလုပ္နဲ႔ ဘဝသံသရာ ဝဲဂယက္ထဲ မဆုံးႏိုင္ေအာင္ အထပ္ထပ္ လည္ပတ္ေနရပုံကို
ေရးဖြဲ႕ထားတဲ့ သံေဝဂရစရာ ကဗ်ာေလးတစ္ပုဒ္ ျဖစ္ပါတယ္..
ဆိုလိုရင္းကို နားလည္သလို အနီးစပ္ဆုံး ျပန္ထားတာမို႔မူရင္း အဓိပၸါယ္နဲ႔ တိက်စြာ တူခ်င္မွ တူမွာမို႔နားလည္သူမ်ားက ျပင္ဆင္ေပးၾကပါဦး…
ခရစ္ဒစ္
unicode
ဂျာအေး ကဗျာ၏ အဓိပ္ပါယ် မသိသေးသူများအတွက် အဖိုးတန်လွန်းလို့ မျှဝေလိုက်ပါတယ်
ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ ဘယ်က စပြီး ဘယ်တော့ ဆုံးမယ်မှန်း မသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ ငယ်စဉ်ကတည်းက အလွတ်ရနေခဲ့ကြတာပေမယ့်
အဓိပ္ပါယ် သိသူ နည်းပါးဦးမှာပါ ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ ခုနှစ်နဲ့ မူရင်း အဓိပ္ပါယ်ကို သေချာ မသိရပါဘူး..
ဒါပေမယ့် ကံအကြောင်း တိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်..
မုန့်လုံးကို စက္ကူကပ်ပါလို့ –
မုန့်လုံးနဲ့ တူတဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာငါးပါး သက္ကာယတရားတွေကို တဏှာ ဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်..
ကြာကလပ်နဲ့ ဆွမ်းတော်တင် – နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။
ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး ဂျာအေး –
ကောင်းမှုတွေ လုပ်လို့ ကောင်းရာ ဘုံဘဝတွေ ရောက်ပေမယ့်လည်း (မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့)
အချိန်တန်လို့ ကုသိုလ် အဟုန်တွေ ကုန်တော့ အပါယ်ဘုံ (သို့) လူ့ဘုံကိုပဲ ရောက်ရတာပါပဲ..
ဂျာအေးကို သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို –
ကံတရားရဲ့ အကျိုးပေးကြောင့် လူဘုံကို ရောက်တဲ့ အချိန်မှာလဲ အမှောင်နဲ့တူတဲ့ အဝိဇ္ဇာတွေကြားထဲမှာ ဒုက္ခသစ္စာနဲ့ ကြုံပြန်တော့ ပူဆွေးရပြန်ပါတယ်..
ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ –
ကံံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ဟာ သာသနာနဲ့ ကြုံကြိုက်လို့ ဓမ္မအလင်းရောင်နဲ့ တွေ့ပြီး အမှောင်ထဲက လွတ်မဲ့ လမ်းစ မြင်လာရပါတယ်
မိုးတောင်ကချုန်း မုန့်လုံး –
သာသနာတော်နဲ့ ကြုံပေမယ့် အဖျက်အမှောင့်တွေကြောင့် အားမထုတ်နိုင်ခဲ့ရင်ဖြင့် မုန့်လုံးဘဝသို့ ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပါတယ်…
မုန့်လုံးဘဝကို ရောက်ရှိရင်ဖြင့် မဆုံးနိုင်တဲ့ သံသရာကို ဘယ်နှကြိမ်မှန်း မသိဘဲ အထပ်ထပ် ပြန်ကျော့နေရဦးမှာ ဖြစ်ပါတော့တယ်..
ကဗျာလေးက တိုပေမယ့် မသိတော့ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ခံစားခံစားတော့လိုချင် လိုချင်တော့စွဲလမ်း စွဲလမ်းတော့ပြုလုပ်နဲ့ ဘဝသံသရာ ဝဲဂယက်ထဲ မဆုံးနိုင်အောင် အထပ်ထပ် လည်ပတ်နေရပုံကို
ရေးဖွဲ့ထားတဲ့ သံဝေဂရစရာ ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်..
ဆိုလိုရင်းကို နားလည်သလို အနီးစပ်ဆုံး ပြန်ထားတာမို့မူရင်း အဓိပ္ပါယ်နဲ့ တိကျစွာ တူချင်မှ တူမှာမို့နားလည်သူများက ပြင်ဆင်ပေးကြပါဦး…
ခရစ်ဒစ်