မိခင္ေဆးကုဖို႔သီခ်င္းဆို အလႉခံတဲ့ လူငယ္ အဖမ္းခံရ
ရန္ကုန္ ၊ ဧၿပီ ၂၅-၂၀၂၁MHS(VOM)
မိခင္ျဖစ္သူ အရိုးတီဘီေရာဂါခံစားေနရလို႔ ေဆးကုသဖို႔လိုတဲ့အတြက္ ဂီတာတီးသီခ်င္းဆိုၿပီး အလႉခံေနတဲ့ လူငယ္တစ္ဦးကို သဃၤန္းကၽြန္းၿမိဳ႕နယ္ ဆ/ကရပ္ကြက္ သမာဓိ ၁လမ္းမွာ ဖမ္းဆီးသြားတယ္လို႔ မ်က္ျမင္ေတြ႕ရွိသူက ေျပာပါတယ္။
” သီခ်င္းဆိုေနတုန္းမွာပဲ ရဲေတြေရာက္လာၿပီး ဖမ္းသြားတာပါ။ သူဂီတာေတြကို အဲဒီနားကဆိုင္မွာ ထားသြားတယ္”လို႔ အထပ္ျမင့္က ျမင္လိုက္သူတစ္ဦးက ဆိုပါတယ္။
အဲဒီလူငယ္ရဲ့အမည္ကေတာ့ ရိုးရိုးျမင့္ေဆြျဖစ္ၿပီးေတာ့ သမာဓိ ၂ လမ္းမွာ ေနထိုင္သူျဖစ္ပါတယ္။သူ႔ကို ဘာေၾကာင့္၊ ဘာပုဒ္မနဲ႔ဖမ္းတယ္ ၊ ဘယ္ကိုေခၚသြားတယ္ဆိုတာေတာ့ မသိရေသးပါဘူး။
ရိုးရိုးျမင့္ေဆြဟာ အရင္က Harry’S Bar အပါအဝင္ စားေသာက္ဆိုင္ဘားေတြကို သီခ်င္းသီဆိုၿပီးမွ မိခင္ျဖစ္သူအရိုးတီဘီေရာဂါေဝဒနာခံစားေနရတာကို ကုသေပးေနတာျဖစ္ပါတယ္။
ကိုဗစ္ကာလ စားေသာက္ဆိုင္နဲ႔ ဘားေတြပိတ္လိုက္တဲ့အတြက္ မိခင္ျဖစ္သူေရာဂါကုသဖို႔ ေငြေၾကးခက္ခဲေနလို႔ ရပ္ကြက္ထဲမွာ သူတတ္ထားတဲ့ပညာနဲ႔ သီခ်င္းေဖ်ာ္ေျဖၿပီး အလႉခံေနတာျဖစ္တယ္လို႔သိရပါတယ္
unicode
မိခင်ဆေးကုဖို့သီချင်းဆို အလှူခံတဲ့ လူငယ် အဖမ်းခံရ
ရန်ကုန် ၊ ဧပြီ ၂၅-၂၀၂၁MHS(VOM)
မိခင်ဖြစ်သူ အရိုးတီဘီရောဂါခံစားနေရလို့ ဆေးကုသဖို့လိုတဲ့အတွက် ဂီတာတီးသီချင်းဆိုပြီး အလှူခံနေတဲ့ လူငယ်တစ်ဦးကို သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက် သမာဓိ ၁လမ်းမှာ ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
” သီချင်းဆိုနေတုန်းမှာပဲ ရဲတွေရောက်လာပြီး ဖမ်းသွားတာပါ။ သူဂီတာတွေကို အဲဒီနားကဆိုင်မှာ ထားသွားတယ်”လို့ အထပ်မြင့်က မြင်လိုက်သူတစ်ဦးက ဆိုပါတယ်။
အဲဒီလူငယ်ရဲ့အမည်ကတော့ ရိုးရိုးမြင့်ဆွေဖြစ်ပြီးတော့ သမာဓိ ၂ လမ်းမှာ နေထိုင်သူဖြစ်ပါတယ်။သူ့ကို ဘာကြောင့်၊ ဘာပုဒ်မနဲ့ဖမ်းတယ် ၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ရိုးရိုးမြင့်ဆွေဟာ အရင်က Harry’S Bar အပါအဝင် စားသောက်ဆိုင်ဘားတွေကို သီချင်းသီဆိုပြီးမှ မိခင်ဖြစ်သူအရိုးတီဘီရောဂါဝေဒနာခံစားနေရတာကို ကုသပေးနေတာဖြစ်ပါတယ်။
ကိုဗစ်ကာလ စားသောက်ဆိုင်နဲ့ ဘားတွေပိတ်လိုက်တဲ့အတွက် မိခင်ဖြစ်သူရောဂါကုသဖို့ ငွေကြေးခက်ခဲနေလို့ ရပ်ကွက်ထဲမှာ သူတတ်ထားတဲ့ပညာနဲ့ သီချင်းဖျော်ဖြေပြီး အလှူခံနေတာဖြစ်တယ်လို့သိရပါတယ်