ဂ်ပန္နိုင္ငံသားမ်ား ပါဝင္လာတဲ့ တိုက်ိဳၿမိဳ႕က ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး

ဂ်ပန္နိုင္ငံသားမ်ား ပါဝင္လာတဲ့ တိုက်ိဳၿမိဳ႕က ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး

ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရးလႈပ္ရွားမႈအျဖစ္ ျမန္မာနိုင္ငံတြင္ တပ္မေတာ္မွ အာဏာသိမ္းမႈအား ဆန္႔က်င္သည့္ ဆႏၵျပပြဲမ်ားကို ကမၻာအရပ္ရပ္သို႔ ေရာက္ရွိေနေသာ ျမန္မာ နိုင္ငံသားတိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားက ေမလင၂ ရက္တြင္ စုစုစည္းစည္း က်င္းပခဲ့သလို ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕တြင္လည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားမႈမ်ား ယေန႔ ျပဳလုပ္ခဲ့သည္။

အမ်ိဳးသား ညီညြတ္ေရး အစိုးရအား ေထာက္ခံႀကိဳဆိုေၾကာင္း၊ ျမန္မာနိုင္ငံတြင္ အာဏာသိမ္းခံရသည္မွာ ယခုမ်ိဳးဆက္၌ ေနာက္ဆုံးအႀကိမ္ ျဖစ္ရမည္ ျဖစ္ေၾကာင္း ေႂကြးေၾကာ္သံမ်ားႏွင့္အတူ ကိုဗစ္ ေရာဂါပ်ံ႕ႏွံ့ေနမႈေၾကာင့္ ဂ်ပန္နိုင္ငံတြင္ ကန္႔သတ္ခ်က္မ်ား ရွိေနသည့္ၾကားက ဂ်ပန္ျပည္သူမ်ား အပါအဝင္ လူေထာင္ေက်ာ္ ခ်ီတက္ဆႏၵျပခဲ့ၾကျခင္းျဖစ္သည္ဟု တိုက်ိဳၿမိဳ႕မွ ယေန႔ဆႏၵျပပြဲတြင္ ပါဝင္ခဲ့သူတဦးက ဧရာဝတီသို႔ ေျပာသည္။

တိုက်ိဳၿမိဳ႕၌ ေမ ၂ ရက္က ျပဳလုပ္ခဲ့သည့္ ကမၻာလုံးဆိုင္ရာ ျမန္မာ့ေႏြဦးေတာ္လွန္ေရး ဆႏၵျပခ်ီတက္ပြဲသို႔ အျခားၿမိဳ႕မ်ားမွ ျမန္မာနိုင္ငံသားတိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားကပါ လာေရာက္ပူးေပါင္းခဲ့ေၾကာင္းလည္း သိရသည္။

ဓာတ္ပုံ – CJ

unicode

ဂျပန်နိုင်ငံသားများ ပါဝင်လာတဲ့ တိုကျိုမြို့က ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာသိမ်းမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိနေသော မြန်မာ နိုင်ငံသားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများက မေလင၂ ရက်တွင် စုစုစည်းစည်း ကျင်းပခဲ့သလို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ယနေ့ ပြုလုပ်ခဲ့သည်။

အမျိုးသား ညီညွတ်ရေး အစိုးရအား ထောက်ခံကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် အာဏာသိမ်းခံရသည်မှာ ယခုမျိုးဆက်၌ နောက်ဆုံးအကြိမ် ဖြစ်ရမည် ဖြစ်ကြောင်း ကြွေးကြော်သံများနှင့်အတူ ကိုဗစ် ရောဂါပျံ့နှံ့နေမှုကြောင့် ဂျပန်နိုင်ငံတွင် ကန့်သတ်ချက်များ ရှိနေသည့်ကြားက ဂျပန်ပြည်သူများ အပါအဝင် လူထောင်ကျော် ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု တိုကျိုမြို့မှ ယနေ့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။

တိုကျိုမြို့၌ မေ ၂ ရက်က ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဆန္ဒပြချီတက်ပွဲသို့ အခြားမြို့များမှ မြန်မာနိုင်ငံသားတိုင်းရင်းသားညီအစ်ကိုမောင်နှမများကပါ လာရောက်ပူးပေါင်းခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – CJ