စစ္ေကာင္စီရဟတ္ယာဥ္ကို ပစ္ခ်နိုင္ခဲ့ေၾကာင္း KIA အတည္ျပဳ

စစ္ေကာင္စီရဟတ္ယာဥ္ကို ပစ္ခ်နိုင္ခဲ့ေၾကာင္း KIA အတည္ျပဳ

ေမလ ၃ ရက္ေန႔ မနက္ပိုင္း မိုးေမာက္ၿမိဳ႕နယ္၊ ကုန္းေလာေက်းရြာနားတြင္ ေလေၾကာင္းမွ လာေရာက္တိုက္ခိုက္တဲ့ အာဏာသိမ္းစစ္ေကာင္စီ၏ ဟယ္လီေကာ္ပတာရဟတ္ယာဥ္ကို လက္နက္ႀကီးျဖင့္ ပစ္ခ်နိုင္ခဲ့ေၾကာင္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက မဇၩိမကို အတည္ျပဳပါတယ္။

“ကုန္းေလာေက်းရြာနားမွာ ပ်က္က်ၿပီး မီးေလာင္သြားတယ္လို႔ ေရွ႕တန္းက သတင္းေပးပို႔လာတဲ့အတြက္ ေသခ်ာပါတယ္” လို႔ သူက ေျပာပါတယ္။

ဒီကေန႔မနက္ကတည္းက စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေနတာျဖစ္ၿပီး ျပင္းထန္တဲ့တိုက္ပြဲျဖစ္တဲ့အတြက္ ႏွစ္ဖက္စလုံးမွာ အထိအခိုက္ အက်အဆုံးေတြ ရွိတယ္လို႔ ဗိုလ္မႉးႀကီး ေနာ္ဘူကေျပာပါတယ္။

စစ္ေကာင္စီတပ္ကေန တိုက္ပြဲျဖစ္တဲ့တစ္ပတ္အတြင္းမွာ ေလေၾကာင္းကေန တစ္ေန႔ကိုေလးႀကိမ္ေလာက္အထိ လာေရာက္ပစ္ခတ္တယ္လို႔ သိရပါတယ္။

unicode

စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း KIA အတည်ပြု

မေလ ၃ ရက်နေ့ မနက်ပိုင်း မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာနားတွင် လေကြောင်းမှ လာရောက်တိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီ၏ ဟယ်လီကော်ပတာရဟတ်ယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို အတည်ပြုပါတယ်။

“ကုန်းလောကျေးရွာနားမှာ ပျက်ကျပြီး မီးလောင်သွားတယ်လို့ ရှေ့တန်းက သတင်းပေးပို့လာတဲ့အတွက် သေချာပါတယ်” လို့ သူက ပြောပါတယ်။

ဒီကနေ့မနက်ကတည်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပြီး ပြင်းထန်တဲ့တိုက်ပွဲဖြစ်တဲ့အတွက် နှစ်ဖက်စလုံးမှာ အထိအခိုက် အကျအဆုံးတွေ ရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။

စစ်ကောင်စီတပ်ကနေ တိုက်ပွဲဖြစ်တဲ့တစ်ပတ်အတွင်းမှာ လေကြောင်းကနေ တစ်နေ့ကိုလေးကြိမ်လောက်အထိ လာရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။