unicode
ကျွန်တော်တို့က အရံတပ်ခွဲတွေပါ မြို့တွင်းလုံခြုံရေးယူပေးပါမယ်
ဥပဒေနဲ့အညီ ပြည်သူကို စောင့်ရှောက်ကာကွယ်ပေးပါမယ် ကိုယ့်အိမ်ထဲမှာပဲနေပေးကြပါ ပူးပေါင်းမဲ့လူငယ်ခေါင်ဆောင်တွေနဲ့ ချိတ်ဆက်ထားပြီးပါပြီ ပြည်တွင်းငြိမ်ချမ်းရေးလက်နက်ကိုင်တွေပါပါမယ်အရမ်းမကြောက်ကြပါနဲ့ ကျွန်တော်တို့အသက်ရှင်နေ သမျှနေအိမ်ထဲကလူတွေဘေး မဖြစ်စေရပါဘူး
ဆန်နဲ့ဆီလောက်ပဲဆောင်ထားပါ၊အပိုအလိုတွေဝယ်မစုပါနဲ့၊ ပြူတင်းပေါက်နားကိုချောင်းမကြည့်ပါနဲ့၊ကြောက်ရွံမှုကိုမပြပါနဲ့၊ဒေါသကိုထိန်းပါ၊ပုံမှန်အနေအထားနဲ့ပဲ စကားပြောဆိုပါ၊အကူအညီတောင်းရမဲ့နံပါတ်တွေ CRPH နဲ့ ယုံကြည်ရသူတွေဆီကရပါလိမ့်မယ်။
ပစ်ခတ်သံကြားရင် အိမ်အတွင်းခန်းမှာခိုအောင်းပါ၊အသံရပ်ဆဲမှ ဖုန်းဆက်မေးပါ၊ဖုန်းလိုင်းဖြတ်တောက်ထားပါက အိမ်နီးနားချင်းအားမေးပါ၊သတင်းကိုအတည်ပြုပါ၊ကောလဟာလ ဝါဒဖြန့်တာတွေကို ရမ်းမယုံပါနှင့်၊9 Band radio တစ်လုံးဆောင်ထားပါ၊ကလေးသူငယ်များအား ရိုက်နှက်ခြိမ်းခြောက်ခြင်းမပြုပဲ ချော့မော့ပါ၊အသံမထွက်ပါစေနှင့်။
ဒလန်ဟုသံသယရှိသူများအား စာရင်းချရေးမှတ်ထားခြင်းမျိုးမပြုလုပ်ပဲ အလွတ်ကျက်ထားပေးပါ၊ပြောက်ကျားစနစ်စတင်နေပါပြီ။ပြီးလျှင် ငြိမ်းချမ်းရေးတပ်ဖွဲ့များရောက်လာပါမည်၊ခန့်မှန်းကာလ ၃ပတ်ကြာမြင့်နိုင်ပါသည်။
စစ်ကောင်စီအုပ်စုမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစရာတခုမှ မရှိအောင်ဂရုစိုက်ကာကွယ်ပေးသွားပါမယ် စေတနာထားရင် ထမင်းကျွေးပါ ရေတိုက်ပါ ဒါကလွဲပြီး ပြည်သူတပ်မတော် ဘာမှမမျှော်လင့်ထားပါ အဆန်ခရီးမို့ ဝေစုလှော်တက်တချောင်းစီယူပေးပါ
Gzတော်လှန်ရေးတပ်ဦး သတင်းနှင့်ပြန်ကြားရေးရဲဘော်အောင်ကောင်းထက် စုံစမ်းမေးမြန်းခြင်းသည်းခံပါ CRD