ေမြးဖြားသည့္အခ်ိန္မွစ၍ ဘဝတေလၽွာက္လုံး စ.စ္ေျပးဘဝျဖင့္သာ ျဖတ္သန္းေနရသည့္အဖြားအို

ေမြးဖြားသည့္အခ်ိန္မွစ၍ ဘဝတေလၽွာက္လုံး စ.စ္ေျပးဘဝျဖင့္သာ ျဖတ္သန္းေနရသည့္အဖြားအို

သခင္စိတ္ႏွင့္ကၽြန္စိတ္

သူ႔နာမည္က ဖီးဝါးပါ။သူ႔အသက္ကေတာ့ (၇၀) ေက်ာ္လာပါၿပီး။သို႔ေသာ္ ယေန႔အခ်ိန္ထိ ဗမာစစ္သားေတြရဲ့ သ.တ္.ျဖ.တ္မႈမွလြတ္ေျမာက္ရန္ စ.စ္ေျပးေနရတုန္းပါ။

သူ႔ကို ေမြးဖြားသည့္အခ်ိန္မွစ၍ ဘဝတေလၽွာက္လုံး စ.စ္ေျပးဘဝျဖင့္သာ ျဖတ္သန္းေနရသည္။ယခုလည္း အၾက.မ္းဖ.က္.စ.စ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားက သူတို႔ေက်းရြာဘက္သို႔ ေန႔စဥ္ဗုံ.းၾကဲတို.က္ခိုက္ျခင္းေၾကာင့္ စ.စ္ေျပးေနရသည္မွာ တလေက်ာ္ေနၿပီးျဖစ္သည္။

ဗမာစ.စ္ေလယာဥ္ေတြ မလာေတာ့ဘူးဆိုပါက သူ႔အိမ္သို႔ျပန္သြားရန္ အေျခအေနၾကည့္၍ ေန႔စဥ္ေစာင့္ေနလ်က္ရွိသည္။တကယ္ေတာ့ သူမဘဝကရိုးရွင္းပါတယ္။

ေက်ာင္းမတက္ရပါ၊ စာမဖတ္တတ္ပါ၊ မည္သည့္နိုင္ငံသားမွတ္ပုံတင္မွမရွိပါ၊ မည္သည့္ပါတ္စပို႔မွမရွိပါ၊ ဘာစည္းစိမ္ဥစၥာမရွိဘဲ တေန႔လုပ္မွတေန႔ စားဘဝပါ၊ ဘာကိုမွမက္ေမာလိုစိတ္မရွိပါ၊ သစ္ရြက္မိုးထားသည့္ ဝါးအိမ္ျဖင့္သာေနထိုင္သည္။

ထိုသို႔ျဖစ္ရျခင္းမွာလည္း အေၾကာင္းရွိသည္။ အထူးသျဖင့္ ၁၉၉၀ ေက်ာ္ကာလမွ ၂၀၁၀ ဝန္းက်င္အထိ ဗမာစ.စ္သားမ်ားက သူတို႔၏ေနအိမ္မ်ား၊ ေက်းရြာမ်ား၊ေတာင္ရာမ်ားကို

တႏွစ္အတြင္း (၂) ႀကိမ္၊(၃) ႀကိမ္ခန႔္ လာေရာက္မီးရွို႔ဖ်.က္ဆီးသည့္ အေတြ႕အၾကဳံမ်ားေၾကာင့္ စည္းစိမ္ဥစၥာထက္ အသ.က္ေဘ.းမွလြတ္ေျမာက္ေရးကိုသာ အျမဲအဆင္သင့္ ရွိေနရပါသည္။

ထို႔ေၾကာင့္ သူမအေနျဖင့္ စည္းစိမ္ဥစၥာျဖင့္ ဇိမ္ခံေရးထက္ ေအးခ်မ္းစြာေနထိုင္နိုင္ေရးကိုသာ လိုလားသည္။စ.စ္ေျပးရသူအခ်င္းခ်င္း သံလြင္ျမစ္ကမ္းတေနရာတြင္ဆုံၾကေသာအခါ သူမႏွင့္စကားစျမည္ေျပာျဖစ္သည္။

ထိုအခါ သူမ၏စိတ္ဓာတ္ကို တကယ္ပင္အသိအမွတ္ျပဳ ေလးစားရသည္။လူငယ္ျဖစ္ေသာကိုယ္က ဘဝတေလၽွာက္ စစ္ေျပးေနရေသာသူမကို အားမလိုအားမရျဖင့္ ထိုင္းနိုင္ငံဘက္တြင္ ဖြင့္ထားေသာ ကရင္စစ္ေဘးဒုကၡသည္စခန္းမ်ားတြင္ ဘာေၾကာင့္ ေအးေအးေဆးေဆးသြားမေနတာလဲ?

ဖြံ့ၿဖိဳးတိုးတက္လ်က္ရွိေသာ အေမရိက၊ဥေရာပနိုင္ငံမ်ားက ဒုကၡသည္မ်ားကိုေခၚေတာ့ ဘာလို႔ သြားဖို႔မလုပ္တာလဲ? ဟိုမွာဆို ေအးေဆးေနရမွာေပါ့၊ အာမခံခ်က္လည္းရွိတယ္၊ ေထာက္ပံ့မႈလည္းေပးတယ္ စသည္ျဖင့္ အားမနာဘဲ တရစပ္ေမးခြန္းေမးမိသည္။

ထိုအခါ သူမက ျပဳံးျပဳံးျဖင့္ အဲ့လိုမ်ိဳးေတြလုပ္ဖို႔ မိသားစုအ တြင္းမွာေရာ ပတ္ဝန္းက်င္မွာမွာ ခဏ ခဏေခၚသည္၊တိုက္တြန္းသည္။သို႔ေသာ္ သူမလုပ္ခဲ့ပါ။

သူမဆက္ေျပာလိုက္သည္မွာ ဒုကၡသည္စခန္းမ်ားတြင္ သြားေနမည္ဆိုပါက ထိုင္းနိုင္ငံက ငါတို႔ကိုႏွိမ္မည္ျဖစ္သလို နိုင္ငံ တကာကလည္း ငါတို႔ကို ႏွိမ္မည္ျဖစ္သည္။

ဘဝတေလၽွာက္လုံး ဗမာေတြရဲ့ဖိႏွိပ္အနိုင္က်င့္မႈကို ခံေနရၿပီးျဖစ္သည့္အတြက္ ထိုင္းနိုင္ငံႏွင့္ နိုင္ငံတကာတို႔၏ႏွစ္ထပ္ကြမ္း၊သုံးထပ္ကြမ္း ထပ္ၿပီးဖိႏွိပ္မႈအတြက္ ထပ္မခံခ်င္ေတာ့လို႔ ထိုေနရာမ်ားသို႔ မသြားတာပါ။

ေနာက္ၿပီး ထိုကဲ့သို႔ထြက္သြားလိုက္မည္ဆိုပါက ငါတို႔ေနရာကို ဗမာေတြလာလုယူမယ္၊လာေနမယ္၊ငါတို႔ဘိုးဘြားပိုင္ေျမေတြ ေပ်ာက္ဆုံးမယ္၊ရန္သူလက္ထဲက်မယ္။အဲ့ဒါေၾကာင့္ မသြားတာပါတဲ့။

သူမ်ားေျမမွာ မ်က္ႏွာ ငယ္ေလးနဲ႔ သက္ေသာင့္သက္သာစြာ ဇိမ္နဲ႔ေနရျခင္းထက္ ကိုယ့္ဘိုးဘြားေတြေပးထားသည့္ ဤေမြးရပ္ေျမမွာပဲေနၿပီး ေသရတာက ပိုၿပီးဂုဏ္ရွိပါတယ္။

ဒီေျမဟာ ငါတို႔ရဲ့ဘိုးဘြားပိုင္တဲ့ ငါတို႔ရဲ့ေျမျဖစ္တဲ့အတြက္ မည္သည့္အေၾကာင္းနဲ႔မွ ကိုယ့္အိမ္ေပၚကဆင္း၊ကိုယ့္ဘိုးဘြားအေမြစြန႔္ၿပီး အိမ္ယာမဲ့ဘဝကို ခံယူစရာအေၾကာင္းမရွိပါ။

ကိုယ္နဲ႔ဆိုင္တဲ့ကိုယ့္အိမ္ကို စြန႔္လႊတ္စရာအေၾကာင္းလည္း မရွိပါ။တကယ္တမ္း တျခားကမၻာမွာ သြားေနသင့္သူက ကိုယ္ေတြမဟုတ္ပါတဲ့။

သူမစကားဆုံးသြားသည့္အခ်ိန္တြင္ သူမ၏စိတ္ဓာတ္ကို နား လည္လိုက္သည္။ တကယ္ေတာ့ ဖီးဝါး၏ပိုင္ဆိုင္မႈဆိုတာ စ.စ္ေျပးျခင္းေတာင္းတလုံးပဲရွိတာပါ။

ျခင္းေတာင္းထဲမွာ ကြမ္းထုပ္၊ ယကရင္သင္တိုင္းရွည္(၂)ထည္၊ပုခက္(၁)လုံး၊မိုးကာ(၁)လက္၊ေရေႏြးအိုး(၁)လုံး၊အိုးေသး(၁)လုံးနဲ႔ ရိကၡာေျခာက္ နည္းနည္းပဲရွိတာပါ။ သို႔ေသာ္ သူမသည္ သခင္စိတ္အျပည့္ရွိသူတဦးျဖစ္သည္။

သူ႔ဆီမွာ သင္ခန္းစာရသည့္အရာတခုမွာ သခင္စိတ္ႏွင့္ကၽြန္စိတ္သည္ ကိုယ့္ေျမ၊ ကိုယ့္ယာ၊ ကိုယ့္ေနရာကို ျမတ္နိုးတန္ဖိုးထား ထိန္းသိမ္းသည့္စိတ္ႏွင့္သာဆိုင္သည္ ဟူ၍ျဖစ္သည္။credit

unicode

မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စစ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည့်အဖွားအို
May 2, 2021admin
Unicode

မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စ.စ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည့်အဖွားအို

သခင်စိတ်နှင့်ကျွန်စိတ်

သူ့နာမည်က ဖီးဝါးပါ။သူ့အသက်ကတော့ (၇၀) ကျော်လာပါပြီး။သို့သော် ယနေ့အချိန်ထိ ဗမာစစ်သားတွေရဲ့ သ.တ်.ဖြ.တ်မှုမှလွတ်မြောက်ရန် စ.စ်ပြေးနေရတုန်းပါ။

သူ့ကို မွေးဖွားသည့်အချိန်မှစ၍ ဘဝတလျှောက်လုံး စ.စ်ပြေးဘဝဖြင့်သာ ဖြတ်သန်းနေရသည်။ယခုလည်း အကြ.မ်းဖ.က်.စ.စ်ကောင်စီ၏ တိုက်လေယာဉ်များက သူတို့ကျေးရွာဘက်သို့ နေ့စဉ်ဗုံ.းကြဲတို.က်ခိုက်ခြင်းကြောင့် စ.စ်ပြေးနေရသည်မှာ တလကျော်နေပြီးဖြစ်သည်။

ဗမာစ.စ်လေယာဉ်တွေ မလာတော့ဘူးဆိုပါက သူ့အိမ်သို့ပြန်သွားရန် အခြေအနေကြည့်၍ နေ့စဉ်စောင့်နေလျက်ရှိသည်။တကယ်တော့ သူမဘဝကရိုးရှင်းပါတယ်။

ကျောင်းမတက်ရပါ၊ စာမဖတ်တတ်ပါ၊ မည်သည့်နိုင်ငံသားမှတ်ပုံတင်မှမရှိပါ၊ မည်သည့်ပါတ်စပို့မှမရှိပါ၊ ဘာစည်းစိမ်ဥစ္စာမရှိဘဲ တနေ့လုပ်မှတနေ့ စားဘဝပါ၊ ဘာကိုမှမက်မောလိုစိတ်မရှိပါ၊ သစ်ရွက်မိုးထားသည့် ဝါးအိမ်ဖြင့်သာနေထိုင်သည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း အကြောင်းရှိသည်။ အထူးသဖြင့် ၁၉၉၀ ကျော်ကာလမှ ၂၀၁၀ ဝန်းကျင်အထိ ဗမာစ.စ်သားများက သူတို့၏နေအိမ်များ၊ ကျေးရွာများ၊တောင်ရာများကို

တနှစ်အတွင်း (၂) ကြိမ်၊(၃) ကြိမ်ခန့် လာရောက်မီးရှို့ဖျ.က်ဆီးသည့် အတွေ့အကြုံများကြောင့် စည်းစိမ်ဥစ္စာထက် အသ.က်ဘေ.းမှလွတ်မြောက်ရေးကိုသာ အမြဲအဆင်သင့် ရှိနေရပါသည်။

ထို့ကြောင့် သူမအနေဖြင့် စည်းစိမ်ဥစ္စာဖြင့် ဇိမ်ခံရေးထက် အေးချမ်းစွာနေထိုင်နိုင်ရေးကိုသာ လိုလားသည်။စ.စ်ပြေးရသူအချင်းချင်း သံလွင်မြစ်ကမ်းတနေရာတွင်ဆုံကြသောအခါ သူမနှင့်စကားစမြည်ပြောဖြစ်သည်။

ထိုအခါ သူမ၏စိတ်ဓာတ်ကို တကယ်ပင်အသိအမှတ်ပြု လေးစားရသည်။လူငယ်ဖြစ်သောကိုယ်က ဘဝတလျှောက် စစ်ပြေးနေရသောသူမကို အားမလိုအားမရဖြင့် ထိုင်းနိုင်ငံဘက်တွင် ဖွင့်ထားသော ကရင်စစ်ဘေးဒုက္ခသည်စခန်းများတွင် ဘာကြောင့် အေးအေးဆေးဆေးသွားမနေတာလဲ?

ဖွံ့ဖြိုးတိုးတက်လျက်ရှိသော အမေရိက၊ဥရောပနိုင်ငံများက ဒုက္ခသည်များကိုခေါ်တော့ ဘာလို့ သွားဖို့မလုပ်တာလဲ? ဟိုမှာဆို အေးဆေးနေရမှာပေါ့၊ အာမခံချက်လည်းရှိတယ်၊ ထောက်ပံ့မှုလည်းပေးတယ် စသည်ဖြင့် အားမနာဘဲ တရစပ်မေးခွန်းမေးမိသည်။

ထိုအခါ သူမက ပြုံးပြုံးဖြင့် အဲ့လိုမျိုးတွေလုပ်ဖို့ မိသားစုအ တွင်းမှာရော ပတ်ဝန်းကျင်မှာမှာ ခဏ ခဏခေါ်သည်၊တိုက်တွန်းသည်။သို့သော် သူမလုပ်ခဲ့ပါ။

သူမဆက်ပြောလိုက်သည်မှာ ဒုက္ခသည်စခန်းများတွင် သွားနေမည်ဆိုပါက ထိုင်းနိုင်ငံက ငါတို့ကိုနှိမ်မည်ဖြစ်သလို နိုင်ငံ တကာကလည်း ငါတို့ကို နှိမ်မည်ဖြစ်သည်။

ဘဝတလျှောက်လုံး ဗမာတွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရပြီးဖြစ်သည့်အတွက် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာတို့၏နှစ်ထပ်ကွမ်း၊သုံးထပ်ကွမ်း ထပ်ပြီးဖိနှိပ်မှုအတွက် ထပ်မခံချင်တော့လို့ ထိုနေရာများသို့ မသွားတာပါ။

နောက်ပြီး ထိုကဲ့သို့ထွက်သွားလိုက်မည်ဆိုပါက ငါတို့နေရာကို ဗမာတွေလာလုယူမယ်၊လာနေမယ်၊ငါတို့ဘိုးဘွားပိုင်မြေတွေ ပျောက်ဆုံးမယ်၊ရန်သူလက်ထဲကျမယ်။အဲ့ဒါကြောင့် မသွားတာပါတဲ့။

သူများမြေမှာ မျက်နှာ ငယ်လေးနဲ့ သက်သောင့်သက်သာစွာ ဇိမ်နဲ့နေရခြင်းထက် ကိုယ့်ဘိုးဘွားတွေပေးထားသည့် ဤမွေးရပ်မြေမှာပဲနေပြီး သေရတာက ပိုပြီးဂုဏ်ရှိပါတယ်။

ဒီမြေဟာ ငါတို့ရဲ့ဘိုးဘွားပိုင်တဲ့ ငါတို့ရဲ့မြေဖြစ်တဲ့အတွက် မည်သည့်အကြောင်းနဲ့မှ ကိုယ့်အိမ်ပေါ်ကဆင်း၊ကိုယ့်ဘိုးဘွားအမွေစွန့်ပြီး အိမ်ယာမဲ့ဘဝကို ခံယူစရာအကြောင်းမရှိပါ။

ကိုယ်နဲ့ဆိုင်တဲ့ကိုယ့်အိမ်ကို စွန့်လွှတ်စရာအကြောင်းလည်း မရှိပါ။တကယ်တမ်း တခြားကမ္ဘာမှာ သွားနေသင့်သူက ကိုယ်တွေမဟုတ်ပါတဲ့။

သူမစကားဆုံးသွားသည့်အချိန်တွင် သူမ၏စိတ်ဓာတ်ကို နား လည်လိုက်သည်။ တကယ်တော့ ဖီးဝါး၏ပိုင်ဆိုင်မှုဆိုတာ စ.စ်ပြေးခြင်းတောင်းတလုံးပဲရှိတာပါ။

ခြင်းတောင်းထဲမှာ ကွမ်းထုပ်၊ ယကရင်သင်တိုင်းရှည်(၂)ထည်၊ပုခက်(၁)လုံး၊မိုးကာ(၁)လက်၊ရေနွေးအိုး(၁)လုံး၊အိုးသေး(၁)လုံးနဲ့ ရိက္ခာခြောက် နည်းနည်းပဲရှိတာပါ။ သို့သော် သူမသည် သခင်စိတ်အပြည့်ရှိသူတဦးဖြစ်သည်။

သူ့ဆီမှာ သင်ခန်းစာရသည့်အရာတခုမှာ သခင်စိတ်နှင့်ကျွန်စိတ်သည် ကိုယ့်မြေ၊ ကိုယ့်ယာ၊ ကိုယ့်နေရာကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းသည့်စိတ်နှင့်သာဆိုင်သည် ဟူ၍ဖြစ်သည်။credit

 

Leave a Comment