“ခင်ပွန်းဆုံးပါးသွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂမြန်မာအမျိုးသမီး”

ခင်ပွန်းဆုံးပါးသွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂအမျိုးသမီးတစ်ဦးအကြောင်းကို ပြန်လည်ဖော်ပြမျှဝေပေးလိုက်ရပါတယ်…အားပေးစကားလေး ဆိုခဲ့ပေးကြပါအုံး…“

ယနေ့ခေတ်မှာ မိန်းမသားတွေဟာလည်းပဲ ယောက်ကျားတွေနည်းတူ အလုပ်အကိုင်တွေ တန်းတူလုပ်ကိုင်လာကြပါတယ်..ဒါပေမယ့် မိန်းကလေး တက္ကစီမောင်းသူဆိုတာတော့ ရှားပါလိမ့်မယ်

ဒီထဲမှာမှာ ခင်ပွန်းသည်မရှိတော့လို့ တက္ကစီမောင်းပြီး မိသားစုကိုတာဝန်ယူထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့မမိမိပြုံးဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်….ခင်ပွန်းဆုံးပါးသွားပြီးနောက်ပိုင်းမှာ

တက္ကစီမောင်းခဲ့ပြီးတော့ကလေးတွေကို ရှာကျွေးလာတာ ၆ နှစ်ခန့်ရှိပြီလို့ သိရပါတယ်…အမျိုးသားတက္ကစီမောင်းသူတွေများတဲ့ထဲမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ တက္ကစီမောင်းရတာ လွယ်တော့မလွယ်ပါဘူး…

ဒါပေမယ့် မိမိသားသမီးတွေအတွက် အခက်အခဲတွေ ဘယ်လောက်ရင်ဆိုင်ရပါစေ သမ္မာအာဇီဝအလုပ်ကို လုပ်နိုင်တဲ့မမိမိပြုံးရဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါ…ဒါကြောင့် ပရိသတ်ကြီးတို့လည်း မိန်းမသားပေမဲ့ တက္ကစီမောင်းပြီး ဘဝကိုကျော်ဖြတ်နေတဲ့ မမိမိပြုံးကို ချီးကျူးအားပေးစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်

unicode