မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕ရွိ ေက်ာက္ဆည္တကၠသိုလ္အနီး ေတာမရြာမွာ တ႐ုတ္ဓာတ္ေငြ႕ပိုက္လိုင္းကို လုံျခဳံေရးယူေနတဲ့ အၾကမ္းဖက္စစ္အုပ္စုကို ေမ ၅ ရက္ မနက္ ၅ နာရီေလာက္မွာ အမည္မသိလူတစ္စုက ဓားေတြနဲ႔ ဝင္ခုတ္ရာ ၃ ဦး ပြဲခ်င္းၿပီးေသဆုံးသြားတယ္လို႔ သိရပါတယ္။
က်န္စစ္အုပ္စုအဖြဲ႕ဝင္ေတြကေတာ့ ေသနတ္ပစ္ေဖာက္ၿပီး ထြက္ေျပးသြားၾကၿပီး ဒီျဖစ္စဥ္ေၾကာင့္ ေတာမရြာထဲကို စစ္ကားအလုံးအရင္းနဲ႔ ဝင္ေရာက္စီးနင္းရွာေဖြေနၿပီလို႔ ရြာခံေတြက ေျပာပါတယ္။
ေတာမရြာက ဒလန္ေတြကိုလည္း အၾကမ္းဖက္စစ္သားေတြက “ ဒီလိုလာသတ္သြားတဲ့သူကို မသိရေကာင္းလား” ဆိုၿပီး ေသနတ္ဒင္နဲ႔ ထုသြားတယ္လို႔ မ်က္ျမင္ရြာသားေတြက ေျပာပါတယ္။
ဒါ့အျပင္ ေတာမရြာက ပညာနန္းေတာ္ က်ဴရွင္ဆရာ ဦးမ်ိဳးမင္းေသာ္ရဲ့ ေနအိမ္ကို ဝင္ေရာက္ ဖ်က္ဆီးသြားၿပီး ပစၥည္းအခ်ိဳ႕ကို လုယက္ယူငင္သြားၾကပါတယ္။
“ဒါေပမဲ့ ဆရာကိုေတာ့ အၾကမ္းဖက္ေတြ မိမသြားဘူးလို႔သိရပါတယ္။ အကယ္၍ ဆရာ့ကို ေတြ႕ခဲ့ရင္ တစ္ခါထဲ ပစ္သတ္မယ္လို႔ ႀကိမ္းသြားတယ္” လို႔ ရြာသားတစ္ဦးက ေျပာျပပါတယ္။
ဒီေန႔ မနက္ ၁၁ နာရီေက်ာ္အထိ ရြာထဲမွာ ေသနတ္ပစ္ေဖာက္ေနၾကဆဲလို႔ သိရပါတယ္။ ေက်ာက္ဆည္ တကၠသိုလ္ေက်ာင္းဝင္းထဲက Non CDM ဆရာ ဆရာမေတြနဲ႔ ဝန္ထမ္းေတြကေတာ့ ေသနတ္သံေတြေၾကာင့္ အလြန္စိုးရိမ္ေၾကာက္လန႔္ေနၾကတယ္လို႔ ဆိုပါတယ္။
တ႐ုတ္ဓာတ္ေငြ႕ ပိုက္လိုင္းနဲ႔ စစ္အာဏာရွင္ယႏၲရားကို အသက္သြင္းေပးေနတဲ့ ဆရာ ဆရာမေတြနဲ႔ ဝန္ထမ္းေတြရဲ့ အသက္အႏၲရာယ္ကို အာမမခံေၾကာင္း သတိေပးစာတစ္ေစာင္ မၾကာေသးခင္ ရက္ပိုင္းအတြင္းက ေက်ာက္ဆည္ခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (KDDF)က ထုတ္ျပန္ထားထားပါတယ္။DVB
unicode
မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ကျောက်ဆည်တက္ကသိုလ်အနီး တောမရွာမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို မေ ၅ ရက် မနက် ၅ နာရီလောက်မှာ အမည်မသိလူတစ်စုက ဓားတွေနဲ့ ဝင်ခုတ်ရာ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
ကျန်စစ်အုပ်စုအဖွဲ့ဝင်တွေကတော့ သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးသွားကြပြီး ဒီဖြစ်စဉ်ကြောင့် တောမရွာထဲကို စစ်ကားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေနေပြီလို့ ရွာခံတွေက ပြောပါတယ်။
တောမရွာက ဒလန်တွေကိုလည်း အကြမ်းဖက်စစ်သားတွေက “ ဒီလိုလာသတ်သွားတဲ့သူကို မသိရကောင်းလား” ဆိုပြီး သေနတ်ဒင်နဲ့ ထုသွားတယ်လို့ မျက်မြင်ရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် တောမရွာက ပညာနန်းတော် ကျူရှင်ဆရာ ဦးမျိုးမင်းသော်ရဲ့ နေအိမ်ကို ဝင်ရောက် ဖျက်ဆီးသွားပြီး ပစ္စည်းအချို့ကို လုယက်ယူငင်သွားကြပါတယ်။
“ဒါပေမဲ့ ဆရာကိုတော့ အကြမ်းဖက်တွေ မိမသွားဘူးလို့သိရပါတယ်။ အကယ်၍ ဆရာ့ကို တွေ့ခဲ့ရင် တစ်ခါထဲ ပစ်သတ်မယ်လို့ ကြိမ်းသွားတယ်” လို့ ရွာသားတစ်ဦးက ပြောပြပါတယ်။
ဒီနေ့ မနက် ၁၁ နာရီကျော်အထိ ရွာထဲမှာ သေနတ်ပစ်ဖောက်နေကြဆဲလို့ သိရပါတယ်။ ကျောက်ဆည် တက္ကသိုလ်ကျောင်းဝင်းထဲက Non CDM ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေကတော့ သေနတ်သံတွေကြောင့် အလွန်စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ စစ်အာဏာရှင်ယန္တရားကို အသက်သွင်းပေးနေတဲ့ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အာမမခံကြောင်း သတိပေးစာတစ်စောင် မကြာသေးခင် ရက်ပိုင်းအတွင်းက ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF)က ထုတ်ပြန်ထားထားပါတယ်။DVB