ေႏြးဦးေတာ္လွန္ေရးမွာက်ဆုံးသြားခဲ့တဲ့ သူရဲေကာင္းမင္းျမတ္ပိုင္ အသက္(၁၉)ျပည့္အတြက္ အေမျဖစ္သူရဲ့ရင္တြင္းစကား
“ေမေမ မနက္ျဖန္ သား (19)ႏွစ္ျပည့္ၿပီေနာ္..သားေမြးေန႔မွာလက္ေဆာင္ဘာေပးမွာလဲဟင္´´
ေပ်ာ္ရႊင္ေနတဲ့သားေလးရဲ့မ်က္ႏွာေမေမ မေမ့နိုင္ဘူး“သားေလးလိုခ်င္တာေျပာေလ ေမေမေပးမွာေပါ့ တကယ္လားေမေမ ဒါေၾကာင့္ေမေမ့ကို သားအရမ္းခ်စ္တာေပါ့´´ မႏွစ္က သားေလးေမြးေန႔မေရာက္မွီတစ္ရက္အႀကိဳေျပာခဲ့တဲ့စကားေလး ေမေမ့ရင္ထဲအမွတ္ရေနဆဲပါ…သားေလးေမးေနၾကစကားေလးတစ္ခြန္း“ေမေမ
သားကိုခ်စ္ရဲ့လားတဲ့´´႐ုတ္တရက္ေမးလိုက္တဲ့စကားမို႔က်မမွင္သက္ေနေပမယ့္သားေလးက“ဟာမဟုတ္ပါဘူး သားမွာအစ္ကိုရယ္ ညီေလးရယ္ရွိတာ သားကအလယ္လူေလ´´ …“အခ်ိဳ႕ကေျပာၾကတယ္ အႀကီးဆုံးနဲ႔အငယ္ဆုံးကိုပိုခ်စ္ၾကတယ္လို႔´´ “မဟုတ္ပါဘူး ေမေမကအစ္ကိုနဲ႔ညီေလးေရသားေလးကိုပါအတူတူခ်စ္ခဲ့တာပါ´´က်မအဲလိုေျပာလိုက္ခ်ိန္မွာဝင္းလက္လာတဲ့သားေလးရဲ့မ်က္ႏွာေလးကို ေမေမ မေမ့နိုင္ဘူးကြယ္…
သားေလးေရ မိဘဆိုတာ ကိုယ္ေမြးခဲ့တဲ့ကိုယ့္ရင္ေသြးေလးေတြကိုတန္းတူညီတူခ်စ္ခဲ့တဲ့မိဘေတြခ်ည္းပါဘဲ့ က်မကိုအျမဲခၽြဲႏြဲၿပီးေျပာတတ္တဲ့သားေလးရဲ့စကားသံ အခုဆိုမၾကားရတာၾကာၿပီေပါ့ကြယ္အစ္ကိုက သားေလးကိုညီေလးဆိုၿပီးခ်စ္ ညီေလးကလည္းသားေလးကိုအစ္ကိုဆိုၿပီးခ်စ္ ေဖေဖလည္းခ်စ္ ေမေမလည္းခ်စ္ခဲ့ၿပီး ေပ်ာ္ရႊင္ေနၾကတာအခုေတာ့ သားေလးမရွိလို႔ တိတ္ဆိတ္ေနတဲ့အိမ္ႀကီးကိုသားေလးျမင္ေစခ်င္တယ္ကြယ္…ေမေမ့ကိုအေနာက္ဆုံးေျပာခဲ့တဲ့စကား သားေလးမွတ္မိေနမလား“ေမေမ သားတို႔ေအာင္ျမင္ေတာ့မွာပါ ခနဘဲ့က်န္ေတာ့တယ္ ၿပီးရင္ ေမေမ့ရင္ခြင္ထဲ
သားျပန္ဝင္နားခိုေတာ့မွာပါ အခုေတာ့ သားလိုက္သြားပါရေစဦး´´သားေလးေျပာခဲ့တဲ့စကား ေမေမ့နားထဲနားဝင္မခ်ိဳေပမယ့္ ေမေမ သားေလးရဲ့စိတ္ကိုမတားနိုင္ခဲ့ပါဘူးအဲဒီေန႔က သားေလးလိုက္မသြားခဲ့ရင္အခုလိုျဖစ္မွာမဟုတ္ဘူးကြယ္…ေႏြဦးေတာ္လွန္ေရးမွာ သားေလးက်ဆုံးသြားၿပီဆိုတဲ့သတင္းၾကားခ်ိန္ ေမေမ့ရင္ေတြကြဲ အသဲေတြလည္းေၾကမြခဲ့ပါၿပီသားေလးရယ္ ျပန္မလာနိုင္ေတာ့ဘူးဆိုတာသိရဲ့နဲ႔သားေလးကိုဒီေန႔အထိေစာင့္ေနမိတာေမေမ့အမွားလားကြယ္…
သားေလးရဲ့ ႐ုပ္အေလာင္းနံေဘးမွာေမေမရပ္ေနေပမယ့္သားေလးမျမင္နိုင္ေတာ့ဘူးေနာ္ ေမေမ့ကိုအရမ္းခ်စ္ပါတယ္လို႔ထေျပာပါဦးသားရယ္ ေမေမ့မ်က္ဝန္းကမ်က္ရည္မက်ခဲ့ေပမယ့္ ေမေမ့ႏွလုံးသားက ႏွလုံးေသြးေတြဆူပြက္ေနတာသားေလးျမင္လွဲ႕ပါကြယ္…သားေလးေရ ေမေမ့မ်က္ဝန္းကက်လာတဲ့မ်က္ရည္ေတြကို ေမေမ မသုတ္နိုင္လို႔မ်ားမ်က္ရည္မက်တာလားမသိဘူးေနာ္ ဟုတ္တယ္ က်လာတဲ့မ်က္ရည္သုတ္ဖို႔ေမေမ့လက္ေတြမွာအားမရွိေတာ့ပါဘူး…သားေလးတာဝန္ေက်ပါတယ္ကြယ္ သားေလးနဲ႔အတူတူက်ဆုံးသြားတဲ့သူရဲေကာင္းေတြကို ေမေမေလးစားပါတယ္ ဂုဏ္လည္းယူတယ္သားေလးရယ္..
အသက္မဲ့ေနတဲ့ခႏၶာနဲ႔ ျပဳံးျပေနတဲ့သားေလးရဲ့မ်က္ႏွာ ေမေမဒီတစ္သက္မေမ့ပါဘူး သားေလးေရေမေမ့ရင္ခြင္ကထြက္ခြါသြားတာသားေလးရဲ့ခႏၶာကိုယ္ပါ သားေလးရဲ့ခ်စ္ျခင္းေမတၱာေတြကေမေမတို႔နဲ႔အျမဲထာဝရအတူရွိေနမွာပါကြယ္…ေနာင္ဘဝဆိုတာရွိခဲ့မယ္ဆိုရင္ ေမေမ့ဆီကိုျပန္လာေနာ္ ေမေမႀကိဳေနပါ့မယ္ကြယ္ မနက္ျဖန္ဆိုသားေလး အသက္(20)ျပည့္ေမြးေန႔ေရာက္ၿပီေနာ္“ေမေမ သားကိုလက္ေဆာင္ဘာေပးမွာလဲဟင္´´လို႔ မေမးနိုင္ေတာ့ဘူးေနာ္…
အခုေတာ့ သားေလးခ်စ္တဲ့ ေႏြဦးေတာ္လွန္ေရးကိုလက္တြဲၿပီး သားေလးကိုသိပ္ခ်စ္ခဲ့တဲ့ မိသားစုကိုသားေလးထားခဲ့ရမယ္ဆိုတာႀကိဳသိခဲ့မယ္ဆိုရင္…Ps ေမာင္မင္းျမတ္ပိုင္နဲ႔အတူ ေႏြဦးေတာ္လွန္ေရးတြင္က်ဆုံးသြားေသာ သူရဲေကာင္းမ်ားအားေလးစားဂုဏ္ျပဳလၽွက္…
ေႁခြေပမယ့္လည္း ေဝေနဦးမွာဘဲ့…ခူးေပမယ့္လည္း ဖူးေနဦးမွာဘဲ့…လြင့္ေႂကြပါေစ ရနံ့မေသဘူး…ဒါေပမယ့္လည္းဒီေႏြဦးကိုေတာ့ကမၻာမေၾကဘူး…
unicode
နွေးဦးတော်လှန်ရေးမှာကျဆုံးသွားခဲ့တဲ့ သူရဲကောင်းမင်းမြတ်ပိုင် အသက်(၁၉)ပြည့်အတွက် အမေဖြစ်သူရဲ့ရင်တွင်းစကား
“မေမေ မနက်ဖြန် သား (19)နှစ်ပြည့်ပြီနော်..သားမွေးနေ့မှာလက်ဆောင်ဘာပေးမှာလဲဟင်´´
ပျော်ရွှင်နေတဲ့သားလေးရဲ့မျက်နှာမေမေ မမေ့နိုင်ဘူး“သားလေးလိုချင်တာပြောလေ မေမေပေးမှာပေါ့ တကယ်လားမေမေ ဒါကြောင့်မေမေ့ကို သားအရမ်းချစ်တာပေါ့´´ မနှစ်က သားလေးမွေးနေ့မရောက်မှီတစ်ရက်အကြိုပြောခဲ့တဲ့စကားလေး မေမေ့ရင်ထဲအမှတ်ရနေဆဲပါ…သားလေးမေးနေကြစကားလေးတစ်ခွန်း“မေမေ
သားကိုချစ်ရဲ့လားတဲ့´´ရုတ်တရက်မေးလိုက်တဲ့စကားမို့ကျမမှင်သက်နေပေမယ့်သားလေးက“ဟာမဟုတ်ပါဘူး သားမှာအစ်ကိုရယ် ညီလေးရယ်ရှိတာ သားကအလယ်လူလေ´´ …“အချို့ကပြောကြတယ် အကြီးဆုံးနဲ့အငယ်ဆုံးကိုပိုချစ်ကြတယ်လို့´´ “မဟုတ်ပါဘူး မေမေကအစ်ကိုနဲ့ညီလေးရေသားလေးကိုပါအတူတူချစ်ခဲ့တာပါ´´ကျမအဲလိုပြောလိုက်ချိန်မှာဝင်းလက်လာတဲ့သားလေးရဲ့မျက်နှာလေးကို မေမေ မမေ့နိုင်ဘူးကွယ်…
သားလေးရေ မိဘဆိုတာ ကိုယ်မွေးခဲ့တဲ့ကိုယ့်ရင်သွေးလေးတွေကိုတန်းတူညီတူချစ်ခဲ့တဲ့မိဘတွေချည်းပါဘဲ့ ကျမကိုအမြဲချွဲနွဲပြီးပြောတတ်တဲ့သားလေးရဲ့စကားသံ အခုဆိုမကြားရတာကြာပြီပေါ့ကွယ်အစ်ကိုက သားလေးကိုညီလေးဆိုပြီးချစ် ညီလေးကလည်းသားလေးကိုအစ်ကိုဆိုပြီးချစ် ဖေဖေလည်းချစ် မေမေလည်းချစ်ခဲ့ပြီး ပျော်ရွှင်နေကြတာအခုတော့ သားလေးမရှိလို့ တိတ်ဆိတ်နေတဲ့အိမ်ကြီးကိုသားလေးမြင်စေချင်တယ်ကွယ်…မေမေ့ကိုအနောက်ဆုံးပြောခဲ့တဲ့စကား သားလေးမှတ်မိနေမလား“မေမေ သားတို့အောင်မြင်တော့မှာပါ ခနဘဲ့ကျန်တော့တယ် ပြီးရင် မေမေ့ရင်ခွင်ထဲ
သားပြန်ဝင်နားခိုတော့မှာပါ အခုတော့ သားလိုက်သွားပါရစေဦး´´သားလေးပြောခဲ့တဲ့စကား မေမေ့နားထဲနားဝင်မချိုပေမယ့် မေမေ သားလေးရဲ့စိတ်ကိုမတားနိုင်ခဲ့ပါဘူးအဲဒီနေ့က သားလေးလိုက်မသွားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးကွယ်…နွေဦးတော်လှန်ရေးမှာ သားလေးကျဆုံးသွားပြီဆိုတဲ့သတင်းကြားချိန် မေမေ့ရင်တွေကွဲ အသဲတွေလည်းကြေမွခဲ့ပါပြီသားလေးရယ် ပြန်မလာနိုင်တော့ဘူးဆိုတာသိရဲ့နဲ့သားလေးကိုဒီနေ့အထိစောင့်နေမိတာမေမေ့အမှားလားကွယ်…
သားလေးရဲ့ ရုပ်အလောင်းနံဘေးမှာမေမေရပ်နေပေမယ့်သားလေးမမြင်နိုင်တော့ဘူးနော် မေမေ့ကိုအရမ်းချစ်ပါတယ်လို့ထပြောပါဦးသားရယ် မေမေ့မျက်ဝန်းကမျက်ရည်မကျခဲ့ပေမယ့် မေမေ့နှလုံးသားက နှလုံးသွေးတွေဆူပွက်နေတာသားလေးမြင်လှဲ့ပါကွယ်…သားလေးရေ မေမေ့မျက်ဝန်းကကျလာတဲ့မျက်ရည်တွေကို မေမေ မသုတ်နိုင်လို့များမျက်ရည်မကျတာလားမသိဘူးနော် ဟုတ်တယ် ကျလာတဲ့မျက်ရည်သုတ်ဖို့မေမေ့လက်တွေမှာအားမရှိတော့ပါဘူး…သားလေးတာဝန်ကျေပါတယ်ကွယ် သားလေးနဲ့အတူတူကျဆုံးသွားတဲ့သူရဲကောင်းတွေကို မေမေလေးစားပါတယ် ဂုဏ်လည်းယူတယ်သားလေးရယ်..
အသက်မဲ့နေတဲ့ခန္ဓာနဲ့ ပြုံးပြနေတဲ့သားလေးရဲ့မျက်နှာ မေမေဒီတစ်သက်မမေ့ပါဘူး သားလေးရေမေမေ့ရင်ခွင်ကထွက်ခွါသွားတာသားလေးရဲ့ခန္ဓာကိုယ်ပါ သားလေးရဲ့ချစ်ခြင်းမေတ္တာတွေကမေမေတို့နဲ့အမြဲထာဝရအတူရှိနေမှာပါကွယ်…နောင်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် မေမေ့ဆီကိုပြန်လာနော် မေမေကြိုနေပါ့မယ်ကွယ် မနက်ဖြန်ဆိုသားလေး အသက်(20)ပြည့်မွေးနေ့ရောက်ပြီနော်“မေမေ သားကိုလက်ဆောင်ဘာပေးမှာလဲဟင်´´လို့ မမေးနိုင်တော့ဘူးနော်…
အခုတော့ သားလေးချစ်တဲ့ နွေဦးတော်လှန်ရေးကိုလက်တွဲပြီး သားလေးကိုသိပ်ချစ်ခဲ့တဲ့ မိသားစုကိုသားလေးထားခဲ့ရမယ်ဆိုတာကြိုသိခဲ့မယ်ဆိုရင်…Ps မောင်မင်းမြတ်ပိုင်နဲ့အတူ နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော သူရဲကောင်းများအားလေးစားဂုဏ်ပြုလျှက်…
ခြွေပေမယ့်လည်း ဝေနေဦးမှာဘဲ့…ခူးပေမယ့်လည်း ဖူးနေဦးမှာဘဲ့…လွင့်ကြွေပါစေ ရနံ့မသေဘူး…ဒါပေမယ့်လည်းဒီနွေဦးကိုတော့ကမ္ဘာမကြေဘူး…