ဒီက​ေလးရဲ့ မိခင္ဟာ ဧၿပီ ၁၂ရက္​ေန႔ညတြင္ ​မိုး​ေမာက္ၿမိဳ႕နယ္မွာ

စစ္ပြဲ​ေၾကာင့္ အ​ေမ ​ေခၚဖို႔ မရွိ​ေတာ့တဲ့ (၄)လသား ကေလးငယ္

ဒီက​ေလးရဲ့ မိခင္ဟာ ဧၿပီ ၁၂ရက္​ေန႔ညတြင္ ​မိုး​ေမာက္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ပြားခ်ိန္ ၿမိဳ႕သစ္ ေနအိမ္ထဲလက္နက္ႀကီးက်ၿပီး ​ေပါင္​မွာထိဒဏ္ရာ​ေၾကာင့္ ေသဆုံးခဲ့ရသူပါ။ “ဒီကေလးေလးကို သူ႔အေမဆုံးၿပီး တစ္ပတ္ၾကာတဲ့ထိ ရြာက မထြက္ေျပးရဲလို႔ ဗုံးခိုက်င္းထဲမွာ ထားၿပီးေနခဲ့ရတယ္၊ က်င္းထဲမွာ ျခင္ကိုက္ေတာ့ ျခင္ေဆးေခြထြန္းရတယ္။ အဲ့အနံ့ေတြေၾကာင့္ ကေလးကေခ်ာင္းဆိုးၿပီး ခုထိရင္က်ပ္ေနတာ”ဟု ကေလး၏ အေဒၚကဆိုပါတယ္။

အ​ေမ မပုတု မရွိ​ေတာ့တဲ့ေနာက္ (၄)လသားအရြယ္ သားေလးကို(မပုတုရဲ့ အမႀကီး) ကေလးရဲ့အေဒၚ က ေခၚယူေစာင့္ေရွာက္ထားတယ္လို႔ သိရပါတယ္။ ကေလးရဲ့ ဖခင္ ဦးေအာင္သူၿဖိဳးဟာ ဧရာဝတီတိုင္း ဇာတိဘက္ကျဖစ္ၿပီး ဇာတိကို ခဏျပန္ကာ စီးပြါးရွာသြားမယ္ဆိုၿပီး ခုထိျပန္မလာ​ေသးေၾကာင္းလည္း သိရွိရပါတယ္။

အေဖျဖစ္သူနဲ႔လည္း အခုထိ ထိေတြ႕ခြင့္မရရွိေသးတဲ့ ဒီသားေလး (၄)လသားျပည့္တဲ့ေန႔မွာပဲ စစ္ေၾကာင့္ မိခင္ရင္ခြင္မဲ့ျဖစ္ခဲ့ရၿပီး ကေလးရဲ့ အမည္ေတာင္ အခုထိ မေပးရေသးဘူးဟုလည္း စိတ္မေကာင္းစြာသိရွိရျပန္ပါတယ္။ ကေလးေလးဟာ အလြန္မ်က္နာခ်ိဳၿပီး ဘယ္သူေခၚေခၚ အေပြ႕ခံၿပီး အေတာ္ေလးလိမၼာရွာပါတယ္။ သူ႔ကို ေခၚေပြ႕တဲ့ သူစိမ္းတိုင္းနဲ႔ လည္း တဂ်ီဂ်ီငိုတာမ်ိဳးမရွိပဲ မ်က္နာအလြန္ခ်ိဳပါတယ္။

ျခင္ေဆးေခြအနံ့နဲ႔ ဗုံးခိုက်င္းထဲမွာ ေနခဲ့ရတာေၾကာင့္ ညညဆိုရင္ ရင္က်ပ္ေခ်ာင္းဆိုးတတ္တာကလြဲလို႔ က်န္တာ အားလုံး ေကာင္းမြန္တယ္လို႔ ဆိုပါတယ္။မပုတုက်န္ရစ္ထားခဲ့တဲ့ ဒီသားေလးရဲ့ အနာဂတ္​ေရွ႕​ေရးအတြက္ တစ္ဖက္တစ္လွမ္းက​ေန အမွန္တကယ္လႉဒါန္းလိုပါက ကေလးေလးရဲ့ အုပ္ထိန္းသူ ေဒၚအင္ၾကင္းနဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ လႉဒါန္းေပးနိုင္ၿပီး ဆက္သြယ္ရန္ ဖုန္းအဆက္အသြယ္တခ်ိဳ႕ကို Bhamo Platform ရဲ့ Messenger Box တြင္ လာေရာက္ေမးျမန္းနိုင္​ပါတယ္လို႔ ​ေျပာပါတယ္။။

Source and photo – Bhamo Platform

မပုတု

unicode

စစ်ပွဲ​ကြောင့် အ​မေ ​ခေါ်ဖို့ မရှိ​တော့တဲ့ (၄)လသား ကလေးငယ်

ဒီက​လေးရဲ့ မိခင်ဟာ ဧပြီ ၁၂ရက်​နေ့ညတွင် ​မိုး​မောက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားချိန် မြို့သစ် နေအိမ်ထဲလက်နက်ကြီးကျပြီး ​ပေါင်​မှာထိဒဏ်ရာ​ကြောင့် သေဆုံးခဲ့ရသူပါ။ “ဒီကလေးလေးကို သူ့အမေဆုံးပြီး တစ်ပတ်ကြာတဲ့ထိ ရွာက မထွက်ပြေးရဲလို့ ဗုံးခိုကျင်းထဲမှာ ထားပြီးနေခဲ့ရတယ်၊ ကျင်းထဲမှာ ခြင်ကိုက်တော့ ခြင်ဆေးခွေထွန်းရတယ်။ အဲ့အနံ့တွေကြောင့် ကလေးကချောင်းဆိုးပြီး ခုထိရင်ကျပ်နေတာ”ဟု ကလေး၏ အဒေါ်ကဆိုပါတယ်။

အ​မေ မပုတု မရှိ​တော့တဲ့နောက် (၄)လသားအရွယ် သားလေးကို(မပုတုရဲ့ အမကြီး) ကလေးရဲ့အဒေါ် က ခေါ်ယူစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ကလေးရဲ့ ဖခင် ဦးအောင်သူဖြိုးဟာ ဧရာဝတီတိုင်း ဇာတိဘက်ကဖြစ်ပြီး ဇာတိကို ခဏပြန်ကာ စီးပွါးရှာသွားမယ်ဆိုပြီး ခုထိပြန်မလာ​သေးကြောင်းလည်း သိရှိရပါတယ်။

အဖေဖြစ်သူနဲ့လည်း အခုထိ ထိတွေ့ခွင့်မရရှိသေးတဲ့ ဒီသားလေး (၄)လသားပြည့်တဲ့နေ့မှာပဲ စစ်ကြောင့် မိခင်ရင်ခွင်မဲ့ဖြစ်ခဲ့ရပြီး ကလေးရဲ့ အမည်တောင် အခုထိ မပေးရသေးဘူးဟုလည်း စိတ်မကောင်းစွာသိရှိရပြန်ပါတယ်။ ကလေးလေးဟာ အလွန်မျက်နာချိုပြီး ဘယ်သူခေါ်ခေါ် အပွေ့ခံပြီး အတော်လေးလိမ္မာရှာပါတယ်။ သူ့ကို ခေါ်ပွေ့တဲ့ သူစိမ်းတိုင်းနဲ့ လည်း တဂျီဂျီငိုတာမျိုးမရှိပဲ မျက်နာအလွန်ချိုပါတယ်။

ခြင်ဆေးခွေအနံ့နဲ့ ဗုံးခိုကျင်းထဲမှာ နေခဲ့ရတာကြောင့် ညညဆိုရင် ရင်ကျပ်ချောင်းဆိုးတတ်တာကလွဲလို့ ကျန်တာ အားလုံး ကောင်းမွန်တယ်လို့ ဆိုပါတယ်။မပုတုကျန်ရစ်ထားခဲ့တဲ့ ဒီသားလေးရဲ့ အနာဂတ်​ရှေ့​ရေးအတွက် တစ်ဖက်တစ်လှမ်းက​နေ အမှန်တကယ်လှူဒါန်းလိုပါက ကလေးလေးရဲ့ အုပ်ထိန်းသူ ဒေါ်အင်ကြင်းနဲ့ တိုက်ရိုက်ချိတ်ဆက် လှူဒါန်းပေးနိုင်ပြီး ဆက်သွယ်ရန် ဖုန်းအဆက်အသွယ်တချို့ကို Bhamo Platform ရဲ့ Messenger Box တွင် လာရောက်မေးမြန်းနိုင်​ပါတယ်လို့ ​ပြောပါတယ်။။

Source and photo – Bhamo Platform

မပုတု