Credit
unicode
Gameဆော့တဲ့လက်တွေကမောင်းပြန်လဲ ကိုင်နိင်ကြတယ်
နေမွန်းတည့်မှ အိပ်ယာထတဲ့ကောင်တွေက၅နာရီထိုးတာနဲ့ အပြေးအလွှားလေ့ကျင့်နေတယ်
ပါးစပ်ကလည်းဘာလိုချင်လဲ ဒီမိုကရေစီဘယ်သူ့အတွက်လဲ ပြည်သူအတွက်ပဲ ဆိုပြီးဟစ်ကြွေး ပြေးနေကြတယ်
အိမ်မှာကူဖော်လောင်ဖက်မရတဲ့ကောင်တွေကဘယ်သူတစ်ဦးတစ်ယောက်မှ မတိုက်တွန်းဘဲကိုယ်ပိုင်အသိ ကိုယ်ပိုင်ညဏ်နဲ့ တိုင်းပြည်ကိုထမ်းတင်နေကြတယ်
ငါးဟင်းဆိုမစားနိင်ဘူးဆိုတဲ့ကောင်တွေကငါးသေတ္တာ ရွှေဖရုံသီး က ဟင်းကောင်းဖြစ်မှန်းမသိဖြစ်လာတယ်
နေပူတယ်အပြင်မသွားဘူးဆိုတဲ့ကောင်တွေကအမိုးအကာမရှိ နေပူပူကွင်းပြင်လယ်မှာ မောင်းတင်နေကြတယ် ဒိုက်ထိုးကျင့်နေကြတယ်
မိုးချိန်းရင်နေစရာမရှိတဲ့သူတွေကလည်းမိုးရေထဲလျှပ်စီးတွေထဲ လေ့ကျင့်နေကြတယ်
ကျောခင်းယုံအိပ်ယာမှာ ခြင်ကိုက်လို့မသေဘူးမနက်အတွက်အားပြည့်မှဖြစ်မယ် အိပ်ပျော်အောင်အိပ်မယ်တဲ့
ဘာလုပ်နေလဲမေးရင်လေ့ကျင့်နေတယ် လို့ဖြေတယ်
ဘာလုပ်ဖို့လဲမေးရင်တိုက်ပွဲဝင်ဖို့တဲ့ဘယ်သူအတွက်လဲမေးရင်တိုင်းပြည်အတွက် အနာဂတ်အတွက် နောက်မျိုးဆက်အတွက်တဲ့
ဘာစိတ်ဓာတ်လဲမေးရင်စွန့်လွှတ်စိတ်ဓာတ် စွန့်စားစိတ်ဓာတ်
အရေးတော်ပုံအောင်ရမည်
စစ်အာဏာရှင်စနစ်အလိုမရှိ
Credit