ဆရာလေး သောမာထေရီ
သူမ မ်က်နွာကြည္လင္ပ၍
သော်တာစန်းလ
ရှိနေတာကြောင့်
သောမာထေရီ ဘိက္ခုနီဟု
🙏🙏🙏🙏🙏
မေတ္တာဖြင့်
unicode
အဆိုတော်မေသက်ထားဆွေ ရာသက်ပန် သာသနာ့ဘောင်သို့ ဝင်ရောက်
ဓမ္မမိတ်ဆွေနိုင်ငံကျော်အဆိုတော် မေသက်ထားဆွေ မြင့်မြတ်သည့် သာသနာ့နွယ်ဝင်သီလရှင် အဖြစ်သို့
ရာသက်ပန်အပြီးတိုင် ဝင်ရောက်သွားသည့် စွန့်လွှတ်ပြတ်သားသည့် ကုသိုလ်စိတ်အား
သူမ၏ချစ်သောပရိတ်သတ်များနဲ့ ဓမ္မမိတ်ဆွေများ၊ ဗောဓိဟိတကာရီ
သာသနာပြုအဖွဲ့ ဝင်များ အံ့ဩဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ကြပါစေ။
(ဆရာလေး၏စွန့်လွှတ်ပြတ်သားသည့်ကုသိုလ်စိတ် အား ထပ်ဆင့်မျှဝေကုသိုလ်ယူကြပါ)
ဗောဓိရိပ်ငြိမ်တောရဆရာတော်ကြီး၏ မေတ္တာရိပ်ဝယ် အဓိဌာန်တစ်ခု(၉)ရက်ပြုကျင့်၍ ပြည့်ဝခဲ့ပြီး ခိုင်မာပြတ်သား၍
လောကီကျော်ကြားဂုဏ်ပကာသနများစွာကိုစွန့်လွတ်စိတ်အပြည့်ဖြင့်စွန့်လွှတ်ပြီး
လူ့ဘဝမှ မြင့်မြတ်သည့်သီလရှင်ဘဝကိုရာသက်ပန် ဝတ်ရန် သန္နိဌာန်ချ၍
တရားဘာဝနာအားထုတ်၍ကြိုးပမ်းမှုအား မယုံကြည်နိုင်လောက်အောင်အံ့ဩမိပါတယ်။
🙏ဗောဓိရိပ်ငြိမ်တောရဆရာတော်ကြီး၏အဆုံးအမ🙏
လှမ်းတော့နန်းဆီအိုယောဂီ
တစ်နေဝင် တစ်နေထွက်ရယ်ဖြင့်
မသေခင် အကြွေဆက်ပါလို့
သေရက္ကိုတဲ့ နီးခဲ့ပါပြီ။
မှောင်တဏှာ ဖော်အများတွေနဲ့
ရှောင်မခွာ သေသွားရင်ဖြင့်
နောင်အခါလားလိမ့် အပါယ်ဆီ။
နှိပ်စက်ခံ ရုပ်နာမ်တရားကိုလည်
ချိတ်ဆက်ဉာဏ် ဖြစ်ပျက်ပွားလျှင်ဖြင့်
နိဗ္ဗာန်တံခါး ပွင့်တော့မည်။
ဖြစ်ပျက်မြင်လမ်း နိဗ္ဗာန်နန်း
လှမ်းဖို့သင့်ပြီ အိုယောဂီ။
ဆရာလေး သောမာထေရီ
သူမ မ်က်နွာကြည္လင္ပ၍
သော်တာစန်းလ
လပြည့်ညသို့ အေးမြကြည်
ရှိနေတာကြောင့်
သောမာထေရီ ဘိက္ခုနီဟု
ဘွဲ့မည်နာမပေးရသည်ဟု မိမိထင်မိပါတယ်။
ဆရာလေးသောမာထေရီ (ခ) မေသက်ထားဆွေ
တရားထူးတရားမြတ်ရရှိပါစေ။
စွန့်၍လည်းစွမ်းပါစေ၊ငြိမ်းအေးပါစေ။
ဆရာလေး ထာဝစဉ်အေးချမ်းပါစေ
🙏🙏🙏🙏🙏
မေတ္တာဖြင့်
အောင္ဘိုဘို(ဆုလာဘ္ပိုင်)