တလုပ္ေက်းရြာတြင္ ယမန္ေန႔ အဖမ္းခံရသည့္ ေက်ာင္းသား ေမာင္ဇင္ကိုထြန္း စစ္ေၾကာေရးတြင္

ျမင္းၿခံ တလုပ္ေက်းရြာတြင္ ယမန္ေန႔ အဖမ္းခံရသည့္ ေက်ာင္းသား ေမာင္ဇင္ကိုထြန္း စစ္ေၾကာေရးတြင္ က်ဆုံးၿပီး အေလာင္းလာယူရန္ မိသားစုကို အေၾကာင္းၾကား

ျမင္းၿခံၿမိဳ႕နယ္၊ တလုပ္ၿမိဳ႕ေက်းရြာတြင္ ယမန္ေန႔က အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ဖမ္း ဆီးခဲ့ေသာ ေက်ာင္းသား ေမာင္ဇင္ကိုထြန္းသည္ စစ္ေၾကာေရးတြင္ ေသဆုံးသြားသျဖင့္ မိသားစုကို အေလာင္းလာယူရန္ အေၾကာင္းၾကားလာသည္ဟု ေဒသခံမ်ားႏွင့္ ျမင္းၿခံေက်ာင္းသားသမဂၢမ်ားထံမွ စုံစမ္းသိရွိရသည္။

ျမင္းၿခံGTC ေက်ာင္းတက္ေနၿပီး ဗကသမ်ားအဖြဲ႕ခ်ဳပ္(ျမင္းၿခံနည္းပညာေကာလိပ္)မွ ေမာင္ဇင္ကိုထြန္း (ေညာင္တိုေက်းရြာ)သည္ ယမန္ေန႔ တလုပ္ၿမိဳ႕တြင္ အဖမ္းခံရေၾကာင္း၊ ယင္းေနာက္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက စစ္ ေၾကာ ေရး လုပ္ေဆာင္စဥ္ ေသဆုံးသြားေၾကာင္း ၊ မိသားစုကို အေလာင္း လာယူရန္ အေၾကာင္းလာေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

“သူက ဒဏ္ရာရထားတယ္။ အဲဒါကို ေဆးမကုေပးဘဲ စစ္ေၾကာေရးလုပ္တာေရာ အထဲမွာ ညႇဥ္းပန္းႏွိပ္စက္တာေတြေၾကာင့္ ဆုံးတယ္လို႔ ယူဆပါတယ္။

အေလာင္းကို ေသခ်ာၾကည့္ၿပီးရင္ေတာ့ မိသားစုဆီက သတင္းစကားရရင္ ျပန္ေျပာေပးမယ္” ဟု ျမင္းၿခံမွ တက္ႂကြလႈပ္ရွားသူတစ္ဦးက​ ေျပာဆိုသည္။

ဓာတ္ပုံ- အနီေရာင္ျဖင့္ ၀ိုင္းျပထားသူမွာ ေမာင္ဇင္ကိုထြန္းျဖစ္သည္။

unicode

မြင်းခြံ တလုပ်ကျေးရွာတွင် ယမန်နေ့ အဖမ်းခံရသည့် ကျောင်းသား မောင်ဇင်ကိုထွန်း စစ်ကြောရေးတွင် ကျဆုံးပြီး အလောင်းလာယူရန် မိသားစုကို အကြောင်းကြား

မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်း ဆီးခဲ့သော ကျောင်းသား မောင်ဇင်ကိုထွန်းသည် စစ်ကြောရေးတွင် သေဆုံးသွားသဖြင့် မိသားစုကို အလောင်းလာယူရန် အကြောင်းကြားလာသည်ဟု ဒေသခံများနှင့် မြင်းခြံကျောင်းသားသမဂ္ဂများထံမှ စုံစမ်းသိရှိရသည်။

မြင်းခြံGTC ကျောင်းတက်နေပြီး ဗကသများအဖွဲ့ချုပ်(မြင်းခြံနည်းပညာကောလိပ်)မှ မောင်ဇင်ကိုထွန်း (ညောင်တိုကျေးရွာ)သည် ယမန်နေ့ တလုပ်မြို့တွင် အဖမ်းခံရကြောင်း၊ ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ် ကြော ရေး လုပ်ဆောင်စဉ် သေဆုံးသွားကြောင်း ၊ မိသားစုကို အလောင်း လာယူရန် အကြောင်းလာကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သူက ဒဏ်ရာရထားတယ်။ အဲဒါကို ဆေးမကုပေးဘဲ စစ်ကြောရေးလုပ်တာရော အထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် ဆုံးတယ်လို့ ယူဆပါတယ်။

အလောင်းကို သေချာကြည့်ပြီးရင်တော့ မိသားစုဆီက သတင်းစကားရရင် ပြန်ပြောပေးမယ်” ဟု မြင်းခြံမှ တက်ကြွလှုပ်ရှားသူတစ်ဦးက​ ပြောဆိုသည်။

ဓာတ်ပုံ- အနီရောင်ဖြင့် ၀ိုင်းပြထားသူမှာ မောင်ဇင်ကိုထွန်းဖြစ်သည်။