အဆိုေတာ္ ေမသက္ထားေဆြ၏ ျမင့္ျမတ္သည့္ သာသနာ့ေဘာင္သို႔ရာသက္ပန္ဝင္ရန္ သူမေမေမကို ေတာင္းဆိုခဲ့သည့္စာ

နိုင်ငံကျော် မြန်မာသံအဆိုတော်မလေး မေသက်ထားဆွေသည် သောမာထေရီဘွဲ့အမည်ဖြင့် မေလ ၁၂ ရက်မှစတင်၍ မြင့်မြတ်သည့်သာသနာ့နွယ်ဝင်သီလရှင်အဖြစ်သို့ရာသက်ပန်အပြီးတိုင်ဝင်ရောက်သွားပြီဖြစ်‌သည်

“ခွင့်ပြုပါတော့ အမေ”

ကာမဂုဏ် နှောင်အဖွဲ့

နှောင်ဖွဲ့လို့ ရှည်ကြာ

ရှောင်မဟဲ့ ဒီသာသနာဝယ်

ကြည်ကြည်သာသာ ခွင့်ပေး

ညိုရောင်သန်း ကေသာနွယ်ကို

ဖြေကာကွယ် ခုဖြတ်လို့တွေး….

မုတ်ဆိတ်နဲ့ ကျင်စွယ်

မခင်တွယ် နှောင်နှေး

ရိပ်ပယ်မည် စိတ်မှာအေးစေဖို့

ရိပ်သာပြေးလို့ ခိုဝင်

အညိုရောင် ဖန်သင်္ကန်းကိုလ

ပန်ဆင်မြန်း ဝတ်တော့မည်ပင်

ရှေးသူမြတ်ထုံး အစဉ်ကို

နှလုံးယှဉ် ဥာဏ်ညှိလို့

သမာဓိ သမ္ပဇဉ် အားစိုက်ဖို့ပြင်

ခွင့်သာပြုပါတော့ မာတုမိခင်ရယ်

သာဓုပင်ခေါ်လိုက်တော့လေး..။

ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရားမှ ရေးသားချီးမြှင့်သော တေးထပ်ဖြင့် သာသနာ့ဘောင်ဝင်ဖို့ ခွင့်ပြုပါရန် တောင်းဆိုလိုက်ပါသည် ချစ်သောမေမေရေ…

sc May Thet Htar Swe fb

သာဓု သာဓု သာဓုပါ ဆရာလေး…..သာသနာတော်၏အကျိုးများကို ဒီထက်မက ထမ်းဆောင် သာသနာပြုနိုင်ပါစေ ဆရာလေး…..

Zawgyi

“ခြင့္ျပဳပါေတာ့ အေမ”

ကာမဂုဏ္ ေႏွာင္အဖြဲ႕

ေႏွာင္ဖြဲ႕လို႔ ရွည္ၾကာ

ေရွာင္မဟဲ့ ဒီသာသနာဝယ္

ၾကည္ၾကည္သာသာ ခြင့္ေပး

ညိဳေရာင္သန္း ေကသာႏြယ္ကို

ေျဖကာကြယ္ ခုျဖတ္လို႔ေတြး….

မုတ္ဆိတ္နဲ႔ က်င္စြယ္

မခင္တြယ္ ေႏွာင္ေႏွး

ရိပ္ပယ္မည္ စိတ္မွာေအးေစဖို႔

ရိပ္သာေျပးလို႔ ခိုဝင္

အညိဳေရာင္ ဖန္သကၤန္းကိုလ

ပန္ဆင္ျမန္း ဝတ္ေတာ့မည္ပင္

ေရွးသူျမတ္ထုံး အစဥ္ကို

ႏွလုံးယွဥ္ ဥာဏ္ညႇိလို႔

သမာဓိ သမၸဇဥ္ အားစိုက္ဖို႔ျပင္

ခြင့္သာျပဳပါေတာ့ မာတုမိခင္ရယ္

သာဓုပင္ေခၚလိုက္ေတာ့ေလး..။

ေဗာဓိရိပ္ၿငိမ္ဆရာေတာ္ဘုရားမွ ေရးသားခ်ီးျမႇင့္ေသာ ေတးထပ္ျဖင့္ သာသနာ့ေဘာင္ဝင္ဖို႔ ခြင့္ျပဳပါရန္ ေတာင္းဆိုလိုက္ပါသည္ ခ်စ္ေသာေမေမေရ…

sc May Thet Htar Swe fb

သာဓု သာဓု သာဓုပါ ဆရာေလး…..သာသနာေတာ္၏အက်ိဳးမ်ားကို ဒီထက္မက ထမ္းေဆာင္ သာသနာျပဳနိုင္ပါေစ ဆရာေလး…..

နိုင္ငံေက်ာ္ ျမန္မာသံအဆိုေတာ္မေလး ေမသက္ထားေဆြသည္ ေသာမာေထရီဘြဲ႕အမည္ျဖင့္ ေမလ ၁၂ ရက္မွစတင္၍ ျမင့္ျမတ္သည့္သာသနာ့ႏြယ္ဝင္သီလရွင္အျဖစ္သို႔ရာသက္ပန္အၿပီးတိုင္ဝင္ေရာက္သြားၿပီျဖစ္‌သည္