ကီးရင္မွီ ငယ္ရင္ခ်ီဆိုတဲ့ စကားေလးအတိုင္း ကိုယ့္ထက္ အသက္ႀကီးတဲ့ သူနဲ႔ခ်စ္သူျဖစ္ရင္ ကိုယ္အားကိုးနိုင္တယ္။ ဆိုးခ်င္သလို ဆိုးနိုင္မယ္။ ခၽြဲလို႔ရတယ္။ တစ္ခါတေလ ကိုယ္က သူ႔ကိုဆရာေတာင္ လုပ္လို႔ရပါေသးတယ္။ ဒါေပမဲ့ ဦးနဲ႔ကေလး စုံတြဲတိုင္းေတာ့ ဒီလိုျဖစ္ခ်င္မွျဖစ္မွာပါ ။
ေသခ်ာတာကေတာ့ ဦးအရြယ္ေတြက ကိုယ့္ထက္ ဗဟုသုတမ်ားမယ္။ မလုပ္သင့္တာကို မလုပ္ဖို႔ သူတို႔က ဆုံးမနိုင္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္ေတာ့ ပရိတ္သတ္ေတြအတြက္ ကိုယ့္ထက္ အသက္ႀကီးတဲ့ ဦး နဲ႔ခ်စ္သူျဖစ္ရျခင္း ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္ေနာ္
(1) သင့္မွာ ကိုယ္ပိုင္ ပုံျပင္ေျပာဆရာ ပိုင္ဆိုင္သြားပါၿပီ
ပုံျပင္ေျပာဆရာလို႔ ဘာလို႔ေျပာရ တာလဲဆိုေတာ့ သူက သင့္ကို သူ႔ဘဝမွာ ၾကဳံခဲ့တဲ့ အရာေတြကို စီကာပတ္ကုံး ေျပာနိုင္လို႔ပါ။ သူရခဲ့တဲ့ သင္ခန္းစာေတြ သူသိခဲ့တဲ့ လူေတြအေၾကာင္း စတာေတြကို ေျပာျပတဲ့အတြက္ သင့္မွာ ပုံျပင္ေျပာေပး မယ့္လူ ပိုင္ဆိုင္သြား ပါၿပီ။
သူက သူ႔ဗဟုသုတ ေတြကို ေျပာသလို သင္ေျပာသမၽွကိုလည္း အခ်ိန္ယူၿပီး နားေထာင္ေပးမွာပါ။ သင့္အတြက္ သူ႔အခ်စ္က ဘယ္ေလာက္ႀကီး မားတဲ့အေၾကာင္း စကားလွလွေလးေတြနဲ႔ ေျပာမွာေတာ့ အေသအခ်ာပါ။
(2) မုန႔္စားတဲ့အခ်ိန္ သူတစ္ဝက္ရွင္း ကိုယ္တစ္ဝက္ရွင္းေတြ ကင္းေဝးသြားပါၿပီ
အသက္ႀကီးတဲ့ သူဆိုေတာ့ အေတြ႕အၾကဳံကေတာ့ ကိုယ့္ထက္ပိုရွိေနပါၿပီ။ မိန္းကေလးတစ္ေယာက္နဲ႔ ေရေရရာရာ မတြဲဖူးရင္ေတာင္ သူၾကားဖူး သိဖူးတာေတြနဲ႔တင္ပဲ သင့္အထာကို သူသိေနမွာပါ။ လူႀကီးလူေကာင္းပီပီ သင္စားသမၽွ သူရွင္းေပးမွာပါ။
(3) သင့္အေပၚေကာင္းတဲ့လူနဲ႔ ေတြ႕ေနၿပီဆိုတာ ေသခ်ာသေလာက္ပါပဲ
ဒီအေၾကာင္း အရာမွာေတာ့ ခၽြင္းခ်က္ရွိပါတယ္။ ဦးဆိုေပမယ့္ သင့္ကို တကယ္ခ်စ္ တဲ့သူလည္း ျဖစ္ရပါမယ္။ မဟုတ္ရင္ေတာ့ သင္ပဲ အညာမိ ေနမွာပါ။ အခ်စ္စစ္ ဆိုရင္ေတာ့ သင့္ကို သူ႔ဘဝရဲ့ဘုရင္မတစ္ပါးလို ဆက္ဆံမွာပဲ ျဖစ္ပါတယ္။
(4) ဦးေတြက ခ်စ္တယ္ဆိုတဲ့ စကားကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ေျပာျပတတ္ၾကတယ္
ဦးနဲ႔ ခ်စ္မိရင္ေတာ့ မ်က္ႏွာက်က္နဲ႔ ဝင္မတိုက္ မိေအာင္သာ သတိထားၾကပါေတာ့။ သူတို႔က သင့္ကို အလွဆုံး ခ်စ္စရာ အေကာင္းဆုံးလို႔ ခ်ီးက်ဴးတာမ်ားေတာ့ သင္ေျမာက္သြားပါလိမ့္မယ္။ သင့္အတြက္ ခ်စ္စရာ Message ေလးေတြပို႔တတ္ၾကတယ္။
သင့္အလုပ္ကို ပန္းေတြပို႔ေပးတတ္တယ္။ အခ်စ္ခံ လူတန္းစား ျဖစ္ေနမွာေတာ့ အမွန္ပါ ပဲ။
(5) သင္က သူ႔အတြက္ျပည့္စုံသူပါ
သင့္ထက္ အသက္ႀကီးေတာ့ သင္မတိုင္ခင္ မိန္းကေလး တစ္ေယာက္ ေယာက္နဲ႔ေတာ့ ခ်စ္ႀကိဳက္ဖူးမွာ အေသအခ်ာပါပဲ။ ဒီအရြယ္အမ်ားစုက ဦးေႏွာက္ကို ပိုဦးစားေပးတတ္ၾကပါတယ္။ ဘယ္ဟာကို ဘယ္လိုအဆင္ေျပေအာင္လုပ္ရမလဲ။
ဘာကိုေရွာင္ရမလဲ သူတို႔သိပါတယ္။ သင့္ကို သူေရြးခ်ယ္ခဲ့ တာကလည္း သင္က သူ႔မ်က္လုံးထဲမွာ ျပည့္စုံလြန္းေနလို႔ပါ။
(6) သူနဲ႔ဆို စီးပြားေရး ကိစၥေတြလည္း ေဆြးေႏြးနိုင္တယ္
ကိုယ့္ထက္ အသက္ငယ္တဲ့သူ ဆိုရင္ေတာ့ စီးပြားေရးကိစၥ လူမႈေရး ကိစၥေတြကို ႏွံ့ႏွံ့စပ္စပ္သိနိုင္မွာ မဟုတ္ပါဘူူး။ ဘယ္ဟာလုပ္ရင္ ေအာင္ျမင္နိုင္လဲ။ ဘာကိုေတာ့ မလုပ္သင့္ဘူးလဲ ဆိုတဲ့ အေၾကာင္းေတြကို ဦးေတြက စိတ္ရွည္ရွည္ ေျပာျပမွာပါ။
(7) သူ႔ေၾကာင့္ပဲ သင္က ပိုေတာ္တဲ့သူျဖစ္လာပါတယ္
သူက သင့္အတြက္ Supporter ေကာင္းတစ္ေယာက္မို႔ သင္လုပ္ခ်င္တဲ့ အရာေတြကိုလည္း သူကူညီေပးနိုင္ပါတယ္။ သင္ ဟင္းမခ်က္တတ္ရင္ေတာင္ သူက ခ်က္ေပးမွာပါ။ သင္ဟာ အရမ္းခ်စ္ခံရတဲ့ အတြက္ အရင္ကထက္ ပိုေပ်ာ္ရႊင္လာမယ္။
ကိုယ့္ထက္ အသက္ႀကီးတဲ့ ခ်စ္သူရဲ့ ပံ့ပိုးမႈ ဗဟုသုတရတဲ့ စကားေတြေၾကာင့္ သင္ဟာ ပိုေတာ္တဲ့သူ ျဖစ္လာမွာ အမွန္ပါပဲေနာ္။
unicode
ကီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားလေးအတိုင်း ကိုယ့်ထက် အသက်ကြီးတဲ့ သူနဲ့ချစ်သူဖြစ်ရင် ကိုယ်အားကိုးနိုင်တယ်။ ဆိုးချင်သလို ဆိုးနိုင်မယ်။ ချွဲလို့ရတယ်။ တစ်ခါတလေ ကိုယ်က သူ့ကိုဆရာတောင် လုပ်လို့ရပါသေးတယ်။ ဒါပေမဲ့ ဦးနဲ့ကလေး စုံတွဲတိုင်းတော့ ဒီလိုဖြစ်ချင်မှဖြစ်မှာပါ ။
သေချာတာကတော့ ဦးအရွယ်တွေက ကိုယ့်ထက် ဗဟုသုတများမယ်။ မလုပ်သင့်တာကို မလုပ်ဖို့ သူတို့က ဆုံးမနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ပရိတ်သတ်တွေအတွက် ကိုယ့်ထက် အသက်ကြီးတဲ့ ဦး နဲ့ချစ်သူဖြစ်ရခြင်း ကောင်းကျိုးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်
(1) သင့်မှာ ကိုယ်ပိုင် ပုံပြင်ပြောဆရာ ပိုင်ဆိုင်သွားပါပြီ
ပုံပြင်ပြောဆရာလို့ ဘာလို့ပြောရ တာလဲဆိုတော့ သူက သင့်ကို သူ့ဘဝမှာ ကြုံခဲ့တဲ့ အရာတွေကို စီကာပတ်ကုံး ပြောနိုင်လို့ပါ။ သူရခဲ့တဲ့ သင်ခန်းစာတွေ သူသိခဲ့တဲ့ လူတွေအကြောင်း စတာတွေကို ပြောပြတဲ့အတွက် သင့်မှာ ပုံပြင်ပြောပေး မယ့်လူ ပိုင်ဆိုင်သွား ပါပြီ။
သူက သူ့ဗဟုသုတ တွေကို ပြောသလို သင်ပြောသမျှကိုလည်း အချိန်ယူပြီး နားထောင်ပေးမှာပါ။ သင့်အတွက် သူ့အချစ်က ဘယ်လောက်ကြီး မားတဲ့အကြောင်း စကားလှလှလေးတွေနဲ့ ပြောမှာတော့ အသေအချာပါ။
(2) မုန့်စားတဲ့အချိန် သူတစ်ဝက်ရှင်း ကိုယ်တစ်ဝက်ရှင်းတွေ ကင်းဝေးသွားပါပြီ
အသက်ကြီးတဲ့ သူဆိုတော့ အတွေ့အကြုံကတော့ ကိုယ့်ထက်ပိုရှိနေပါပြီ။ မိန်းကလေးတစ်ယောက်နဲ့ ရေရေရာရာ မတွဲဖူးရင်တောင် သူကြားဖူး သိဖူးတာတွေနဲ့တင်ပဲ သင့်အထာကို သူသိနေမှာပါ။ လူကြီးလူကောင်းပီပီ သင်စားသမျှ သူရှင်းပေးမှာပါ။
(3) သင့်အပေါ်ကောင်းတဲ့လူနဲ့ တွေ့နေပြီဆိုတာ သေချာသလောက်ပါပဲ
ဒီအကြောင်း အရာမှာတော့ ချွင်းချက်ရှိပါတယ်။ ဦးဆိုပေမယ့် သင့်ကို တကယ်ချစ် တဲ့သူလည်း ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ သင်ပဲ အညာမိ နေမှာပါ။ အချစ်စစ် ဆိုရင်တော့ သင့်ကို သူ့ဘဝရဲ့ဘုရင်မတစ်ပါးလို ဆက်ဆံမှာပဲ ဖြစ်ပါတယ်။
(4) ဦးတွေက ချစ်တယ်ဆိုတဲ့ စကားကို ပုံစံအမျိုးမျိုးနဲ့ပြောပြတတ်ကြတယ်
ဦးနဲ့ ချစ်မိရင်တော့ မျက်နှာကျက်နဲ့ ဝင်မတိုက် မိအောင်သာ သတိထားကြပါတော့။ သူတို့က သင့်ကို အလှဆုံး ချစ်စရာ အကောင်းဆုံးလို့ ချီးကျူးတာများတော့ သင်မြောက်သွားပါလိမ့်မယ်။ သင့်အတွက် ချစ်စရာ Message လေးတွေပို့တတ်ကြတယ်။
သင့်အလုပ်ကို ပန်းတွေပို့ပေးတတ်တယ်။ အချစ်ခံ လူတန်းစား ဖြစ်နေမှာတော့ အမှန်ပါ ပဲ။
(5) သင်က သူ့အတွက်ပြည့်စုံသူပါ
သင့်ထက် အသက်ကြီးတော့ သင်မတိုင်ခင် မိန်းကလေး တစ်ယောက် ယောက်နဲ့တော့ ချစ်ကြိုက်ဖူးမှာ အသေအချာပါပဲ။ ဒီအရွယ်အများစုက ဦးနှောက်ကို ပိုဦးစားပေးတတ်ကြပါတယ်။ ဘယ်ဟာကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ။
ဘာကိုရှောင်ရမလဲ သူတို့သိပါတယ်။ သင့်ကို သူရွေးချယ်ခဲ့ တာကလည်း သင်က သူ့မျက်လုံးထဲမှာ ပြည့်စုံလွန်းနေလို့ပါ။
(6) သူနဲ့ဆို စီးပွားရေး ကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်
ကိုယ့်ထက် အသက်ငယ်တဲ့သူ ဆိုရင်တော့ စီးပွားရေးကိစ္စ လူမှုရေး ကိစ္စတွေကို နှံ့နှံ့စပ်စပ်သိနိုင်မှာ မဟုတ်ပါဘူူး။ ဘယ်ဟာလုပ်ရင် အောင်မြင်နိုင်လဲ။ ဘာကိုတော့ မလုပ်သင့်ဘူးလဲ ဆိုတဲ့ အကြောင်းတွေကို ဦးတွေက စိတ်ရှည်ရှည် ပြောပြမှာပါ။
(7) သူ့ကြောင့်ပဲ သင်က ပိုတော်တဲ့သူဖြစ်လာပါတယ်
သူက သင့်အတွက် Supporter ကောင်းတစ်ယောက်မို့ သင်လုပ်ချင်တဲ့ အရာတွေကိုလည်း သူကူညီပေးနိုင်ပါတယ်။ သင် ဟင်းမချက်တတ်ရင်တောင် သူက ချက်ပေးမှာပါ။ သင်ဟာ အရမ်းချစ်ခံရတဲ့ အတွက် အရင်ကထက် ပိုပျော်ရွှင်လာမယ်။
ကိုယ့်ထက် အသက်ကြီးတဲ့ ချစ်သူရဲ့ ပံ့ပိုးမှု ဗဟုသုတရတဲ့ စကားတွေကြောင့် သင်ဟာ ပိုတော်တဲ့သူ ဖြစ်လာမှာ အမှန်ပါပဲနော်။