ေနာက္ဆုံးအခ်ိန္အထိတိုင္ေအာင္ မင္းတပ္ၿမိဳ႕ေလးကို အစြမ္းကုန္ ခုခံကာကြယ္ေပးရင္းနဲ႔ပဲ ေႂကြလြင့္သြားခဲ့ရတဲ့ သူရဲေကာင္းေလးအေၾကာင္း
လူစုခြဲၿဖိဳခြင္းမႈေတြေၾကာင့္ ျမန္မာနိုင္ငံရွိ ေနရာအႏွံ့အျပားမွာ က်ဆုံးသူေတြ တျဖည္းျဖည္းနဲ႔ မ်ားျပားလာခဲ့ၿပီပဲ ျဖစ္ပါတယ္ ။ ဒီကာလအတြင္းမွာပဲ လူငယ္ေတြ၊ သက္ႀကီးရြယ္အိုေတြသာမက ငယ္ရြယ္ေသးတဲ့ ကေလးငယ္ေတြပါ အသက္ေပးခဲ့ရတာလည္း ျဖစ္ပါတယ္ ။
ၿပီးခဲ့တဲ့ေမလ (၁၃)ရက္ေန႔ကလည္း ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာရွိတဲ့ ျပည္သူေတြခမ်ာ အင္အားသုံးၿဖိဳခြင္းမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပဲ ျဖစ္ပါတယ္ ။ဒါေၾကာင့္ မေန႔က မင္းတပ္ၿမိဳ႕မွာ လူငယ္တစ္ဦး က်ဆုံးသြားခဲ့ရတာ ျဖစ္ပါတယ္ ။ သူ႔ရဲ့နာမည္ကေတာ့ Salai Thang Hung Thang ျဖစ္ၿပီး (၁၀)တန္းမယ့္ ေက်ာင္းသားတစ္ဦးပဲ ျဖစ္ပါတယ္ ။
Chinland Defense Forceရဲ့အဖြဲ႕ဝင္လည္းျဖစ္တဲ့ Thang Hung Thang က ေနာက္ဆုံးအခ်ိန္အထိတိုင္ေအာင္ သူတို႔ၿမိဳ႕ေလးအတြက္ အစြမ္းကုန္ ကာကြယ္ခုခံေပးရင္းနဲ႔ပဲ အသက္ေပးသြားခဲ့ရတာ ျဖစ္ပါတယ္ ။
Thang Hung Thang ကသူ႔ဘဝတက္လမ္းအတြက္ အမ်ားႀကီးရည္မွန္းထားၿပီး ျပင္ဆင္ေနတဲ့သူျဖစ္ေၾကာင္း၊ လိမၼာလြန္းလို႔ မိသားစုဝင္ေတြအားလုံးက ဝိုင္းခ်စ္ရတဲ့သူျဖစ္ေၾကာင္း၊ ေမာင္ႏွမေတြအေပၚ အျမဲသည္းခံေပးၿပီး သူငယ္ခ်င္း၊ေဆြမ်ိဳးေတြနဲ႔လည္း အတတ္နိုင္ဆုံး အဆင္ေျပေျပေနတဲ့သူျဖစ္ေၾကာင္းကို မိသားစုဝင္ဦးက လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားေျပာျပထားပါေသးတယ္။
မင္းတပ္ၿမိဳ႕က သူရဲေကာင္းေလးရဲ့ေပးဆပ္မႈအတြက္ Chinland Defense Forceကလည္း ေလးစားဂုဏ္ျပဳၿပီး မိသားစုနဲ႔ထပ္တူ ဝမ္းနည္းမိေၾကာင္း စာတစ္ေစာင္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္ ။
crd-original
unicode
နောက်ဆုံးအချိန်အထိတိုင်အောင် မင်းတပ်မြို့လေးကို အစွမ်းကုန် ခုခံကာကွယ်ပေးရင်းနဲ့ပဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးအကြောင်း
လူစုခွဲဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ ကျဆုံးသူတွေ တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီပဲ ဖြစ်ပါတယ် ။ ဒီကာလအတွင်းမှာပဲ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေသာမက ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေပါ အသက်ပေးခဲ့ရတာလည်း ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့မေလ (၁၃)ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာရှိတဲ့ ပြည်သူတွေခမျာ အင်အားသုံးဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ဒါကြောင့် မနေ့က မင်းတပ်မြို့မှာ လူငယ်တစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ Salai Thang Hung Thang ဖြစ်ပြီး (၁၀)တန်းမယ့် ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ် ။
Chinland Defense Forceရဲ့အဖွဲ့ဝင်လည်းဖြစ်တဲ့ Thang Hung Thang က နောက်ဆုံးအချိန်အထိတိုင်အောင် သူတို့မြို့လေးအတွက် အစွမ်းကုန် ကာကွယ်ခုခံပေးရင်းနဲ့ပဲ အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။
Thang Hung Thang ကသူ့ဘဝတက်လမ်းအတွက် အများကြီးရည်မှန်းထားပြီး ပြင်ဆင်နေတဲ့သူဖြစ်ကြောင်း၊ လိမ္မာလွန်းလို့ မိသားစုဝင်တွေအားလုံးက ဝိုင်းချစ်ရတဲ့သူဖြစ်ကြောင်း၊ မောင်နှမတွေအပေါ် အမြဲသည်းခံပေးပြီး သူငယ်ချင်း၊ဆွေမျိုးတွေနဲ့လည်း အတတ်နိုင်ဆုံး အဆင်ပြေပြေနေတဲ့သူဖြစ်ကြောင်းကို မိသားစုဝင်ဦးက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားပါသေးတယ်။
မင်းတပ်မြို့က သူရဲကောင်းလေးရဲ့ပေးဆပ်မှုအတွက် Chinland Defense Forceကလည်း လေးစားဂုဏ်ပြုပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။
crd-original