အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္မွာ က်င္းပေနတဲ့ ၆၉ ႀကိမ္ေျမာက္ မယ္စၾကာဝဠာ အလွမယ္ၿပိဳင္ပြဲမွာ ျမန္မာအလွမယ္ သူဇာဝင့္လြင္က ခ်င္းအမ်ိဳးသမီးဝတ္စုံနဲ႔ နိုင္ငံကိုယ္စားျပဳ အေကာင္းဆုံးဝတ္စုံဆုကို ရသြားပါတယ္။
နိုင္ငံကိုယ္စားျပဳ ဝတ္စုံအတြက္ တျခားဝတ္စုံကို ေရြးခ်ယ္ထားတာျဖစ္ေပမဲ့ ဝတ္စုံေတြထည့္ထားတဲ့ ခရီးေဆာင္အိတ္ အခ်ိန္မီ မေရာက္ခဲ့တာေၾကာင့္ ခ်င္းအမ်ိဳးသမီးဝတ္စုံနဲ႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာပါ။
ဒီဝတ္စုံနဲ႔ ၿပိဳင္ပြဲဝင္ေနခ်ိန္မွာ ျမန္မာျပည္အတြက္ ဆုေတာင္းေပးဖို႔ ေရးသားထားတဲ့စာတန္းကိုင္ေဆာင္ၿပီး လက္ရွိျမန္မာအေရး ပိုသိရွိလာၾကဖို႔ လႈံ႔ေဆာ္မႈကိုလည္း အလွမယ္က ျပဳလုပ္ခဲ့ပါတယ္။
အလွမယ္သူဇာဝင့္လြင္ဟာ ၂၀၂၀ ျပည့္ႏွစ္မွာက်င္းပတဲ့ ျမန္မာ့မယ္စၾကာဝဠာၿပိဳင္ပြဲမွာ ဟားခါးကိုယ္စားျပဳၿပီး ပါဝင္ခဲ့တာပါ။ အလွမယ္ကေတာ့ အနိုင္ရခ်င္းဝတ္စုံကို ဝတ္ဆင္ခြင့္ရေအာင္ ကူညီေပးခဲ့ၾကတဲ့ အေမရိကန္ေရာက္ ခ်င္းလူမ်ိဳးေတြနဲ႔ ခ်င္းေတာင္တန္း အတၱလန္တာ,ေဂ်ာ္ဂ်ီယာ အဖြဲ႕ကို ေက်းဇူးတင္ေၾကာင္း သူ႔လူမႈကြန္ယက္ကေန ေျပာထားပါတယ္။ sc bbc
Unicode
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပနေတဲ့ ၆၉ ကြိမ်မြောက် မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲမှာ မြန်မာအလှမယ် သူဇာဝင့်လွင်က ချင်းအမျိုးသမီးဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု အကောင်းဆုံးဝတ်စုံဆုကို ရသွားပါတယ်။
နိုင်ငံကိုယ်စားပြု ဝတ်စုံအတွက် တခြားဝတ်စုံကို ရွေးချယ်ထားတာဖြစ်ပေမဲ့ ဝတ်စုံတွေထည့်ထားတဲ့ ခရီးဆောင်အိတ် အချိန်မီ မရောက်ခဲ့တာကြောင့် ချင်းအမျိုးသမီးဝတ်စုံနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
ဒီဝတ်စုံနဲ့ ပြိုင်ပွဲဝင်နေချိန်မှာ မြန်မာပြည်အတွက် ဆုတောင်းပေးဖို့ ရေးသားထားတဲ့စာတန်းကိုင်ဆောင်ပြီး လက်ရှိမြန်မာအရေး ပိုသိရှိလာကြဖို့ လှုံ့ဆော်မှုကိုလည်း အလှမယ်က ပြုလုပ်ခဲ့ပါတယ်။
အလှမယ်သူဇာဝင့်လွင်ဟာ ၂၀၂၀ ပြည့်နှစ်မှာကျင်းပတဲ့ မြန်မာ့မယ်စကြာဝဠာပြိုင်ပွဲမှာ ဟားခါးကိုယ်စားပြုပြီး ပါဝင်ခဲ့တာပါ။ အလှမယ်ကတော့ အနိုင်ရချင်းဝတ်စုံကို ဝတ်ဆင်ခွင့်ရအောင် ကူညီပေးခဲ့ကြတဲ့ အမေရိကန်ရောက် ချင်းလူမျိုးတွေနဲ့ ချင်းတောင်တန်း အတ္တလန်တာ,ဂျော်ဂျီယာ အဖွဲ့ကို ကျေးဇူးတင်ကြောင်း သူ့လူမှုကွန်ယက်ကနေ ပြောထားပါတယ်။ sc bbc