Crd: Ba Gyi Thu
Unicode
ခွေးတောက်ရွက် ခေါင်းအုံး
အမျိုးသမီးတယောက် အဲကွန်းခန်းထဲအိပ်ပျော်သွားတယ် ဘယ်လောက်အိပ်မိတာမသိပေမဲ့ အေးတာနဲ့နိုးလာတယ်
အဲကွန်းပိတ်ပြီး ၁ဝမိနစ်လောက်နှပ်နေသေးတာ ရေဆာတာနဲ့ ရေထပြီးသောက် လိုက်တာ အိုးထဲကရေနော် ကျောရိုးထဲကနေ ခေါင်းရဲ့နောက်စေ့ကို ဓားအချွန်နဲ့ထောက်ထားသလို ခံစားလိုက်ရတာ
၃နာရီလောက်နားပြီး ခေါင်းလျှော်ရေချိုးလုပ်ပေမဲ့ ဘယ်လိုမှမသက်သာပါ ဘာဆေးသောက်ရင်ကောင်းမလဲ ဘာလုပ်ရင်ကောင်းမလဲပေါ့ အမျိုးသားကလည်းခေါင်းနဲ့ ဇက်ကိုနှိပ်ပေး ပေမဲ့ မထူးခြားလာပါ
နောက် အိပ်ယာဝင်ခါနီး ဆရာကြီးဦးရန်အောင် ရဲ့ပို့ချချက်ထဲကစကားကို ကြားယောင်မိလို့ ခွေးတောက်အရွက်ခြောက်လေးတွေကို ခေါင်းအုံးလေးလိုထည့်ပြီး
ဇက်ကြောတက်ရင်ဇက်ကို ၊ ပေါင်ကိုက်ရင်ပေါင်အောက်ကို ၊လက်ကိုက်ရင်လက်အောက်ကို ၊ ခေါင်းကိုက်ရင်ခေါင်းအုံးအိပ်ပါ လို့ကြားဘူးတယ်
ဒါကိုပြန်သတိရ ပြီးအရိပ်ခြောက် လုပ်ထားတဲ့ဂွေးတောက်ရွက် ကလည်း အဆင်သင့်ရှိလေတော့ ခေါင်းအုံးအိပ်လိုက်တာ ပထမတစ်နာရီ ဒုတိယတစ်နာရီ တတိယတစ်နာရီ သိသိသာသာ ပျောက်ကင်းသွားပါတယ် လို့ဖတ်လိုက် ရလို့
တိုက်ဆိုင်သူ များ အသုံးပြု နိုင်ရန် ပြန်လည်မျှဝေ မိပါသည်
Crd: Ba Gyi Thu