ဝက်ခြံဖယ်ရှားပေးမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း (၄) သွယ်

အရင်ဆုံး ရေကိုခွက်တစ်လုံးထဲထည့်ပါ ပြီးရင် ဝါဂွမ်းစကို နစ်ပြီးထည့်လိုက်ပါ ပြီးရင် အဲဒီ ဝါဂွမ်းစပေါ်မှာ ဆားနည်းနည်းဖြူပါ ပြီးရင် ဝက်ခြံပေါ်မှာ ၂ မိနစ် ၃ မိနစ်လောက် တင်ထားပါ

အဲဒီနောက်ရေအေးအေးနဲ့ ဆေးချပါ ၅ မိနစ်လောက်နေရင် ဝက်ခြံ အရောင်နည်းနည်းလျော့သွားပါလိမ့်မယ် ပြီးရင် ထပ်ပြီး လုပ်ပေးပါ ပြီးရင် ရေအေးအေးနဲ့ ဆေးချပါ

၂ ရေခဲတုံးနဲ့ ရှားစောင်းလက်ပက်

တဘက်အသေးတစ်ခုထဲကို ရေခဲတုံးလေးတွေထည့်လိုက်ပါ ပြီးရင် အဲဒါနဲ့ ဝက်ခြံပေါ်မှာ ၂ မိနစ် ၃ မိနစ်လောက် တင်ပြီးဖိထားပေးပါ

ပြီးရင်တော့ ရှားစောင်းလက်ပက် လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကိုဝက်ခြံပေါ်မှာ လိမ်းထားပေးပါနာရီဝက်လောက်ထားပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ

၃ မုန့်ဖုတ်ဆိုဒါနဲ့ နနွင်း

ခွက်အသေးတစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါ နဲ့ နနွင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်းဆထည့်ပြီးရောလိုက်ပါ ပြီးရင် သံပုယိုရည်နည်းနည်း ညှစ်ထည့်ပါ

ပြီးရင်ဝက်ခြံပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပါ ပြီးရင်ရေအေးအေးနဲ့ ဆေးချပါ ဝက်ခြံလေးတွေ သေးသွားမှာပါ

၄ သွားတိုက်ဆေး

သွားတိုက်ဆေးကို ဝက်ခြံလေးတွေ စပြီးထွက်လာချိန်မှာ သုံးနိုင်ပါတယ် သွားတိုက်ဆေးကို ဝက်ခြံပေါ်တင်ပေးပြီး မိနစ် ၂၀ လောက်ထားပါ

ပြီးရင်ရေအေးအေးနဲ့ ဆေးချလိုက်ပါ ညအိပ်ယာမဝင်ခင် လိမ်းပေးပြီးအိပ်ယာဝင်လို့ရပါတယ် crd