ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့ အတွင်းပုပ်နေတဲ့နှလုံးသားကို အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်
စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့ ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့ ဟန်ဆောင်ကောင်းနေသူတွေရှိတယ်
အပြောကောင်းတိုင်း မယုံမိစေနဲ့ လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို အပြောကောင်းသူတွေဖြစ်တယ်
စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို ရင်မဖွင့်မိစေနဲ့ နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ တသင်းဖွဖို့သယ်ဆောင်သွားတတ်သူတွေရှိတယ် ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ….
သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့ ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့ မြှောက်ပင့်ပေးလို့၊အတွင်းကြိတ်ပြီး မနာလိုဖြစ်တတ်သူတွေရှိတယ်
အပေါင်းအသင်းများတိုင်း မိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ် ကူချင်သူများပေမယ့်၊ ဒုက္ခကြုံချိန်ထူမ မယ့်သူရှားသွားနိုင်တယ်
လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့ ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့ စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက စမ်းသပ်လိုက်မှပေါ်လာတတ်တယ်
ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့ မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းအားနည်းလို့ ဘွဲ့ရပြီးပညာတတ်မဆန် သူတွေရှိတယ်
သတိထားပါ သစ်ပင် ကောက်တာ မြင်ရပေမယ့် …လူကောက်တာကိုမမြင်နိုင်ဘူး မြစ်တွေ ၊ ချောင်းတွေထက် လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့
အပေါ်ယံ ချိုမြိန်မှုတွေက ကြာကြာဝါးမှခါးမှန်းသိလာသလို လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊လူတစ်ယောက်ရဲ့စိတ်ရင်း အမှန်ကို ကြာကြာပေါင်းကြည့်မှသာအကြောင်းသိ လာပါလိမ့်မယ် Credit Hnin