သင့်မွေးဂဏန်းကပြောတဲ့ သင့်အချစ်အကြောင်း

၁ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက္ ေမြးသူမ်ားကို ၁ ဂဏန္းသမားမ်ားဟု ေခၚသည္။ ၁ ဂဏန္းပိုင္ရွင္မ်ားက အခ်စ္ ေမတၲာဟူသည္ ႏွလံုးသားႏွင့္ဦးေနွာက္ ေပါင္းစပ္ဆံုးျဖတ္ရေသာ အခ်င္းအရာျဖစ္သည္ဟု ယူဆၾကသည္။ ဘဝအေဖၚကို ေရြးခ်ယ္ေသာအခါ ဦးေနွာက္၏ ဆံုးျဖတ္ခ်က္ကို ထၫ့္သြင္းစဉ္းစားေလ့ရိွသည္။ မိမိအေပၚ နားလည္ခြင့္လႊတ္၍ ပံ့ပိုးကူညီျခင္းရိွသူကို ေရြးခ်ယ္တတ္သည္။ ကံေခသည္မွာ အခ်စ္ဆံုးႏွင့္ ေကြကြင္းရတတ္ၿပီး ခ်စ္သူကတစ္ေယာက္၊ လက္ထပ္ရသူကတစ္ဦး ျဖစ္တတ္သည္။ အသက္ ၁၆ မွ ၂၂ ႏွစ္ၾကား ေမတၲာကံေခ၍ ၂၂ ေက်ာ္မွ ရင့္က်က္ေသာ ႏွလံုးသားျဖင့္ ခိုင္ၿမဲေသာ ခ်စ္ျခင္းေမတၲာ ပိုင္ဆိုင္ခြင့္ရိွမည္

၂ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက္ ေမြးသူမ်ားကို ၂ ဂဏန္းသမားမ်ားဟုေခၚသည္။ အခ်စ္ႏွင့္အမွန္းၾကား နယ္နိမိတ္သည္ မ်ဉ္းေၾကာင္းငယ္ေလးမ်ွသာျဖစ္မည္။ ခ်စ္မိ၊ တြယ္တာ မိၿပီဆိုက အရာရာေပးဆပ္တတ္ၿပီး မုန္းၿပီဆိုက လွၫ့္ မၾကၫ့္။ အလြန္ခ်စ္တတ္သလို အၿငိဳးအေတးႀကီးတတ္သည္။ ေမတၲာတရားႏွင့္ ခ်စ္ျခင္းအေပၚ အေလးအနက္ထား၍ ဘဝအေဖၚ ေရြးခ်ယ္လင့္ကစား ဂုဏ္၊ ေငြေၾကးတိုကို အဓိကထားသည္ဟု အမ်ားမွ အထင္လြဲျခင္းခံရတတ္သည္။ အသက္ ၂၅ ႏွစ္မတိုင္မီ သူတစ္ပါး ကတိစကားမ်ား အေပၚ ယံုစားမိ၍ စိတ္ေသာက ခံစားရတတ္သည္။ အခ်စ္ဦးႏွင့္ ဆံုဆည္းကိန္း မရိွေသာ္လည္း အခ်စ္ဆံုးသူႏွင့္လက္တြဲရမည္

 

၃ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက္ ေမြးသူမ်ားကို ၂ ဂဏန္းသမား မ်ားဟုေခၚသည္။ မ်က္ႏွာပြင့္၍လူခ်စ္လူခင္ေပါမ်ားမည္။ ခ်စ္သူရည္းစား တစ္ဦးမကရိွမည္။ သူတစ္ပါး အေပၚ အႏိုင္ယူ ဗိုလ္က်ရမွေက်နပ္သူမ်ား ျဖစ္ေပရာ အခ်စ္စိတ္ႏွင့္ ခံယူမူမွာ ဆိုးႏြဲ႔သမ်ွကို နားလည္ခြင့္လႊတ္ေသာသူ၊ အႏိုင္ယူရမၫ့္သူကို ေရြးခ်ယ္တတ္သည္။ ႏွလံုးသားကို ဦးစားေပး၍ ဆံုးျဖတ္ၿပီးမွ မွားယြင္းသလို ျပန္ခံစားတတ္သည္။ ေနာက္ဆံုးတြင္ကား အရင္ဆံုး ခ်စ္သူအေပၚ စိတ္ျပန္လည္သြားမည္။ တစ္ဦးကို အသည္းႏွလံုးပံုေပး၍ ခ်စ္တတ္သလို တစ္ၿပိဳင္တည္း အျခားသူတစ္ဦးအေပၚ ခ်စ္ႏိုင္စြမ္း ရိွသည္။ ႏွလံုးသားအေပၚ ဦးစားေပးလြန္းသူျဖစ္သည္

၄ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက္ေန့ ေမြးသူမ်ားကို ၄ ကဏန္းသမားမ်ားဟုေခၚသည္။ အစြဲအလမ္းႀကီးျခင္း၊ တစ္ဖက္စြန္းက်လြန္းျခင္းေၾကာင့္ ႏွလံုးသားေရးရာ စိတ္ေသာက ႀကံဳတတ္သည္။ ဂုဏ္အနိမ့္အျမင့္ မတူသူမ်ား အနက္ နိမ့္က်သူကို ဦးစားေပးေရြးခ်ယ္၍ အလိုလိုက္အႀကိဳက္ေဆာင္ကာ ဘဝျမႇင့္တင္ေပးကာမွ မိမိ၏အသည္းကို ခြဲသြားျခင္း ခံရတတ္သည္။ စိတ္လႈပ္ရွားမူႏွင့္ ဆန္းသစ္ေသာ အေတြ့အႀကံဳမ်ားကို လိုလားေသာ ႏွလံုးသားကို ပိုင္ဆိုင္သည္။ သို႔ေသာ္ ဦးေနွာက္ႏွင့္ ႏွလံုးသားအၾကား အၿမဲေတြေဝ ဒြိဟျဖစ္ကာ ေမတၲာေရးရာတြင္ စိတ္ဓါတ္တက္လြယ္၊ က်လြယ္သည္။ ေျဖာင့္မွန္ရိုးသာ၍ မိမိေၾကာင့္တစ္ပါးသူ စိတ္ခ်မ္းေျမ့ ေအးခ်မ္းရျခင္းကို လိုလားသူျဖစ္သည္။ ေပးဆပ္ အနစ္နာ ခံသည္

၅ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၅၊ ၁၄၊ ၂၃ ရက္ေမြးသူမ်ားကို ၅ ဂဏန္းသမားမ်ား ဟုေခၚသည္။ ေတြေဝ ဒြိဟျဖစ္တတ္ေသာ သေဘာသဘာဝရိွေသာ္လည္း စိတ္ဓါတ္ အလြန္ခိုင္ၿမဲသည္။ အလြယ္တကူ ဆံုးျဖတ္ေရြးခ်ယ္ေလ့မရိွ။ မိမိအေပၚ တေလးတစားႏွင့္ တန္ဖိုးထားသူ၊ တစ္စံုတစ္ရာ အေထာက္အကူျပဳ ပံ့ပိုးႏိုင္သူကို ေရြးခ်ယ္တတ္သည္။ အေရြးရခက္ေအာင္ အခြင့္အေရးႏွစ္မ်ိဳး ႀကံဳလာပါက ႏွလံုးသား၏ ေတာင္းဆိုမူအေပၚ ရဲဝံ့ျပတ္သားစြာ အေလးေပးမၫ့္သူျဖစ္သည္။ မိမိႏွင့္ အသက္ အရြယ္၊ ဝန္းက်င္ဇာတိ သဘာဝမတူ ကြာျခားသူမ်ားႏွင့္ ေမတၲာမ်ွတတ္သည္။ ခ်စ္သူႏွင့္ ခြဲခြာရေလ သံေယာဇဉ္ ျပင္းထန္ေလျဖစ္သည္။ အလြန္စိတ္ကူးယဉ္ဆန္ေသာ ႏွလံုးသားျဖစ္သည္

၆ ဂဏန္း သမားမ်ား
မည္သၫ့္လတြင္မဆို ၆၊ ၁၅၊ ၂၄ ရက္ေမြးသူမ်ားကို ၆ ဂဏန္းသမားမ်ားဟု ေခၚသည္။ သံေယာဇဉ္ႀကီး၍ခိုင္မာေသာ ေမတၲာတရားႏွင့္ မိမိက ခ်စ္ရသူအေပၚ အၿမဲစိတ္ခ်မ္းသာေအာင္ ျဖၫ့္ဆည္းေပးရမည္ဟူေသာအယူအဆရိွသည္။ ခ်စ္ခဲ၍ အခ်စ္ၿမဲသည္။ မိသားစု အသိုင္းအဝိုင္း မတူညီသူကို ေရြးခ်ယ္၍ အားလံုးႏွင့္ဆန႔္က်င္ရန္ ဝန္မေလး။ အေပ်ာ္သေဘာ စိတ္ကစားျခင္းမရိွဘဲ သစၥာ တရားရိွမွ အခ်စ္ေမတၲာသည္ ၿပီးျပၫ့္စံုသည္ဟု ယူဆထား သူျဖစ္သည္။ သို႔ေသာ္ သူတစ္ပါးအေပၚ မိမိေပးဆပ္သေလာက္ ထပ္တူ ျပန္ေကာင္းသူရရန္ ခဲယဉ္းေပသည္။ အခ်စ္ေမတၲာထက္ တစ္စတစ္စ ရစ္ႏြယ္လာေသာ သံေယာဇဉ္ကို ႏွစ္သက္သူျဖစ္သည္

၇ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၇၊ ၁၆၊ ၂၅ ရက္ေမြးသူမ်ားကို ၇ ဂဏန္းသမားမ်ားဟု ေခၚသည္။ အခိုင္အမာဆံုးျဖတ္၍ ေလးေလးနက္နက္ ခ်စ္တတ္သၫ့္ အလြန္ေအးခ်မ္းျမင့္ျမတ္ေသာ ေမတၲာပိုင္ရွင္ျဖစ္သည္။ တစ္ပါးသူအေပၚလြန္လြန္ကဲကဲ စာနာနားလည္တတ္ည္။ အခ်စ္အတြက္ အရာရာ ရင္ဆိုင္ဆန႔္က်င္တိုက္ခိုက္ရန္ ဝန္မေလးေသာ္ည္း အခ်စ္ကိုဖြင့္ဟ ေျပာဆိုရန္ အလြန္ရွက္သျဖင့္ မခ်စ္တတ္ေသာသူဟူ၍ အထင္မွားခံရတတ္သည္။ မိမိအား နားလည္မူရိွသူကိုဦးစားေပး ေရြးခ်ယ္သင့္သည္။ အလြန္စန္းပြင့္ေသာ္လည္း ခ်စ္သူမ်ားရန္ ဝန္ေလးသည္ ဘဝလမ္းေၾကာင္းတြင္ ေမြးရပ္၊ ဘာသာ၊ ဓေလ့ ထံုးစံမတူသူမ်ားႏွင့္ ေမတၲာမ်ွရတတ္သည္

၈ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၈၊ ၁၇၊ ၂၆ ရက္ေမြးသူမ်ားကို ၈ ဂဏန္းသမားမ်ားဟုေခၚသည္။ အရာရာတြင္ ထိန္းခ်ဳပ္ႏိုင္ေသာစိတ္ရိွသေလာက္ ေမတၲာတရားတြင္ ထိန္းခ်ဳပ္ႏိုင္ျခင္းမရိွ။ ခ်စ္သူကို အလိုလိုက္လြန္း၊ ဦးစားေပးလြန္းသျဖင့္ စိတ္ေသာက ခံစားရတတ္သည္။ ခ်စ္သူကိုအရာရာျပၫ့္စံုေစလိုသျဖင့္ ေပးဆပ္တတ္ေသာ သဘာဝေၾကာင့္ မိမိႏွလံုးသားကို ခုတံုးလုပ္ျခင္းမ်ိဳးပင္ ခံရတတ္သည္။ သီးသန႔္ ေအးခ်မ္းစြာေနတတ္ၿပီးမနာလိုဝန္တိုျခင္းကင္းေသာ ႀကီးျမတ္သၫ့္ ႏွလံုးသားအား ပိုင္ဆိုင္သည္။ မိမိကိုယ္မိမိ အထီးက်န္ဆန္ကာ အားငယ္ေနတတ္ေသာ ခံစားခ်က္ရိွသည္။ သူတစ္ပါး ပစ္ပယ္ထားသူကို စာနာစိတ္အျပၫ့္ႏွင့္ ေမတၲာထားတတ္သည္

၉ ဂဏန္းသမားမ်ား
မည္သၫ့္လတြင္မဆို ၉၊ ၁၈၊ ၂၇ ရက္ေမြးသူမ်ားကို ၉ ဂဏန္း သမားမ်ားဟုေခၚသည္။ အလြန္အခ်စ္ခံလိုသည္။မိမိ အေပၚ ေအးေအးခ်မ္းခ်မ္း သိမ္သိမ္ေမြ့ေမြ့ ႏူးညံ့စြာ အေလးေပးဆက္ဆံသူအား လိုလားသည္။ အခ်စ္အတြက္ ဘာမဆို ေပးဆပ္ရဲသည္။ အလြန္မ်က္ႏွာမ်ား၍ ရည္းစားမိႈလိုေပါက္ေအာင္ အၿပိဳင္ထားလင့္ကစား အိမ္ေထာင္ေရးရာတြင္ အခ်စ္ဆံုးႏွင့္ လြဲေခ်ာ္၍ နီးစပ္မူအရိွဆံုးသူႏွင့္ ဆံုဆည္းရတတ္သည္။ မည္မ်ွဆိုးေသာ အိမ္ေထာင္ဖက္ျဖစ္ေစ အိမ္ေထာင္တစ္ဆက္တည္းၿမဲေစရန္ အစဉ္ႀကိဳးပမ္းေလ့ရိွသည္။ အျပင္ပန္းအရ ၾကမ္းတမ္းခက္ထန္သည္ဟုထင္ရ လင့္ကစား အတြင္းစိတ္ႏူးခံ့၍ အေပးသမားသာျဖစ္သည္ crd; numerology

 

Unicode

၁ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရသော အချင်းအရာဖြစ်သည်ဟု ယူဆကြသည်။ ဘဝအဖေါ်ကို ရွေးချယ်သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူကတစ်ယောက်၊ လက်ထပ်ရသူကတစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသော ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်

၂ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက် မွေးသူများကို ၂ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန်ချစ်တတ်သလို အငြိုးအတေးကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘဝအဖေါ် ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတိုကို အဓိကထားသည်ဟု အများမှ အထင်လွဲခြင်းခံရတတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ် ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့် ဆုံဆည်းကိန်း မရှိသော်လည်း အချစ်ဆုံးသူနှင့်လက်တွဲရမည်

၃ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၂ ဂဏန်းသမား များဟုခေါ်သည်။ မျက်နှာပွင့်၍လူချစ်လူခင်ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့သမျှကို နားလည်ခွင့်လွှတ်သောသူ၊ အနိုင်ယူရမည့်သူကို ရွေးချယ်တတ်သည်။နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံးပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူတစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေးလွန်းသူဖြစ်သည်

၄ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေးရွေးချယ်၍ အလိုလိုက်အကြိုက်ဆောင်ကာ ဘဝမြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာတွင် စိတ်ဓါတ်တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့်တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်

၅ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘောသဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက်အကူပြု ပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေးနှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့်သူဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်ဆန်သော နှလုံးသားဖြစ်သည်

၆ ဂဏန်း သမားများ
မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသောအယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအဝိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့်ဆန့်ကျင်ရန် ဝန်မလေး။ အပျော်သဘော စိတ်ကစားခြင်းမရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည်။ အချစ်မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်

၇ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ်လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင်တိုက်ခိုက်ရန် ဝန်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက်သဖြင့် မချစ်တတ်သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည် ဘဝလမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှရတတ်သည်

၈ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကိုအရာရာပြည့်စုံစေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်းမျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီးမနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို စာနာစိတ်အပြည့်နှင့် မေတ္တာထားတတ်သည်

၉ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။ အလွန်အချစ်ခံလိုသည်။မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေးဆက်ဆံသူအား လိုလားသည်။အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန်မျက်နှာများ၍ ရည်းစားမှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူအရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင်တစ်ဆက်တည်းမြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန်သည်ဟုထင်ရ လင့်ကစား အတွင်းစိတ်နူးခံ့၍ အပေးသမားသာဖြစ်သည် crd; numerology