မင်းတပ် စစ်ဘေးရှောင် ၆ ရက်သားအရွယ် ကလေး ၁ ဦး မိုးဒဏ်လေဒဏ်တွေကြား အဆုတ်ထိ၍-




Unicode

စစ်ကောင်စီတပ်ဖွဲ့နှင့်မင်းတပ်မြို့နယ် CDF မဒပ်အုပ်စု ပူကွန်းရွာအဝင်ဘက်တွင် ၂၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့၍ ရပ်ရွာနေ ပြည်သူများ တောအုပ်နေရာများထဲတွင်ရှောင်တိမ်းခဲ့ရာမှ မိုးသက်လေပြင်းတွေတိုက်ခတ်ခဲ့ပြီး

အဘ ဦးနိုင်းထန်း အမိ ဒေါ်နိုင်းလီတို့၏သားကြီးမောင်ထန်းနိုင်း ၆ ရက်သားအရွယ်သည် မိုးသက်လေပြင်းကြားတွင် ကျန်းမာရေးစောင့်ရှောက်မှုမရ အဆုတ်ထိ၍ ယနေ့ နေ့လည် ၁ နာရီ ဝန်းကျင်တွင်ကွယ်လွန်သွားကြောင်းသိရသည်

ကလေးရယ် မင်း မိဘတွေနဲ့ ထပ်တူ ခံစားရပါတယ်၊ အေးချမ်းရာမှာ နားနေပါတော့၊ ဒီလိုအဖြစ်မျိုး နောင်ဘဝသံသရာမှာ မကြုံရပါစေနဲ့ နောက်ဘဝ လူပြန်ဖြစ်ရင် ​အေးချမ်းတဲ့နိုင်ငံမှာ လူ့အခွင့်အ​ရေးအပြည့်ရရှိပီး ​ပျော်ရွှင်စွာ ​နေနိုင်ပါ​စေ က​လေးရယ် Crd Chin World