စစ္ေကာင္စီက ပုဒ္မ ၅၀၅ က ျဖင့္ အမႈဖြင့္ခံထားရသည့္ အဆိုေတာ္ ေအသင္ခ်ိဳေဆြအားယေန႔ ေမလ၂၃ ရက္ ည ၇ နာရီခြဲ အခ်ိန္ ရန္ကုန္ၿမိဳ႕ လွိုင္ၿမိဳ႕နယ္ ၁၂ ရပ္ ကြက္ ေအာင္ဓမၼရိပ္သာလမ္းရွိ Shwe Parami ကြန္ဒို၌ စစ္ေကာင္စီတပ္ေတြ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သူနဲ႔နီးစပ္သူေတြကလူမႈ႔ကြန္ယက္စာမ်က္ႏွာေတြေပၚမွာေရးသားေနၾကပါတယ္
လက္ရွိတြင္ စစ္ေကာင္စီကို မေထာက္ခံဘဲ ဆန္႔က်င္ေနၾကသည့္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ အစရွိသည့္ အႏု ပညာရွင္မ်ားစြာကို ပုဒ္မ ၅၀၅ က ျဖင့္ အမႈဖြင့္ထားၿပီး ဖမ္းဆီးခံရသည့္ နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားလည္းရွိေနကာ၊ ထပ္မံ၍ အျခား အႏုပညာရွင္မ်ားကိုလည္း ရွာေဖြဖမ္းဆီးေနေၾကာင္း သိရသည္
အဆိုေတာ္ေအသင္ခ်ိဳေဆြက အေရးေတာ္ပုံမွာ တက္ႂကြစြာ ပါဝင္လႈပ္ရွားေနတဲ့ အႏုပညာရွင္တစ္ေယာက္ပါ..ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကတည္း ေျပာင္းလဲခဲ့တဲ့ နိုင္ငံ ေရးအေၿခ အေန ေတြမွာလည္း ျပည္သူေတြဘက္ကေန တစ္သားတည္းရပ္တည္ေပးခဲ့တာလည္း ျဖစ္ပါတယ္
အဆိုေတာ္ေအသင္ခ်ိဳေဆြ အတြက္ ပရိသတ္ေတြက ဆုေတာင္းအားေပးစကားေတြ ေရးေပးခဲ့ဖို႔ ေတာင္းဆို လိုက္ပါတယ္ crd ဧရာဝတီ
Unicode
စစ်ကောင်စီက ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသည့် အဆိုတော် အေသင်ချိုဆွေအားယနေ့ မေလ၂၃ ရက် ည ၇ နာရီခွဲ အချိန် ရန်ကုန်မြို့ လှိုင်မြို့နယ် ၁၂ ရပ် ကွက် အောင်ဓမ္မရိပ်သာလမ်းရှိ Shwe Parami ကွန်ဒို၌ စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူနဲ့နီးစပ်သူတွေကလူမှု့ကွန်ယက်စာမျက်နှာတွေပေါ်မှာရေးသားနေကြပါတယ်
လက်ရှိတွင် စစ်ကောင်စီကို မထောက်ခံဘဲ ဆန့်ကျင်နေကြသည့် အဆိုတော်၊ သရုပ်ဆောင် အစရှိသည့် အနု ပညာရှင်များစွာကို ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးခံရသည့် နာမည်ကျော် သရုပ်ဆောင်များလည်းရှိနေကာ၊ ထပ်မံ၍ အခြား အနုပညာရှင်များကိုလည်း ရှာဖွေဖမ်းဆီးနေကြောင်း သိရသည်
အဆိုတော်အေသင်ချိုဆွေက အရေးတော်ပုံမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ယောက်ပါ..ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်း ပြောင်းလဲခဲ့တဲ့ နိုင်ငံ ရေးအခြေ အနေ တွေမှာလည်း ပြည်သူတွေဘက်ကနေ တစ်သားတည်းရပ်တည်ပေးခဲ့တာလည်း ဖြစ်ပါတယ်
အဆိုတော်အေသင်ချိုဆွေ အတွက် ပရိသတ်တွေက ဆုတောင်းအားပေးစကားတွေ ရေးပေးခဲ့ဖို့ တောင်းဆို လိုက်ပါတယ် crd ဧရာဝတီ