သ႐ုပ္ေဆာင္အႏုပညာရွင္ တစ္ေယာက္အျဖစ္ ဇာတ္ကားေတြမ်ားစြာရိုက္ကူးထားတဲ့ နႏၵာလွိုင္ရဲ့ေမာင္ေလး စိန္ၿဖိဳးလွိုင္ ကေတာ့ ဆရာဝန္တစ္ေယာက္ အျဖစ္လည္း ျပည္သူေတြကို အက်ိဳးျပဳေနသူလည္း ျဖစ္ပါတယ္..။ စိန္ၿဖိဳးလွိုင္ကေတာ့ လက္ရွိ အေျခအေနေတြ ေၾကာင့္ လေပါင္းမ်ားစြာ တစ္ႏွစ္ေလာက္အပင္ပန္းခံႀကိဳးစားခဲ့တဲ့ သူ႔ရဲ့ အိပ္မက္ေတြကို စြန႔္လႊတ္လိုက္တဲ့အေၾကာင္း ေျပာျပလာပါတယ္
အခုလိုအခ်ိန္မွာ ေက်ာင္းတက္ၿပီး ဘြဲ႕ယူမယ့္ အစား ျပည္သူေတြနဲ႔အတူ ရပ္တည္ၿပီး သူ႔ရဲ့စိတ္ကူးအိပ္မက္ေတြကို စြန႔္လႊတ္ကာ ေက်ာင္းနားလိုက္တဲ့အေၾကာင္းေျပာျပထားတာပါ
ဘြဲ႕ယူဖို႔ ၆လေလာက္ပဲ က်န္ေတာ့တာျဖစ္ေပမယ့္ အခုလို တိုင္းျပည္ဒုကၡ ေရာက္ေနတဲ့အခ်ိန္မွာ ဘာမွမျဖစ္သလို ေက်ာင္းဆက္တက္ၿပီး ဘြဲ႕ရလာရင္လည္း ျပည္သူေတြအတြက္ အက်ိဳးမျပဳနိုင္တဲ့အတြက္ ေက်ာင္းဆက္မတက္ေတာ့ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္
ကၽြန္ေတာ့္ရဲ့ Master ဘြဲ႕အိမ္မက္ကိုစြန႔္လႊတ္ျခင္း ကၽြန္ေတာ္ ကွိုဗစ္ မျဖစ္ခင္ ၁ ႏွစ္ေလာက္ကတည္းက ရန္ကုန္ စီးပြားေရး တကၠသိုလ္မွာ ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမႈပညာ မဟာ တန္း EMPA သင္တန္းကိုစတက္ခဲ့တာပါ။ ေရးေျဖ, လူေတြ႕ ေတြျဖတ္ေက်ာ္ၿပီးမွာ ဝင္ခြင့္ရခဲ့လို႔ အလြယ္တကူ တက္ခြင့္ရခဲ့တာေတာ့မဟုတ္ပါဘူး
တက္ခြင့္ရေတာ့လဲ ညေနတိုင္း တစ္ပတ္ ၅ ရက္နဲ႔ စေနေန႔ ေန႔တစ္ဝက္ ကိုအလုပ္ဆင္းၿပီး အိမ္မျပန္ပဲ တက္ခဲ့တာပါ။ ၾကားထဲမွာလဲ ဘာသာရပ္ေတြကို စိတ္ဝင္စားလို႔ စာေမးပြဲေပါင္းမ်ားစြာကို Grade ေကာင္းေအာင္ႀကိဳးစားေျဖခဲ့ပါတယ္
အခု ကွိုဗစ္ ကတည္း ကပိတ္ထားတဲ့ေက်ာင္း ကို ျပန္ဖြင့္ဖို႔အမိန႔္စာ ထြက္လာေတာ့ ကၽြန္ေတာ္ဆုံးျဖတ္ရေတာ့မဲ့ အခ်ိန္ေရာက္လာပါတယ္။ ဒီလို အေျခအေနေတြမွာ ၆လပဲက်န္ေတာ့တဲ့ ေက်ာင္းကိုႀကိတ္မွိတ္ျပန္တက္ၿပီး ဘြဲ႕ရေအာင္ယူမလား, ကိုယ္လိုခ်င္လြန္းလို႔ တစ္ႏွစ္ေလာက္ညေနတိုင္း အပင္ပန္းခံခဲ့တာေတြကို လႊတ္ပစ္ၿပီး ေက်ာင္းနားမလားဆိုတာပါ။ Master ယူဖို႔ဆိုတာ ကၽြန္ေတာ့ အိမ္မက္ေတြထဲက တစ္ခုပါ
အခုလိုတိုင္းျပည္ဒုကၡ ေရာက္ေနတဲ့အခ်ိန္မွာ ဘာမွမျဖစ္သလိုေက်ာင္းဆက္တက္ၿပီး ဘြဲ႕ရလာေတာ့လဲ တိုင္းျပည္အတြက္သုံးေပးလို႔မရေတာ့မဲ့အတူတူ ဆက္မတက္ေတာ့ဘူးလို႔ပဲ စိတ္မေကာင္းစြာနဲ႔ ဆုံးျဖတ္လိုက္ပါတယ္။.. ဆိုၿပီး စိန္ၿဖိဳးလွိုင္က ေျပာျပထားတာ ျဖစ္ပါတယ္
အပင္ပန္းခံႀကိဳးစားခဲ့တဲ့ အိပ္မက္ေတြကို စြန႔္လႊတ္ဖို႔ ဆုံးျဖတ္လိုက္ရတဲ့ စိန္ၿဖိဳးလွိုင္ရဲ့ သေဘာထားေတြကို ခင္မင္ရင္းႏွီးတဲ့ မိတ္ေဆြတခ်ိဳ႕နဲ႔ ပရိသတ္ေတြကလည္း ေလးစားခ်စ္ခင္ၾကတဲ့အေၾကာင္းေတြကို မွတ္ခ်က္ေပး ေရးထားၾကတာ ေတြ႕ရပါတယ္. Photo Credit – Sein Phyo Hlaing’s Fb Ac
Unicode
သရုပ်ဆောင်အနုပညာရှင် တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာရိုက်ကူးထားတဲ့ နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင် ကတော့ ဆရာဝန်တစ်ယောက် အဖြစ်လည်း ပြည်သူတွေကို အကျိုးပြုနေသူလည်း ဖြစ်ပါတယ်
စိန်ဖြိုးလှိုင်ကတော့ လက်ရှိ အခြေအနေတွေ ကြောင့် လပေါင်းများစွာ တစ်နှစ်လောက်အပင်ပန်းခံကြိုးစားခဲ့တဲ့ သူ့ရဲ့ အိပ်မက်တွေကို စွန့်လွှတ်လိုက်တဲ့အကြောင်း ပြောပြလာပါတယ်
အခုလိုအချိန်မှာ ကျောင်းတက်ပြီး ဘွဲ့ယူမယ့် အစား ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ကာ ကျောင်းနားလိုက်တဲ့အကြောင်းပြောပြထားတာပါ
ဘွဲ့ယူဖို့ ၆လလောက်ပဲ ကျန်တော့တာဖြစ်ပေမယ့် အခုလို တိုင်းပြည်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလို ကျောင်းဆက်တက်ပြီး ဘွဲ့ရလာရင်လည်း ပြည်သူတွေအတွက် အကျိုးမပြုနိုင်တဲ့အတွက် ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်
ကျွန်တော့်ရဲ့ Master ဘွဲ့အိမ်မက်ကိုစွန့်လွှတ်ခြင်း ကျွန်တော် ကှိုဗစ် မဖြစ်ခင် ၁ နှစ်လောက်ကတည်းက ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာ တန်း EMPA သင်တန်းကိုစတက်ခဲ့တာပါ။ ရေးဖြေ, လူတွေ့ တွေဖြတ်ကျော်ပြီးမှာ ဝင်ခွင့်ရခဲ့လို့ အလွယ်တကူ တက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူး
တက်ခွင့်ရတော့လဲ ညနေတိုင်း တစ်ပတ် ၅ ရက်နဲ့ စနေနေ့ နေ့တစ်ဝက် ကိုအလုပ်ဆင်းပြီး အိမ်မပြန်ပဲ တက်ခဲ့တာပါ။ ကြားထဲမှာလဲ ဘာသာရပ်တွေကို စိတ်ဝင်စားလို့ စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင်ကြိုးစားဖြေခဲ့ပါတယ်
အခု ကှိုဗစ် ကတည်း ကပိတ်ထားတဲ့ကျောင်း ကို ပြန်ဖွင့်ဖို့အမိန့်စာ ထွက်လာတော့ ကျွန်တော်ဆုံးဖြတ်ရတော့မဲ့ အချိန်ရောက်လာပါတယ်။ ဒီလို အခြေအနေတွေမှာ ၆လပဲကျန်တော့တဲ့ ကျောင်းကိုကြိတ်မှိတ်ပြန်တက်ပြီး ဘွဲ့ရအောင်ယူမလား, ကိုယ်လိုချင်လွန်းလို့ တစ်နှစ်လောက်ညနေတိုင်း အပင်ပန်းခံခဲ့တာတွေကို လွှတ်ပစ်ပြီး ကျောင်းနားမလားဆိုတာပါ။ Master ယူဖို့ဆိုတာ ကျွန်တော့ အိမ်မက်တွေထဲက တစ်ခုပါ
အခုလိုတိုင်းပြည်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလိုကျောင်းဆက်တက်ပြီး ဘွဲ့ရလာတော့လဲ တိုင်းပြည်အတွက်သုံးပေးလို့မရတော့မဲ့အတူတူ ဆက်မတက်တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်။.. ဆိုပြီး စိန်ဖြိုးလှိုင်က ပြောပြထားတာ ဖြစ်ပါတယ်
အပင်ပန်းခံကြိုးစားခဲ့တဲ့ အိပ်မက်တွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ စိန်ဖြိုးလှိုင်ရဲ့ သဘောထားတွေကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတချို့နဲ့ ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြတဲ့အကြောင်းတွေကို မှတ်ချက်ပေး ရေးထားကြတာ တွေ့ရပါတယ် Photo Credit – Sein Phyo Hlaing’s Fb Ac