Mrtv 4မှာ လက်ရှိပြသနေတဲ့ အချစ်ဖွဲ့လေညင်းဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲမှာ ခင်သဇင်က ဒေါ်မိုးကလျာအနေနဲ့အကောင်းဆုံးပါဝင် သ ရုပ် ဆောင်ထားတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ ခင်သဇင်က မိသားစုဆိုတာ ကို ယုံကြည်မှု လုံးဝကို မရှိဘူး လို့ ပွင့် ပွင့်လင်းလင်းပြောကြား လာခဲ့တာပါ”သူတို့ စိတ်မြန်လက်မြန်နဲ့ကွဲကြတဲ့ အိမ်ထောင်တစ်ခု မှာ ခင်သဇင်ရဲ့ ဘဝတစ်ခုလုံးစာနဲ့ ရင်းပြီး ခံ စားခဲ့ရတာ…။ မိဘမစုံတဲ့ကလေး တစ်ယောက်က လူစင်မမှီသလိုပဲ ခင်သဇင် လို ကလေးမျိုးတွေ လောကထဲကို ထပ်ပြီး မခေါ် ချင်တော့ ဘူး” လို့ ခင်သဇင် ကပြောကြားခဲ့တာဖြစ်ပါတယ်

ခင်သဇင်က “သဇင့်အရင်တုန်းက ငယ်ဘဝ ဓာတ်ပုံတွေကို ကြည့် လိုက်ရင် ငါဒီလောက်ဘာလို့ပျော်နေခဲ့တာလဲ အမြဲတွေးကြည့်မိတယ် တ ကယ်ကို အဲ့ဒါတွေ ဘာတစ်ခုမှ သတိမရတော့ တာ အဲ့ဒါတွေကြောင့် သဇင် ယောကျာ်းယူရမှာအရမ်းကြောက်တယ် နောက်ပြီး ယူ ဖြစ်ရင် ကလေးမွေးဖို့ကိုအရမ်းကြောက်တယ် အဲ့ဒီလောက်ထိ ကို ဖြစ်သွားတာပေါ့ တကယ်မိသားစုဘဝကို ကောင်းကောင်း ပိုင်ဆိုင် ထားတဲ့ သူ တွေ့ရင်တော့ တကယ် အားကျပါတယ်” လို့ ခင်သဇင်ကပြောသွားခဲ့တာပါ။ခင်သဇင်ကတော့ သူမတွေ့ကြုံခဲ့ ရတဲ့ အတွေ့အ ကြုံ တွေကြောင့် မိသားစုဘဝဆိုတာကို မယုံရဲ လောက်အောင် ဖြစ်ခဲ့ရပုံကို တင် ဆက်ပေးလိုက် ရပါတယ်နော် ။
Credit ; Shwe yaung lan
Zawgyi
Credit: Shwe yaung lan