မြန်မာ အာဏာရှင်လူတစုအထိနာသွားစေလောက်မယ့် ခပ်ပြင်းပြင်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်
Unicode
ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ POSCO International ဟာ မြန်မာသဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ ၈.၅ရာခိုင်နှုန်း ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီနှစ်တောအတွင်းမှာ ကိုရီးယားသဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်းဟာ POSCO International ကအမြတ်ငွေဘီလီယံ၂၀ဝ ဒေါ်လာ ၁၆.၇ သန်း ရရှိခဲ့ပါ တယ် ၂၀၂၀ ခုနှစ်မှာဆို အမြတ်အစွန်း၃၀၅.၆ ဘီလီယံဝမ်ရရှိခဲ့ပါတယ်။ ဒီလိုဝင်ငွေတွေရရှိတဲ့အပေါ်မှာ လည်းမြန်မာနိုင်ငံအတွက် ပြည်တွင်းအခွန်ငွေတွေ ပေးဆောင်ရတာရှိပါတယ်
ဒီအပေါ်မှာ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရဒေါဘူးလောမင်းဂျူးပါတီရဲ့လွှတ်တော်အမတ် ကင်မ်ယုံးမင်က POSCO International က မြန်မာနိုင်ငံအတွက် ဝင်ငွေခွန်ခွဲခြမ်းပေးဝေမှုကိုရပ်ဆိုင်းပေးပါလို့ တောင်းဆိုလာခဲ့ပါတယ်
ဒီတောင်းဆိုမှုရဲ့နောက်မှာပဲ လွှတ်တော်အမတ်ကထပ်မံပြီး  ဒီလောက်များတဲ့ငွေတွေကို အဆုံးရှုံးမခံနိုင်တဲ့POSCO ရဲ့ အနေအထားကိုလည်း ကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်။ ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေကိုမရပ်ခိုင်းပါဘူး။ အခုဆို အာဏာသိမ်းပြီးသုံးလကျော်ခဲ့ပြီ။ အရပ်သား ၈၀၀ ကျော်ကျဆုံးခဲ့ရပြီ။ ဒီလို မတရားတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့ အခုရထားတဲ့ အမြတ်ငွေတွေကို မြန်မာစစ်တပ်ကို ခွဲဝေပေးဖို့ ခဏရပ်ဆိုင်းပေးပါ။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒီမိုကရေစီပန်းတိုင် အဆုံးအထိလက်တွဲသွားမှာပါ။  ဟုဆိုကာ သူ့ရဲ့သဘောထားအမှန်ကို အတိအလင်းပြောကြားခဲ့ပါတယ်
ပြည်သူ့အာဏာဟာပြည်သူ့လက်ထဲမှာမရှိတော့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကစပြီး မြန်မာပြည်သူတွေဟာဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ မြန်မာပြည်သူတွေကိုစာနာပြီး အစစအရာရာကူညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်
လက်ရှိအချိန်ထိ ရတဲ့ဖက်ကကြိုးစားပြီးကူညီပေးနေတာ တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ မလုံခြုံခဲ့ရတဲ့ဘဝတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလိုကူညီပေးကြတဲ့ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေက အမြဲကျေးဇူးတင်နေမှာပါ