လှူပါ
၎ ကြွင်းလျှင် … ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ
Unicode
အကြွေးမြန်မြန်ကြေစေဖို့ ယတြာလုပ်ကြစို့
အကြွေးသံသရာတွင် နစ်မြုတ်နေလျှင်
မိတ်ဆွေတို့တွင် …မြုပ်နေသော ငွေကြေး ၊
အကြွေးပတ်လည်ဝိုင်းနေတာ အဆင်ပြေဖို့ ၊
စီးပွားရေးလုပ်ငန်းများ ပြန်ပေါ်လာ၊ ပြန်လည် ဦးမော့လာဖို့အတွက် …. ရှေးဆရာ အစဉ်
အဆက် ကုန်ဘောင်ခေတ် ကတည်းက
လက်ဆင့်ကမ်း အသုံးပြုလာခဲ့သော
ဓာတ်ယတြာ နည်းတစ်ခုဖြစ်သည်
မုန့်လုံးရေပေါ် ဆယ်ယတြာပြုလုပ်နည်း
မုန့်လုံးရေပေါ်က အိုးထဲထည့်ကာစမှာ မြုပ်နေတယ် ကျက်မှ ပြန်ပေါ်လာတဲ့ အတွက်
မြုပ်နေတဲ့အရာတွေ ပြန်ပေါ်လာစေတတ်တဲ့ ဓာတ်သဘောပဲ ဖြစ်ပါတယ်
သင်၏ရောက်ဆဲ အသက်ကို ၄ ဖြင့် မြှောက်ပါ
ရသော အရေအတွက်ကို မုန့်လုံးရေပေါ် လုပ်ပါ
ထိုအထဲမှ မုန့်လုံး ရေပေါ် ၁၀ လုံးကို မွေးနေ့ နံနက် ၁၀ နာရီ တိတိတွင် အိမ်၏ ဘုရားတွင်
လှူပါ
သင်၏အသက်ကို ၇ ဖြင့်စားပါ
၁ ကြွင်းလျှင်… တနင်္ဂနွေနေ့တွင် ပြုလုပ်ပါ
၂ ကြွင်းလျှင် … တနင်္လာနေ့တွင် ပြုလုပ်ပါ
၃ ကြွင်းလျှင် … အင်္ဂါနေ့တွင် ပြုလုပ်ပါ
၄ ကြွင်းလျှင် … ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ပါ
၅ ကြွင်းလျှင် … ကြာသပတေးနေ့တွင် ပြုလုပ်ပါ
၆ ကြွင်းလျှင် … သောကြာတွင် ပြုလုပ်ပါ
၀ ကြွင်းလျှင် … စနေနေ့တွင် ပြုလုပ်ပါ
မုန့်လုံးရေပေါ် ၁၀ လုံးတိတိကို မြတ်စွာဘုရား အား ကပ်လှူပြီးလျှင် ပိုသောမုန်လုံးများကို အိမ်နီး နားချင်းများ အားပေးဝေလိုက်ပါ
အဘမင်းသိင်္ခ၏ တပည့်ရင်းဆရာဟန်ထွန်းစိုး တဲရော့ ဗေဒ လက္ခဏာ