Unicode
လက်ရှိအခြေအနေတွေအရ ဝင်ငွေမရှိတာကြောင့်အဝတ်အစားများကိုယ်တိုင်ရောင်းချနေတဲ့ ဦးငြိမ်းချမ်း
ဝါရင့် လူရွှင်တော် တစ်ဦးဖြစ် သလို ဟာသ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်တဲ့ ဦးငြိမ်းချမ်း ဟာမေလ တွင်း မှစတင်ပြီး အဝတ်အထည် များ ကို သူ့ရဲ့ facebook အကောင့်ကနေ
တစ်ဆင့်live လွှင့်ရောင်းချလျက် ရှိပါတယ်။ အဝတ်အထည် အမျိုးအစားတွေက မြင်းခြံ ချည် ပေါင်းသားများ၊စပန့်များ ဖြစ်ပြီးတော့ အမျိုးသားရော အမျိုးသမီးများ အတွက်ပါ ပါဝင် ပါတယ်
အနုပညာ အလုပ်တွေ ရပ်နားထား ရတဲ့ အခုလို အချိန်မျိုး မှာ ဝင်ငွေ မရှိတာကြောင့် နေ့စဉ် ဝမ်းရေးဖြေရှင်း ရုံသာ အခု လိုရောင်းချ တာဖြစ် ပြီးဈေးနှုန်းမှာလဲ ၅ထောင်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်
Live sale ပြုလုပ် ရာမှာလဲ သမီးဖြစ်သူ နေခြည်ငြိမ်းချမ်း၊ဟာသ သရုပ်ဆောင် ဟေမာမန်းဝင်း စတဲ့ အနုပညာရှင် များက ကူညီရောင်းချ ပေး ကြ ပြီးတော့ ဦးငြိမ်းချမ်း မှာလည်းကျန်းမာရေး ကောင်းမွန်လျက် ရှိပါတယ် CRD