Unicode
2022 ကမ္ဘာ့ဖလားနှင့် 2023 အာရှဖလားခြေစစ်ပွဲ မြန်မာအသင်းသမိုင်းတလျှောက် စံချိန်တင်ဂိုးပြတ်ရှုံး
ဂျပန် 10 – 0 မြန်မာ ပွဲပြီးရလာဒ်
ယနေ့ညနေ ယှဉ်ပြိုင်ကစားခဲ့သည့် 2022 ကမ္ဘာ့ဖလားနှင့်
2023 အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်တွင်
မြန်မာအသင်းမှ ဂျပန်အသင်းကို 10-0 ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်
ယခုရှုံးနိမ့်ခြင်းမှာ မြန်မာအသင်းသမိုင်းတစ်လျှောက်
စံချိန်တင် ဂိုးအပြတ်ဆုံးရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်
ယခင်က ဂိုးအပြတ်ဆုံးရှုံးပွဲမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ကူဝိတ်အသင်းကို 9-0 ဂိုးဖြင့် အဝေးကွင်း၌ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည် crd, Zin Moe
ယခုပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ဂျပန်အသင်းကို ခြေစွမ်းရော စိတ်ဓာတ်ပါ ယှဉ်မကစားနိုင်ခဲ့ဘဲ ခံစစ်တွင်သာ အချိန်ကုန်ခဲ့ရသည်
မြန်မာအသင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှု ၂၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုမှာလည်း ၂ ကြိမ်ရှိခဲ့ရာ တကြိမ်သာဂိုးပေါက်တည့်ခဲ့သည်
ခြေစစ်ပွဲလက်ကျန်ပွဲစဉ်များအနေဖြင့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကာဂျစ္စတန်အသင်းနှင့်လည်းကောင်း၊ ဇွန်လ ၁၅ ရက်နေ့တွင် တာဂျစ်ကစ္စတန်အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်