၁ နံနက်အိပ်ရာထ သောက်ရေ နှစ်ခွက် ဆက်တိုက် သောက်ပေးခြင်းက အူတွေကို အလုပ်လုပ် စေလို့ ဝမ်းသွားစေပါတယ် ၊ နေ့စဉ် ရေရှစ်ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကို မွေးမြူပါ
၂ သံပရာသီး ကလည်း ဝမ်းချုပ်ခြင်းမှ သက်သာစေလို့ နံနက်အိပ်ရာထ အစာမစားခင်မှာ ရေ နွေး တစ်ဖန်ခွက်ထဲကို သံပရာသီး တစ်လုံး ညှစ်ပြီးပျားရည် လ က်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆား အနည်းငယ် ဖျော်၍ သောက်ပါ
၃ ပဲသီး ၊ ဟင်းနုနယ် စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက် များနဲ့ လိမ္မော်သီး သစ်တော်သီးကဲ့ သို့ အရည်ရွှမ်းပြီး အမျှင်များတဲ့ သစ်သီးများ စားပါ
၄ အမျှင်ဓာတ် ပေါများသော ဂုန်လျှော်စေ့က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာ ပျောက်ကင်းစေ ပါတယ်
၅ နွားနို့ပူပူ သောက်ခြင်းက အူမကြီးကိုကေ ာင်းစွာ လှုံ့ဆော်ပေးတာကြောင့် ဝမ်းမချုပ်စေ တော့ပါဘူး သို့မဟုတ် ညအိပ်ရာဝင်ခါနီး နွားနို့ ပူပူထဲမှာထောပတ်ကို လက်ဖက်ရည်ဇွန်း တစ် ဇွန်း ပမာ ဏ ခပ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်း ရှောရှောရှုရှု ဝမ်းသက် စေပါတယ်
၆ နံနက်စောစော ၁၅ မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကို လှုပ်ရှားကာ ဝမ်းသွား စေပါတယ်
၇ သဖန်းသီး ၊ ပဲကတ္တီပါ ၊ မြေပဲ ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက် စားပေးပါ မာလကာသီး အူနီ အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်
၈ ကြံရည်၊ ခရမ်းချဉ်သီးနဲ့ beet root ခေါ် သကြား မုန်လာဥ ခေါ် သွေးရောင်ကဲ့သို့ မုန်လာဥနီ အလုံးတို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ
၉ နံနက်တိုင်း သင်္ဘောသီး မှည့်မှည့် စားပါ
၁၀ ပန်းသီးကလည်း ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့ အတွက် တစ်နေ့နှစ်လုံး မှန်မှန် စားသင့်ပါတယ်
၁၁ အရွ က်မှာ အမွေးလေးတွေ ပါတဲ့ ကုလားမြင်းခွာ ရွက်ပင်၏ အပွင့်ကို သကြားနဲ့ ကြိတ်၍ စားပါ
၁၂ ကြက်ဟင်းခါးသီးကို သောက်ရေ ၊ ဆားတို့နဲ့ စိမ်ပြီး သောက်ပါ
၁၃ ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက်ကို လိမ်းပေးပါ
၁၄ ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ထန်းလျက် ၁၀ ကျပ်သား ၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၁၀ ကျ ပ်သား၊ စမုံမျိုးငါးပါးကို အမှုန့်နှစ်ပဲ၊ စားဆီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် စားပေးပါ