NUG အစိုးရကိုေထာက္ခံဖို႔ နိုင္ငံတကာကို ကုလအထူးကိုယ္စားလွယ္တိုက္တြန္း
ဂ်ပန္နိုင္ငံ ၊ နိုင္ငံျခားသတင္းေထာက္မ်ားကလပ္က သတင္းစာရွင္းလင္းပြဲတခုကို တိုက်ိဳမွာျပဳလုပ္ခဲ့ၿပီး ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ့ျမန္မာနိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ ခရစၥတင္း ရွာရာနာ ဘာဂါနာက နိုင္ငံတကာအေနနဲ႔အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကိုေထာက္ခံဖို႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္
NUG က နိုင္ငံတကာရဲ့ေထာက္ခံမႈလိုအပ္ေနပါတယ္။ ဒါေၾကာင့္ ကုလသမဂၢအဖြဲ႕ဝင္နိုင္ငံေတြအေနနဲ႔ NUG နဲ႔ စကားေျပာဆိုဖို႔ နဲ႔ ျမန္မာျပည္သူေတြကိုေထာက္ခံဖို႔ တိုက္တြန္းပါတယ္ လို႔ ေျပာၾကားခဲ့ပါတယ္
NUG ဟာ နိုဝင္ဘာအေထြေထြေရြးေကာက္ပြဲမွာ ေရြးေကာက္တင္ေျမႇာက္ခံခဲ့ရတဲ့ နိုင္ငံေရးသမားေတြနဲ႔ဖြဲ႕စည္းထားတဲ့ အမ်ိဳးသားညီညြတ္ေရးအစိုးရျဖစ္ၿပီးေျမေအာက္ သို႔မဟုတ္ ျပည္ပကေန လည္ပတ္ေနပါတယ္
ေဖေဖာ္ဝါရီ ၁ ရက္ နိုင္ငံေတာ္အာဏာသိမ္းယူခဲ့တဲ့ မင္းေအာင္လွိုင္ရဲ့ စကစ နဲ႔အၿပိဳင္ ဝန္ႀကီးေတြကိုခန႔္အပ္ထားပါတယ္
တဆက္တည္းမွာပဲ NUG ကို တရားဝင္အစိုးရအျဖစ္အသိ အမွတ္ျပဳတာ ျပႆနာရွိတယ္လို႔ သူမကဝန္ခံခဲ့ပါတယ္။ စစ္တပ္ကေရးဆြဲထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဝန္ႀကီးေတြကိုခန႔္အပ္ဖို႔ နိုင္ငံေတာ္သမၼတရဲ့ ေထာက္ခံခ်က္လို အပ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ နိုင္ငံေတာ္သမၼတ နဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံကို စစ္တပ္က ဖမ္းဆီးထိန္းသိမ္းထားပါတယ္
ဒါေၾကာင့္ ရွင္းရွင္းလင္းလင္းေျပာရရင္ ဒါက အခက္အခဲတခုပါပဲ။ NUG ကို တရားဝင္အစိုးရအျဖစ္လက္ခံဖို႔က အဖြဲ႕ဝင္နိုင္ငံေတြအေပၚ မူတည္ပါတယ္ လို႔ သူမကေျပာပါတယ္
Ref:Nikkei Asia နိုက္ကီအာရွ
Unicode
NUG အစိုးရကိုထောက်ခံဖို့ နိုင်ငံတကာကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း
ဂျပန်နိုင်ငံ ၊ နိုင်ငံခြားသတင်းထောက်များကလပ်က သတင်းစာရှင်းလင်းပွဲတခုကို တိုကျိုမှာပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်း ရှာရာနာ ဘာဂါနာက နိုင်ငံတကာအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုထောက်ခံဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်
NUG က နိုင်ငံတကာရဲ့ထောက်ခံမှုလိုအပ်နေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ NUG နဲ့ စကားပြောဆိုဖို့ နဲ့ မြန်မာပြည်သူတွေကိုထောက်ခံဖို့ တိုက်တွန်းပါတယ် လို့ ပြောကြားခဲ့ပါတယ်
NUG ဟာ နိုဝင်ဘာအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဖြစ်ပြီးမြေအောက် သို့မဟုတ် ပြည်ပကနေ လည်ပတ်နေပါတယ်
ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ စကစ နဲ့အပြိုင် ဝန်ကြီးတွေကိုခန့်အပ်ထားပါတယ်
တဆက်တည်းမှာပဲ NUG ကို တရားဝင်အစိုးရအဖြစ်အသိ အမှတ်ပြုတာ ပြဿနာရှိတယ်လို့ သူမကဝန်ခံခဲ့ပါတယ်။ စစ်တပ်ကရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးတွေကိုခန့်အပ်ဖို့ နိုင်ငံတော်သမ္မတရဲ့ ထောက်ခံချက်လို အပ်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားပါတယ်
ဒါကြောင့် ရှင်းရှင်းလင်းလင်းပြောရရင် ဒါက အခက်အခဲတခုပါပဲ။ NUG ကို တရားဝင်အစိုးရအဖြစ်လက်ခံဖို့က အဖွဲ့ဝင်နိုင်ငံတွေအပေါ် မူတည်ပါတယ် လို့ သူမကပြောပါတယ်
Ref:Nikkei Asia နိုက်ကီအာရှ