Unicode
ဂျပန်တရားရေးဝန်ကြီးမှ မြန်မာတွေ ဂျပန်ကိုဆန္ဒရှိရင်လာနိုင်ကြောင်း အလုပ်လုပ်ခွင့်ပါပေးမှာဖြစ်ကြောင်းပြောဆို
ဂျပန်က မြန်မာတွေရဲ့ ဒုတိယအိမ်ဖြစ်လာမှာလား ?
အုံကြွမူတွေ ဖြစ်ပေါ်နေတဲ့ မြန်မာမှာ အရပ်သားပြည်သူတွေထိခိုက်သေဆုံးမူတွေဖြစ်ပေါ်နေတဲ့အတွက် ဂျပန်တရားရေးဝန်ကြီးဌာနကနေ မြန်မာလူမျိုးတွေကိုဂျပန်မှာနေထိုင်ဖို့ အထူးအစီအစဉ်အနေနဲ့ခွင့်ပြုပေးဖို့ အတည်ပြုလိုက်တယ်လို့ သိရှိရပါတယ်..
တရားရေးဝန်ကြီး Kamikawa က သတင်းစာရှင်းလင်းပွဲမှာ – မြန်မာတွေ ဆန္ဒရှိပါက ဂျပန်မှာလာနေထိုင်ဖို့နဲ့ အလုပ်လုပ်ကိုင်ခွင့်တို့ကို အထူးအစီအစဉ်အနေနဲ့အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ် မြန်မာလူမျိုးများအတွက် ကို ၂၈ရက်နေ့ကနေ စပြီး ခွင့်ပြုပြီလို့ ထုတ်ပြန်လိုက်ပါတယ်..
ဒုက္ခသည်အဖြစ်လျှောက်ထားလာမယ်ဆိုရင်တော့ ချက်ချင်းစစ်ဆေးပေးမယ်ဟုကြေညာပြီး ဒုက္ခသည်အဖြစ်အတည်မပြုပေးနိုင်ရင်တောင် ဂျပန်မှာနေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်..
နေထိုင်ခွင့်ကျပြီးသားသူတွေက သတ်မှတ်ကာလကုန်ဆုံးသွားချိန်မှာလည်း တစ်နှစ်ထပ်တိုး အလုပ်လုပ်ကိုင်ခွင့်ရရှိသွားမှာဖြစ်ပြီး မြန်မာမှာ အခြေအနေပြန်ကောင်းလာရင်တော့ ပြောင်းလဲသွားမှာဖြစ်ပါတယ်..
မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်သူပြည်သားတွေကို ဖိနှိပ်မူတွေ ကြောင့် အသက်ဆုံးရူံးရမူတွေ ကြီးစွာဖြစ်ပွားနေပါတယ်
source-ANN မှ ဘာသာပြန်တင်ဆက်သည်. Crd Owner