ကုလအေနနဲ႔ ျမန္မာစစ္တပ္ကို လက္နက္တင္ပို႔ေရာင္းခ်မႈ တားျမစ္ေရးကိစၥကို မေထာက္ခံဖို႔ အာဆီယံက တိုက္တြန္း

ကုလသမဂၢအေနနဲ႔ ျမန္မာစစ္တပ္ကို လက္နက္တင္ပို႔ေရာင္းခ်မႈ တားျမစ္ေရးကိစၥကို မေထာက္ခံဖို႔ အာဆီယံက တိုက္တြန္းလိုက္တယ္လို႔ Benar News သတင္းဌာနက ေဖာ္ျပပါတယ္

ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢအေထြေထြ ညီလာခံ ဆုံးျဖတ္ခ်က္မူၾကမ္းကို ကမကထျပဳလုပ္တဲ့ နိုင္ငံေတြဆီကို ေပးပို႔တဲ့စာလႊာမွာ အာဆီယံ ကိုးနိုင္ငံက အခုလိုထည့္သြင္းေတာင္းဆိုခဲ့တာလို႔ Liechtenstein နိုင္ငံ သံတမန္တစ္ဦးက ေျပာပါတယ္

ျမန္မာနိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ျပည္လုံးကၽြတ္ သပိတ္ေတြေပၚေပါက္လာၿပီး အၾကမ္းဖက္စစ္အုပ္စုရဲ့ အင္အားသုံးၿဖိဳခြင္းတာေတြေၾကာင့္ ေသြးေခ်ာင္းစီးတဲ့ ျဖစ္ရပ္ေတြ ျမင့္တက္ေနတာပါ

လက္နက္ခဲယမ္းပစၥည္းအားလုံးကို ျမန္မာစစ္တပ္ဆီ တိုက္ရိုက္ ဒါမွမဟုတ္ တဆင့္ခံ ေထာက္ပံ့ေရာင္းခ်တာေတြ လြဲေျပာင္းတာေတြ ခ်က္ခ်င္းရပ္ဆိုင္းဖို႔ေတာင္းဆိုထားတဲ့ စာပိုဒ္ကို ျဖဳတ္ေပးဖို႔ စာလႊာထဲမွာ တိုက္တြန္းထားပါတယ္

အဲဒီစာလႊာဟာ အာဆီယံအဖြဲ႕ဝင္ စုစုေပါင္း ၁၀နိုင္ငံရွိတဲ့အနက္ ျမန္မာကလြဲၿပီး က်န္၉နိုင္ငံက ကိုယ္စားျပဳပို႔ခဲ့တာ ျဖစ္ပါတယ္

စာလႊာနဲ႔ ပတ္သတ္လို႔ ကုလဘက္က တုံ႔ျပန္တာ မရွိေသးပဲ အာဆီယံဆိုင္ရာ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း တစုံတရာမွတ္ခ်က္မျပဳခဲ့ဘူးလို႔ Benar News သတင္းဌာနက ေျပာပါတယ္

ၿပီးခဲ့တဲ့လက အင္ဒိုနီးရွားနိုင္ငံမွာ ျပဳလုပ္တဲ့ ျမန္မာ့အေရး အာဆီယံညီလာခံမွာ ျမန္မာနိုင္ငံဆီကို ကိုယ္စားလွယ္တစ္ဦး ေစလႊတ္ေရး ဘုံသေဘာတူညီခ်က္ ၅ခ်က္ထုတ္ျပန္ခဲ့ေပမယ့္ တလေက်ာ္ၾကာတဲ့အထိ အေကာင္အထည္မေပၚလာေသးပါဘူး

Ref: Reuters ရိုက်တာသတင်း

Unicode

ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရေးကိစ္စကို မထောက်ခံဖို့ အာဆီယံက တိုက်တွန်းလိုက်တယ်လို့ Benar News သတင်းဌာနက ဖော်ပြပါတယ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေ ညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို ကမကထပြုလုပ်တဲ့ နိုင်ငံတွေဆီကို ပေးပို့တဲ့စာလွှာမှာ အာဆီယံ ကိုးနိုင်ငံက အခုလိုထည့်သွင်းတောင်းဆိုခဲ့တာလို့ Liechtenstein နိုင်ငံ သံတမန်တစ်ဦးက ပြောပါတယ်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ် သပိတ်တွေပေါ်ပေါက်လာပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားသုံးဖြိုခွင်းတာတွေကြောင့် သွေးချောင်းစီးတဲ့ ဖြစ်ရပ်တွေ မြင့်တက်နေတာပါ

လက်နက်ခဲယမ်းပစ္စည်းအားလုံးကို မြန်မာစစ်တပ်ဆီ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံ ထောက်ပံ့ရောင်းချတာတွေ လွဲပြောင်းတာတွေ ချက်ချင်းရပ်ဆိုင်းဖို့တောင်းဆိုထားတဲ့ စာပိုဒ်ကို ဖြုတ်ပေးဖို့ စာလွှာထဲမှာ တိုက်တွန်းထားပါတယ်

အဲဒီစာလွှာဟာ အာဆီယံအဖွဲ့ဝင် စုစုပေါင်း ၁ဝနိုင်ငံရှိတဲ့အနက် မြန်မာကလွဲပြီး ကျန်၉နိုင်ငံက ကိုယ်စားပြုပို့ခဲ့တာ ဖြစ်ပါတယ်

စာလွှာနဲ့ ပတ်သတ်လို့ ကုလဘက်က တုံ့ပြန်တာ မရှိသေးပဲ အာဆီယံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း တစုံတရာမှတ်ချက်မပြုခဲ့ဘူးလို့ Benar News သတင်းဌာနက ပြောပါတယ်

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံညီလာခံမှာ မြန်မာနိုင်ငံဆီကို ကိုယ်စားလှယ်တစ်ဦး စေလွှတ်ရေး ဘုံသဘောတူညီချက် ၅ချက်ထုတ်ပြန်ခဲ့ပေမယ့် တလကျော်ကြာတဲ့အထိ အကောင်အထည်မပေါ်လာသေးပါဘူး

Ref: Reuters ရိုက်တာသတင်း