အနုပညာသမားအချင်းချင်း ခေါင်းပုံဖြတ်ခံရတာကြောင့် အရမ်းဝမ်းနည်းလို့ Liveလွှင့်ပြီး ရှိုက်ကြီးတငင်ဖြစ်နေတဲ့ မင်းသမီး ရွှေစင်

သရုပ်ဆောင် မင်းသမီးချောလေး ရွှေစင်ကတော့ အနုပညာလောကမှာ နာမည်ရပြီး အောင်မြင် မှုတွေနဲ့ရပ်တည်နေသူလေး ဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း ရရှိထားတဲ့ ရွှေစင်က ဇာတ်ကားတွေရိုက်ကူးခဲ့သလို သီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ် ပါတယ်။ လတ်တလောမှာလည်း ရွှေစင်က အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင် နေရပြီး ကြော်ငြာနဲ့ Music Video တွေရိုက်ကူးနေရတာ ဖြစ်ပါတယ်

မနေ့ညကတော့ ရွှေစင်တစ်ယောက် သူမရဲ့လူမှုကွန်ယက်မျက်နှာထက်မှာ Live လွှင့်ပြီး ရှိုက် ကြီး တငင်ငိုကြွေးခဲ့တာ ဖြစ်ပါတယ် ။ ရွှေစင်ကတော့ သူမခံစားနေရတဲ့ ဝမ်းနည်းမှုတွေကို ပ ရိသတ်တွေသိအောင် ရင်ဖွင့်ပြောပြရင်းနဲ့ ငိုယိုခဲ့တာ ဖြစ်ပါတယ် ။ ရွှေစင်က သူမအပေါ်မှာ အနုပညာသမားအချင်းချင်း လုပ်ရက်တာကြောင့် အရမ်းခံစားရပေမယ့် အနုပညာလောက ကိုအပြောခံရမှာစိုးလို့ အဖြစ်မှန်ကို အားလုံးသိအောင် ပြောမပြနိုင်ဖြစ်ပြီး ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်

ရွှေစင်က အနုပညာသမားချင်းချင်းလုပ်ရက်ပေမယ့် ဇင်ကတော့ခုထိပွင့်ပွင့်လင်းလင်းပရိသတ် ကို ပြောမထွက်ခဲ့ဘူး နင်တို့အနုပညာလောကကြီးကဆိုတဲ့ စကား အပြောခံရမှာ စိုးရိမ်ပေးခဲ့တာ လေ ဆိုပြီး Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ရွှေစင်ကသူမအနေနဲ့ အနုပညာသက်တမ်းတစ် လျှော က်လုံး ဝေဖန်တိုက်ခိုက်မှုတွေ၊ အချင်း ချင်းထိုးနှက်မှုတွေ၊ခေါင်းပုံဖြတ်မှုတွေကို ခံခဲ့ရပေ မယ့် အရမ်းသည်းခံခဲ့ကြောင်းကိုလည်း ပြော ပြ ခဲ့ပါသေးတယ်။

ကဲ Live လွှင့်ပြီး သူမရဲ့ခံစား ချက်တွေကို ဖွင့်ပြောပြကာ အရမ်းငိုကြွေးနေ တဲ့ မင်းသမီးလေးရွှေစင်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသ တ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတ ယ်နော်