ခေါင်းကိုက်သူများ၊ ဒူးနာသူများအတွက်
ခေါင်းတအားကိုက်နေလျှင် မသိသေးရင် မျှဝေထားပါ။ ခေါင်းတအားကိုက်လို့ အိပ်ယာထဲလှဲနေစဉ် ချစ်သူငယ်ချင်း မ Kyi Sein ရောက်လာ ဆေးဖော်ပေးတာ
မီးဖိုချောင်မှာရှိတဲ့ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကာင်းမှုန့်၊ နှင့် ဆားများကို ရေနွေးပူနဲ့ရောပြီး ဇလုံထဲထည့်ပြီး ပူနေစဉ် ခြေဖဝါးကို အငွေ့ခံ
ခံနိုင်လောက်တဲ့ အပူကိုရောက်ရင် ခြေမျက်စိထိစိမ်လိုက်တော့ ချွေးတွေပြန်ပြီး ခေါင်းကိုက်တာ သက်သာသွားတယ်။ ခုတော့ ကျွန်မ အလုပ်ထိုင်လုပ်လို့ ရပြီပေါ့ကျေးဇူး မကြည်စိန်
မှတ်ချက်၊ မိတ်တလင်၊ ပင်စိမ်းနဲ့ စပါးလင်ပါရင်ပိုကောင်းတယ်တဲ့။ ကျောက်ခဲပါထည့်စိမ်ပြီး နင်းနိုင်ပါတယ်တဲ့။ စိမ်ပြီးရင် အဝတ်နဲ့ခြောက်အောင်သုတ်ပြီး ၂ နာရီလောက် ရေအေးမထိရဘူး၊ တမံတလင်းပေါ် ခြေဗလာနဲ့ မနင်းရဘူးတဲ့
ရေနွေးပူလေးတစ်ခွက်ပါ မှုတ်သောက်လိုက် ရှယ်ပဲ။ ဒူးနာနေတဲ့သူလိုမျိုး ခြေထောက်ပိုင်းနာနေတဲ့သူတွေ နေ့တိုင်းလုပ်သင့်ပါသတဲ့ လက်တွေ့ကောင်းသွားလို့ မျှဝေပါရစေ
Zawgyi