အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံကို ရောက်နေ၊ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့မနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ကို ရောက်ရှိလာခဲ့တယ်လို့ သတင်းရရှိပါတယ်
မင်းအောင်လှိုင် လိုက်ပါစီးနင်းလာတဲ့ ရဟတ်ယာဉ်ဟာ ဘားအံမြို့ထဲမှာရှိတဲ့ တပ်မ ၂၂ ဌာနချုပ်ထဲကို ဆင်းသက်လာပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးကိုသွားရောက်ခဲ့တယ်လို့ သိရပါတယ်
သူနဲ့အတူ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေလည်း ပါဝင်ပြီး ဘားအံတက္ကသိုလ်မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဖေဘွတ်စ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်
ဘားအံတက္ကသိုလ်ဝန်းကျင်မှာ လုံခြုံရေးကို အရင်ကထက် ပိုမိုတိုးမြှင့်ချထားတာကို တွေ့ရပါတယ်၊ ဒါ့အပြင် ဘားအံမြို့ပေါ်က ဘုန်းကြီးကျောင်းတစ်ချို့နဲ့ လှာကမြင်ကွက်သစ်က ဘောလုံးကွင်းဘက်ကိုပါ သွားရောက်ဖို့ရှိနေတဲ့အတွက် အဲ့ဒီအနီးဝန်းကျင်တစ်ဝိုက်မှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်
ဘားအံမြို့တွင်းမှာ လုံခြုံရေးအစောင့်တပ်သားတွေကို နေရာခပ်စိပ်စိပ် လုံခြုံရေးချထားပြီး သံလွင်မြစ်ထဲမှာလည်း စစ်ရေယာဉ်တစ်စီး ချထားလျက်ရှိတာကို တွေ့ရပါတယ် Crd ဒူးပလာယာခရိုင်
Zawgyi
အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ ဘားအံကို ေရာက္ေန၊ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ဟာ ဒီကေန႔မနက္ပိုင္းက ကရင္ျပည္နယ္ ဘားအံၿမိဳ႕ကို ေရာက္ရွိလာခဲ့တယ္လို႔ သတင္းရရွိပါတယ္
မင္းေအာင္လွိုင္ လိုက္ပါစီးနင္းလာတဲ့ ရဟတ္ယာဥ္ဟာ ဘားအံၿမိဳ႕ထဲမွာရွိတဲ့ တပ္မ ၂၂ ဌာနခ်ဳပ္ထဲကို ဆင္းသက္လာၿပီး ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕႐ုံးကို သြားေရာက္ခဲ့တယ္လို႔ သိရပါတယ္
သူနဲ႔အတူ ပညာေရးဝန္ႀကီး ေဒါက္တာညြန႔္ေဖလည္း ပါဝင္ၿပီး ဘားအံတကၠသိုလ္မွာ ေတြ႕ဆုံေဆြးေႏြးပြဲလုပ္မယ္လို႔ ဘားအံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢရဲ့ ေဖဘြတ္စ္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားပါတယ္
ဘားအံတကၠသိုလ္ဝန္းက်င္မွာ လုံျခဳံေရးကို အရင္ကထက္ ပိုမိုတိုးျမႇင့္ခ်ထားတာကို ေတြ႕ရပါတယ္၊ ဒါ့အျပင္ ဘားအံၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းတစ္ခ်ိဳ႕နဲ႔ လွာကျမင္ကြက္သစ္က ေဘာလုံးကြင္းဘက္ကိုပါ သြားေရာက္ဖို႔ရွိေနတဲ့အတြက္ အဲ့ဒီအနီးဝန္းက်င္တစ္ဝိုက္မွာလည္း လုံျခဳံေရးတင္းၾကပ္ထားပါတယ္
ဘားအံၿမိဳ႕တြင္းမွာ လုံျခဳံေရးအေစာင့္တပ္သားေတြကို ေနရာခပ္စိပ္စိပ္ လုံျခဳံေရးခ်ထားၿပီး သံလြင္ျမစ္ထဲမွာလည္း စစ္ေရယာဥ္တစ္စီး ခ်ထားလ်က္ရွိတာကို ေတြ႕ရပါတယ္ Crd ဒူးပလာယာခရိုင္