သားဒေါက်တာရဲ့ (၂)လပြည့်မှာ အမေတို့မိသားစုဆီ ပြန်လည်မွေးဖွားလာပါ သားလေးရယ်


















Crd: Owner Writing

Unicode

အမေတို့မိသားစုဆီ ပြန်လည်မွေးဖွားလာပါသားရယ်ဆိုပြီး ကျဆုံးသွားတဲ့ ဒေါက်တာသီဟထွန်း အမေရဲ့ရင်တွင်းခံစားချက်

လက်ရှိအခြေအနေကြောင့် အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကလည်း

မိမိတို့ရဲ့သွေးသားရင်းခြာတွေကို နေ့စဉ်ရက်ဆက်သတိရပြီး ပူဆွေးနေကြတာဖြစ်ပါတယ်

ပြည်သူလူထုကတော့ ကျန်ရစ်သူမိသားစုတွေရဲ့သောကအပူမီးကို မျှဝေခံစားပေးပြီး ဖေးမကူညီနေကြတာဖြစ်ပါတယ်

အခုဆိုရင်လည်းဒေါက်တာသီဟတင်ထွန်းရဲ့မိခင်က သားလေးကျဆုံးတဲ့ ၂ လပြည့်နေ့လေးမှာ သတိရခြင်းများစွာနဲ့

ရင်တွင်းခံစားချက်တွေကို ရေးသားထားတာဖြစ်ပါတယ်။ဒေါက်တာသီဟတင်ထွန်းက မတ်လ ၂၇ ရက်နေ့မှာ လူထု

လှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားခဲ့ရတာဖြစ်ပါတယ်။မိခင်ဖြစ်သူမှာတော့ သားဆရာဝန်လေးကိုဆုံးရှုံးလိုက်ရလို့

ယူကြုံးမရဖြစ်နေပေမယ့်လည်း အားတင်းထားတာဖြစ်ပါတယ်

မေလ ၂၇ ရက်နေ့မှာ ဒေါက်တာသီဟတင်ထွန်းကျဆုံးတာ ၂ လ ပြည့်သွားပြီဖြစ်ပေမယ့်

ကျန်ရစ်သူမိသားစုဝင်တွေကတော့ သူ့ကို အချိန်နဲ့အမျှ သတိရနေကြတာဖြစ်ပါတယ်

မိခင်ကလည်း သားကိုရည်းစူးပြီး ကောင်းမှူကုသိုလ်တွေကို အဆက်မပြတ်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်

ဒေါက်တာသီဟတင်ထွန်းရဲ့ဆန္ဒတွေကို ကျန်ရစ်သူမိသားစုက ဆက်လက်ဖြည့်ဆည်းပေးနေကြဆဲဖြစ်ပါတယ်

မိခင်ဖြစ်သူကလည်း အမေကတော့ ပြုံးနေတဲ့သားလေးမျက်နှာလေးကို ခဏခဏမြင်ယောင်ပြီး စကားတွေလည်းပြောနေမိပါတယ်

သားလေးကြားသိမယ်လို့ အမေထင်ပါတယ်။အမေတို့မိသားစုဆီ ပြန်လည်မွေးဖွားလာပါသားရယ်

အမေတို့စောင့်နေတယ်နော် ဆိုပြီး သားလေးပြန်လည်မွေးဖွားလာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်

သေချာပြုစုစောင့်ရှောက်လာတဲ့ သားလေးကို အချိန်မတန်သေးဘဲ ဆုံးရှုံးလိုက်ရတဲ့

မိခင်တစ်ဦးရဲ့ခံစားချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်

Crd: Owner Writing