unicode
ပရိသတ်ကြီးရေ ခိုင်မိသားစု ဂေဟာကို တည်ထောင်ထားတဲ့ ခိုင်နှင်းဝေကတော့ခိုကိုးရာမဲ့ ကလေးလေးတွေကို ပြုစုစောင့်ရှောက်နေသူတစ်ယောက်ဖြစ်ပြီး မကြာသေးမီကမှ အောက်မေးရိုးမပါဘဲ မွေးဖွားလာတဲ့ ကလေးတွေကို မိဘတွေက တာဝန်မယူတဲ့အတွက် သွားရောက်ခေါ်ဆောင်ကာ မွေးစားခဲ့ပါတယ် ။ ကလေးလေးကို ခွဲစိတ်ပေးဖို့အတွက်လည်း လိုအပ်တာတွေကို ဆောင်ရွက်လျက်ရှိပါတယ် ။
လတ်တလောမှာတော့ ဝမ်းသာစရာ သတင်းကောင်းလေးအနေနဲ့ ခွဲစိတ်မှု ပြုလုပ်ရန် အဓိက ကျတဲ့ နှလုံး ကို Echocardiogram ရိုက်ပြီး သွားစစ်ဆေးရာ နှလုံးနဲ့ ပတ်သတ်ပြီး ဘာပြသာနာမှ မရှိဘူးလို့သိရပါတယ် ။ သူမအနေနဲ့ ရင်တထိတ်ထိတ်နဲ့ သွားရောက်စစ်ဆေးခဲ့ရသော်လည်း ခုနှစ်ရက် သားသမီးများရဲ့ မေတ္တာဆုတောင်းကြောင့် နောက် တစ်ဆင့် သို့ တက်လှမ်းရန် အဆင်သင့်ဖြစ်သွားပါပြီဖြစ်ကြောင်း ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ်
ပရိသတ်တွေကလည်း ကလေးလေးအတွက် ဝမ်းသာကြောင်းနဲ့ ခွဲစိတ်မှု အောင်မြင်ဖို့အတွက် ဆုမွန်ကောင်းတွေ ရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့ထပ်တူ ကလေးလေးအတွက်ဝမ်းသာ ပီတိဖြစ်နေကြမယ်လို့ ထင်ပါတယ်နော် ။ Maria Yaung Chi