unicode
နယ်ပရိသတ်တွေ တခဲနက်အားပေးကြမ်းတဲ့ အက်ရှင်မင်းသားနေထူးနိုင်ကတော့ အက်ရှင်လောကမှာ ပရိသတ်အကြိုက်တွေ့တဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ ။ နေထူးနိုင်က အက်ရှင်ကားတွေမှာ အမိုက်စား တိုက်ကွက်တွေနဲ့ သရုပ်ဆောင် အက်ရှင်မင်းသားကောင်းတစ်ယောက်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ နေထူးနိုင်ကတော့ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။
လတ်တလောမှာတော့ သူ့စိတ်နဲ့သူ့ခံယူချက်တစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကျွန်တော်ဘာမှာမတတ်ပါ သို့သော်ပတ်ဝန်းကျင်ကောင်းရှိသည် တတ်လွန်း သိလွန်း ရင် လူရာနဲ့နေရာ အပေးမခံရတဲ့ ခေတ်မှာ ကျွန်တော် တတ် သိ တာတွေကျွန်တော်ကိုအလိုရှိတဲ့နေရာမှာပဲအသုံးချနေပါသည် ဆိုတဲ့စာသားလေးနဲ့အတူ ဖိုက်တင် လေ့ကျင့်နေတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ပရိသတ်တွေကတော့ ယုံကြည်ချက် ရှိရှိနဲ့ ရပ်တည်နေတဲ့ မင်းသားမို့ ရင်ထဲကအားပေးနေပါတယ် တခါတလေ ဟာသအနေနဲ့ ထရိုးမိတာ ပြောမိတာ ခွင့်လွတ်ပေးပါ လို့လည်း ကြည်နူးဖွယ်မှတ်ချက်လေးတွေ ရေးသားထားကြတာတွေ့ရပါတယ် ။ ပရိသတ်တွေအများကြီးကသူ့ရဲ့ခံယူချက်အတွက် လေးစားကြောင်းမှတ်ချက်တွေ ရေးသားခဲ့ကြပါတယ် Maria Yaung Chi