ခ်ိဳင္းအသားအေရ မည္းညစ္တယ္ ဆိုတာဟာ ေပါ့ေသးေသးထားရမယ့္ ကိစၥတစ္ခု မဟုတ္ပါဘူး။ အသားအေရနဲ႔ပတ္သက္တဲ့ ျပႆနာေတြကို မၾကာခဏ ျဖစ္လာေစႏိုင္ၿပီး
အသားအေရကိုလည္း မည္းညစ္ညစ္နဲ႔ ထူထူႀကီးျဖစ္ေစလို႔ လူအမ်ားအျမင္မွာ အင္မတန္ အက်ည္းတန္ ေစႏိုင္ပါတယ္။
ကိုယ္ကလက္ျပတ္ေလးေတြ ညဝတ္ၿပီးေတာ့ လွလွပပ သြားလာခ်င္ေပမယ့္လည္း ဒီလိုမ်ိဳးခ်ိဳင္းၾကား အသားအေရေၾကာင့္ ဘယ္မွမသြားရဲ၊ ဘာမွမဝတ္ရဲ ျဖစ္ေန ရၿပီေပါ့။
ဒါဆိုရင္ ဒီလိုျပႆနာဆိုးႀကီးကို ေျဖရွင္းဖို႔ အတြက္ နည္းလမ္းေကာင္းေလးေတြ မရွိေတာ့ဘူးလားလို႔ ေမးလာခဲ့မယ္ဆိုရင္ေတာ့
အလြယ္တကူျပဳလုပ္ႏိုင္တဲ့ နည္းလမ္းေလးေတြ ရွိတာေပါ့ ဆိုၿပီး ျပန္ေျဖေပးခ်င္ပါတယ္။
၁။ ပန္းသီးရွာလကာရည္ ႏွင့္ မုန႔္ဖုတ္ဆိုဒါ
လိုအပ္သည့္ပစၥည္းမ်ား
ပန္းသီးရွာလကာရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း
မုန႔္ဖုတ္ဆိုဒါ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ျပင္ဆင္ျပဳလုပ္နည္း
ပန္းသီးရွာလကာရည္ကို မုန႔္ဖုတ္ဆိုဒါႏွင့္ေရာစပ္ေပးမယ္ဆိုရင္ အျမဳပ္ေလးေတြထလာပါလိမ့္မယ္။
အျမဳပ္ေလးေတြ တျဖည္းျဖည္းေပ်ာက္သြားသည့္အခါ ရလာတဲ့အႏွစ္ကို ခ်ိဳင္းၾကားအသားအေရမွာလိမ္းေပးလိုက္ကာ ေျခာက္ေအာင္ထားပါ။
ေျခာက္ၿပီးလို႔မိနစ္အနည္းငယ္ထပ္မံထားရွိၿပီးရင္ ေရေအးေအးကနဲ႔ ေဆးေၾကာကာ အဝတ္နဲ႔ေျခာက္ေအာင္သုတ္ပါ။
တစ္ပတ္လွ်င္ ၃ ႀကိမ္ျပဳလုပ္ေပးရပါမယ္။
၂။ ႏြားႏို႔၊ နႏြင္း၊ ပ်ားရည္
လိုအပ္သည့္ပစၥည္းမ်ား
ႏြားႏို႔ – စားပြဲတင္ဇြန္း ၁ ဇြန္း
နႏြင္းမႈန႔္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ပ်ားရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ျပင္ဆင္ျပဳလုပ္နည္း
ပါဝင္ပစၥည္းအားလုံးကိုေရာစပ္ကာ ခ်ိဳင္းအသားအေရမွာလိမ္းေပးလိုက္ပါ။ ေျခာက္ေအာင္ထားေပးၿပီး ေရနဲ႔သန႔္စင္ေပးလိုက္ပါ။ တစ္ပတ္လွ်င္ ၃ ႀကိမ္ျပဳလုပ္ေပးႏိုင္ပါတယ္။
၃။ သၾကားအညိဳ ႏွင့္ သံလြင္ဆီ
ပါဝင္ပစၥည္းမ်ား
သၾကားအညိဳ – စားပြဲတင္ဇြန္း ၃ ဇြန္း
သံလြင္ဆီစစ္စစ္ – စားပြဲတင္ဇြန္း ၂ ဇြန္း
ျပင္ဆင္ျပဳလုပ္ပုံ
အကုန္လုံးကိုေသခ်ာေရာစပ္၍ ခ်ိဳင္းၾကားအသားအေရမွာ ၂ မိနစ္ေလာက္ ေခ်းခြၽတ္ေပးကာ ၅ မိနစ္ထားေပးပါ။
အခ်ိန္ျပည့္ပါက ၾကက္သီးေႏြးထ႐ုံေရျဖင့္ ေဆးေၾကာသန႔္စင္ႏိုင္ပါတယ္။ ၿပီးရင္ေတာ့ တဘက္ေလးနဲ႔ ေျခာက္ေအာင္သုတ္ေပးလိုက္ပါ။
တစ္ပတ္လွ်င္ ႏွစ္ႀကိမ္လုပ္ေပးရပါမယ္။
၄။ အာလူး
အာလူးအလုံးေသးေလးတစ္လုံးကို အခြံခြာ၍ ႀကိတ္လိုက္ပါ။ အရည္ညႇစ္ယူ၍ ခ်ိဳင္းမွာလိမ္းေပးလိုက္ပါ။ ၁၅ မိနစ္ထားေပး၍ ေရေအးေအးနဲ႔သန႔္စင္ေပးပါ။
တစ္ေန႔တစ္ႀကိမ္ မနက္တစ္ခါ ညမအိပ္ခင္တစ္ခါ ျပဳလုပ္ေပးပါ။
Thinzar
Ref-brightside
Unicode,
မည်းညစ်နေတဲ့ ချိုင်းကြားအသားအရေကို ပြန်လည်ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းများ
မည်းညစ်နေတဲ့ ချိုင်းကြားအသားအရေကို ပြန်လည်ဖြူဝင်းလာစေမယ့် သဘာဝနည်းလမ်းများ
ချိုင်းအသားအရေမည်းညစ်တယ်ဆိုတာဟာ ပေါ့သေးသေးထားရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူး။ အသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို မကြာခဏ ဖြစ်လာစေနိုင်ပြီး
အသားအရေကိုလည်း မည်းညစ်ညစ်နဲ့ ထူထူကြီးဖြစ်စေလို့ လူအများအမြင်မှာ အင်မတန်အကျည်းတန်စေနိုင်ပါတယ်။
ကိုယ်ကလက်ပြတ်လေးတွေဝတ်ပြီးတော့ လှလှပပသွားလာချင်ပေမယ့်လည်း ဒီလိုမျိုးချိုင်းကြားအသားအရေကြောင့် ဘယ်မှမသွားရဲ၊ ဘာမှမဝတ်ရဲဖြစ်နေရပြီပေါ့။
ဒါဆိုရင် ဒီလိုပြဿနာဆိုးကြီးကိုဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းလေးတွေ မရှိတော့ဘူးလားလို့ မေးလာခဲ့မယ်ဆိုရင်တော့
အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိတာပေါ့ဆိုပြီး ပြန်ဖြေပေးချင်ပါတယ်။
၁။ ပန်းသီးရှာလကာရည် နှင့် မုန့်ဖုတ်ဆိုဒါ
လိုအပ်သည့်ပစ္စည်းများ
ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
ပန်းသီးရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါနှင့်ရောစပ်ပေးမယ်ဆိုရင် အမြုပ်လေးတွေထလာပါလိမ့်မယ်။
အမြုပ်လေးတွေ တဖြည်းဖြည်းပျောက်သွားသည့်အခါ ရလာတဲ့အနှစ်ကို ချိုင်းကြားအသားအရေမှာလိမ်းပေးလိုက်ကာ ခြောက်အောင်ထားပါ။
ခြောက်ပြီးလို့မိနစ်အနည်းငယ်ထပ်မံထားရှိပြီးရင် ရေအေးအေးကနဲ့ ဆေးကြောကာ အဝတ်နဲ့ခြောက်အောင်သုတ်ပါ။
တစ်ပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။
၂။ နွားနို့၊ နနွင်း၊ ပျားရည်
လိုအပ်သည့်ပစ္စည်းများ
နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကိုရောစပ်ကာ ချိုင်းအသားအရေမှာလိမ်းပေးလိုက်ပါ။ ခြောက်အောင်ထားပေးပြီး ရေနဲ့သန့်စင်ပေးလိုက်ပါ။ တစ်ပတ်လျှင် ၃ ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
၃။ သကြားအညို နှင့် သံလွင်ဆီ
ပါဝင်ပစ္စည်းများ
သကြားအညို – စားပွဲတင်ဇွန်း ၃ ဇွန်း
သံလွင်ဆီစစ်စစ် – စားပွဲတင်ဇွန်း ၂ ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
အကုန်လုံးကိုသေချာရောစပ်၍ ချိုင်းကြားအသားအရေမှာ ၂ မိနစ်လောက် ချေးချွတ်ပေးကာ ၅ မိနစ်ထားပေးပါ။
အချိန်ပြည့်ပါက ကြက်သီးနွေးထရုံရေဖြင့် ဆေးကြောသန့်စင်နိုင်ပါတယ်။ ပြီးရင်တော့ တဘက်လေးနဲ့ ခြောက်အောင်သုတ်ပေးလိုက်ပါ။
တစ်ပတ်လျှင် နှစ်ကြိမ်လုပ်ပေးရပါမယ်။
၄။ အာလူး
အာလူးအလုံးသေးလေးတစ်လုံးကို အခွံခွာ၍ ကြိတ်လိုက်ပါ။ အရည်ညှစ်ယူ၍ ချိုင်းမှာလိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ထားပေး၍ ရေအေးအေးနဲ့သန့်စင်ပေးပါ။
တစ်နေ့တစ်ကြိမ် မနက်တစ်ခါ ညမအိပ်ခင်တစ်ခါ ပြုလုပ်ပေးပါ။
Thinzar
Ref-brightside