ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု

မိန်းမဖြစ်ပြီး မိန်းမမာယာကို မသိဖြစ်နေပါသလား။ စိတ်မပူပါနဲ့။

ဟောဒီက မမ ရှင်းပြပေးမှာပေါ့။

အမှန်ကလေ မိန်းကလေးဆိုတာ မွေးကတည်းက မာယာဆိုတာ ကပ်ပါပြီးသား။

မသိသေးလို့ မဖော်ထုတ်တတ်သေးတာ။ မာယာဆိုတဲ့ အဓိပ္ပါယ်က ဆွဲဆောင်ခြင်းပေါ့ကွယ်။

တကယ်က တမင်တကာကြီး သိသိသာသာ ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။

မသိမသာလေးနဲ့ ဆွဲဆောင်လို့ ဆွဲဆောင်မှန်းမသိအောင် ပြုမူနေထိုင်တာမျိုးကို ခေါ်တယ်။

ကဲ…ဘာတွေလည်းဆိုတာဖတ်ကြည့်ပါဦး။

(၁)အမျိုးသားတွေအတွက် ဒိုင်လူကြီးမလိုအပ်ပါဘူး။

ပြောလိုက်တဲ့စကားတိုင်းကိုဆုံးဖြတ်ပေးတာကို မကြိုက်ပါဘူး။

အမှန်ပါပဲ နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားစေချင်တယ်

ယောင်းတို့ရေ။ကိစ္စတိုင်းက သူတို့ဦးဆောင်မှ ပြီးမှပုံစံက အကောင်းဆုံးပါပဲ။

စိတ်မဝင်စားဘဲ နဲ့လည်း စိတ်ဝင်စားချင်ယောင် မဆောင်သင့်ပြန်ပါဘူး။

(၂)အသေးအဖွဲ့တွေကို ဟန်မဆောင်ပါနှင့်။

ရိုးသားပွင့်လင်းတဲ့ရယ်မောသံတွေဟာ အမျိုးသားတွေအတွက်ဆွဲဆောင်မှုတစ်ခုပါ။

(၃)ချစ်စရာအငြင်းပွားဟန်ပြုပါ။

ယောက်ျားအများစုဟာ အရူံးမပေးတတ်တဲ့စိတ်ကိုသဘောကျတတ်ပါတယ်။

စကားနိုင်လုတတ်တဲ့ မိန်းကလေးကို စိတ်ဝင်စားမှုပိုလို့ရှိပါသေးတယ်။

(၄)ပျော်စရာမိန်းကလေးလို ပြုမူနေထိုင်ပါ။

ပြောင်တတ်စနောက်တတ်ပါစေ။သူကချည်း

စနေရင်လည်း ပျင်းစရာကောင်းတာပေါ့ ယောင်းတို့ရာ။

(၅)လွယ်လွယ်အခွင့်အရေးမပေးရန်လိုအပ်ပါသည်။

ချက်ချင်းအဖြေမပေးနဲ့။လွယ်လွယ်ရတဲ့ အရာကို

ယောက်ျားလေးမှ မဟုတ်ဘူး ဘယ်သူမှ တန်ဖိုးမထားချင်ပါဘူး။

(၆)ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရန် အလှပြင်ပါ။

အကောင်းဆုံးပြင်ဆင်ထားတဲ့ မိန်းမနဲ့ တူတူထိုင်ရင်

ကိုယ့်ကိုယ်ကိုယ်ပြန်အထင်ကြီးတတ်ကြတာ ယောက်ျားတို့ သဘာဝပါ။

(၇)ရေမွှေးသုံးဖို့လိုအပ်ပါတယ်။

မိန်းကလေးမှာ အနံ့တစ်မျိုးမျိုးရှိတာကိုသဘောကျတာလည်း သူတို့ပါဘဲ။

(သဲ ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ ဆိုတာတော့ သူပြောဖူးလားတော့ မသိဘူး)။

(၈)ကိုယ်ဟာ ကြင်နာသူတစ်ဦးဖြစ်ပါစေ။

အအေးသောက်နေတုန်းအလှူခံလာရင် မငြင်းပါနှင့်။

မိန်းကလေးပေမဲ့ အရာရာကို မနှမြောတတ်ကြောင်း ပြတဲ့သဘောပါပဲ။

အမျိုးသားတွေဝမ်းနည်းစရာပြောလာတဲ့အခါ အရမ်းသနားတတ်တဲ့ ပုံ ခံစားပေးပါ။ဒါလည်း မာယာတစ်ခုပါပဲ။

(၉)ပွင့်လင်းတက်ကြွစွာ နေပါ။

အမျိုးသားမိတ်ဆွေနဲ့ မိတ်ဆွေနှင့်မိတ်ဆက်ပေးရင် ရှက်ရွံ့မနေပါနှင့်။

လူတောတိုးတယ် ဆိုတဲ့ စကားကြားဖူးတယ်မလား။ရှက်သင့်တဲ့နေရာမှာပဲ ရှက်ပါနော်။

(၁၀)အပြိုင်အဆိုင်တွေရှိတယ်ဆိုတာ နားလည်ပါစေ။

ပြိုင်ဆိုင်မှုနဲ့ရတဲ့မိန်းကလေးကို ပိုပြီးတန်ဖိုးထား တတ်ကြပါတယ်။

လာနူတ်ဆက်တဲ့ ကောင်လေးရှိရင် ရင်းရင်းနှီးနှီးပြောပါ(သဝန်တိုအောင် လို့ပါ)။

(၁၁)အသုံးချမယ့်အပြုအမူတွေ မပြုလုပ်ပါနှင့်။

သဘောကျခံရတဲ့ အဆင့်ပဲရှိသေးသည်ဖြစ်စေ ဘယ်တော့မှ မခိုင်းပါနှင့်(ပစ္စည်းတွေ ၊စကားမှာတာတွေ)။

သူခိုင်းတာလုပ်ပေးနေတာပဲ ငါမျှော်လင့်ချက်ရှိသေးတယ်ဆိုပြီး သူတို့စိတ်ထဲဝင်သွားနိူင်ပါတယ်။

(၁၂)အမှတ်ရစရာ အပြုအမူတွေဖြစ်ပါစေ။

သူနဲ့ချိန်းမှ မိုးရွာရင် ထီးမပါတာမျိုးပေါ့။ဆွတ်ပျံ့ကြည်နူးဖွယ် အမှတ်တရလေးတွေ ဖန်တီးပေးပါ။

ယောင်းအပေါင်းတို့ ..မိန်းမမာယာဆိုတာ ဒါမျိုးတွေပေါ့ကွယ်။ ပုရိသတွေက ဒါတွေ မသိဘူးများ ထင်နေလား။

သိပ်သိပ။ သိပေမယ့်လည်း သူတို့ ငြင်းဆန်မရတာကိုက မိန်းမမာယာလို့ ခေါ်သတဲ့ကွယ်။

Credit