အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် ညွှန်ကြားရေးမှုး ဒေါက်တာထားထားလင်း အပါအဝင် မန္တလေးဆေးတက္ကသိုလ် ခွဲစိပ်ကုပညာကထိက ဒေါက်တာ မောင်မောင်ငြိမ်းထွန်း နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးအထူးကုဆရာဝန်မကြီး ဒေါ်က်တာ ဆွေဇင်ဦးတို့ကို CRPH/NUG တို့နဲ့ဆက်သွယ်တယ်ဆိုပြီး မဟုတ်တမ်းတရားစွပ်စွဲချက်တွေနဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲကြောင်းကြေညာခဲ့ပါတယ်
တကယ်တော့ ဒေါက်တာထားထားလင်း အပါအဝင်အားလုံးဟာ နိုင်ငံရေးမှာ ပါဝင်မပတ်သက်သလို ပါတီနိုင်ငံရေးကင်းရှင်းသူလည်းဖြစ်ပါတယ်။ ကိုဗစ်နဲ့ စစ်မင်းသမီးလုပ်နေတဲ့ ဒေါက်တာ ခင်ခင်ကြီးလို စစ်တပ်နဲ့လည်းမပတ်သက်သလို NLD နဲ့လည်း မပတ်သက် ဘာနဲ့မှမပတ်သက်တဲ့ ဆေးပညာ ရှင်စစ်စစ်တွေ။အရပ်သားအစိုးရအတွင်းဝန်ကနေ စစ်ကောင်စီလက်ထက်ဝန်ကြီးဖြစ် လာတဲ့ ဒေါက်တာသက်ခိုင်ဝင်းတို့လို ရာထူးနေရာအာဏာအတွက် ဆေးပညာရှင်ဝန်ထမ်းဘဝကို ရွေးချယ်ခဲ့သူတွေမဟုတ်ကြပါဘူး
စစ်တပ်အာဏာသိမ်းမှုတွေနဲ့ မဆလ နဝတ နအဖလက်ထက် ဆင်းရဲမွဲတေခဲ့ရတဲ့ နိုင်ငံက ကိုဗစ်ကူးစက်မှုကို အသဲအသန် တွန်းလှန်တိုက်ပွဲဝင်နေရချိန်မှာယုတ္တိမတန်တဲ့ စွဲချက်နဲ့ စစ်တပ်က ထပ် အာဏာသိမ်းတာကို လုံးဝလူမဆန်ဘူးဆိုတဲ့ အမြင်တစ်ခုနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM လုပ်ခဲ့သူတွေဖြစ်ပါတယ်
အဲဒီအထဲက ဒေါက်တာထားထားလင်းဆိုရင် CDM စ လုပ်ကတည်းက စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ပိုက်ဆံတွေ ယူပြီးထွက်ပြေးသွားသလိုမျိုး သတင်းတွေလွှင့်တာခံခဲ့ရပါတယ်။ အဲဒီလိုသတင်းလွှင့်ဖို့ နောက်ကွယ်က စီစဉ်ခဲ့သူတွေကတော့ အခု စစ်ကောင်စီကျန်းမာရေးဝန်ကြီးဖြစ်နေသူ ဒေါက်တာသက်ခိုင်ဝင်းနဲ့ ကိုဗစ်အင်တာဗျူးတွေလုပ်ရင်း ကိုယ့်ကိုကိုယ် မင်းသမီး လိုထင်လာတဲ့ ဒေါက်တာခင်ခင်ကြီးတို့လို့ ဆိုကြပါတယ် သူတို့ ၂ ဦးရဲ့ မဟုတ်မမှန် သတင်းပေးမှုတွေကြောင့် ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ဆေးပညာရှင်တွေလည်းမနဲတော့ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနမှာဇာတ်တူသားစားသူတွေလို့လည်း သူတို့ကို တင်စားကြပါတယ်
စစ်တပ်အာဏာသိမ်းချိန်မှာ ရှေ့တန်းက ဆန့်ကျင်ခဲ့ကြတဲ့ ဆေးပညာရှင်တွေ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို နဂိုကတည်းက အမုန်းခံရှိနေတဲ့ စစ်ကောင်စီဟာ ကိုဗစ်ခုခံတိုက်ဖျက်ရာမှာ ရှေ့တန်းတိုက်စစ်မှူးနေရာကပါခဲ့တဲ့ ဒေါက်တာ ဇော်ဝေစိုးက သူတို့ပေးတဲ့ ဝန်ကြီးနေရာမယူပဲ သူတို့ကို ဆန့်ကျင်တဲ့တော်လှန်ရေးသမား တော်ကြီးဖြစ် လာချိန်မှာ ဆေးပညာရှင်တွေ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်ကောင်စီရဲ့ အမုန်းတရားက ဖုံးမရဖိမရ ပိုကြီးလာပါတယ်
အမုန်းတရားကလည်းကြီး ဒေါ်လာကလည်းလိုနေချိန်မှာ ဇာတ်တူသားစားသူတွေနဲ့ပေါင်းပြီး လူတွေလည်းဖမ်း၊ ကိုဗစ် ရံပုံငွေတွေကိုလည်းသိမ်းမယ်ဆိုတဲ့ဗျူဟာကို စစ်ကောင်စီက ခင်းတော့ တာပဲလို့ မြန်မာ့ဆေးပညာရှင်တွေကပြောပါတယ်။စစ်ကောင်စီက ဇာတ်တူသားစားသူတွေနဲ့ပေါင်းပြီး ကိုဗစ်ရံပုံငွေတွေ မျက်စောင်းထိုးနေပြီဆိုတာကို လူသိထင်ရှား စပြောခဲ့သူဟာ ဒေါက်တာ ထားထားလင်းပါပဲ
အိန္ဒိယကို မှာထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအတွက် ကြိုတင်ပေးချေထားတဲ့ ဒေါ်လာ သန်း ၇၀ ကျော်ကို ဆေးမမှာတော့ပဲ ငွေပြန်ထုတ်ဖို့ စစ်ကောင်စီကဆုံးဖြတ်ခဲ့တဲ့အထိ လူထုအပေါ်စေတနာမဲ့ခဲ့တာကို ဒေါက်တာထားထားလင်းက ဖွင့်ချခဲ့ပါတယ်။ ပြည်သူ့အတွက် ဆေးဝယ်ဖို့ ငွေကြိုချေထားတာကို လာဒ်စားမှုတစ်ခုအဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲပြီး အဲဒီငွေတွေကို စစ်ကောင်စီက အပိုင်သိမ်းချင်နေတာလို့လည်း ဒေါက်တာထားထားလင်းက လူသိထင်ရှား ရေးခဲ့ပြောခဲ့တာပါ
ပြည်သူတွေလှူထားတဲ့ ကိုဗစ်ရံပုံငွေတွေကိုလည်း စစ်ကောင်စီက သိမ်းယူခဲ့တယ်လို့ ဖွင့်ချခဲ့သူပါ။ ဒီလိုဖွင့်ချမှုတွေအတွက် သူဟာ စစ်ခေါင်းဆောင်တွေရဲ့ဖမ်းဆီးနှိပ်စက်မှုကို ခံရမယ်ဆိုတာလည်း ဒေါက်တာထားထားလင်းက မျှော်လင့်ထားပြီးဖြစ်ကြောင်း ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ကတည်းက လူသိထင်ရှားပြောပြီးဖြစ်ပါတယ် ကိုဗစ်ကာကွယ်ဆေးမှာယူတဲ့ဒေါ်လာတွေနဲ့ ကိုဗစ်ပြည်သူ့ရံပုံငွေ တွေကို အသေးစိတ်သိသူဟာ အရပ်သားအစိုးရလက်ထက်က အတွင်းဝန်ဖြစ်ခဲ့ပြီး အခု စကစဝန်ကြီးဖြစ်နေတဲ့ ဒေါက်တာသက်ခိုင်ဝင်းလို့လည်း ဒေါက်တာထားထားလင်းက ပြောဆို ထားပြီးဖြစ်ပါတယ်
စစ်ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ ကိုဗစ်ကုသကာကွယ်ရေးအတွက် လုံးလုံးစိတ်ကူးထဲမထည့်ခဲ့ပဲ သူတို့မိသားစု သူတို့နဲ့ပတ်သက်ရာပတ်သက်သူတွေအတွက်ပဲ စဉ်စားစိတ်ပူ နေတာကို မြန်မာ့ ဆေးပညာရှင်တွေက အခိုင်မာသိထားကြတယ်လို့လည်း ဒေါက်တာ ထားထားလင်းကပြောခဲ့ပါတယ်။ အရပ်သားအစိုးရက ကိုဗစ်ကာကွယ်ဆေးကို စနစ်တကျနဲ့ အသက်အရွယ်အလိုက် လုပ်ငန်းသဘာဝရတွေအရ ဆေးထိုးပေးဖို့ တိတိကျကျ ခွဲခြားသတ်မှတ်ထားတာမို့ စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့နဲ့ ပတ်သက်ရာတွေကို ဦးစားပေးလို့ မရခဲ့ပါဘူး။ ကိုဗစ်ကာကွယ်ဆေးကို အသုံးချပြီး ဆင်းရဲတဲ့နိုင်ငံတွေကို တရုတ်ကလုပ်နေသလိုမျိုး သူတို့အလိုကျ ကမဲ့သူတွေကိုပဲ စစ်တပ်က ဦးစားပေးထိုးပေးချင်ခဲ့တယ်ဆိုတာကို ကိုဗစ်တိုက်ဖျက်ရေးတိုက်စစ်မှူးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးတို့က ကောင်းကောင်းသိ ခဲ့တယ်ဆိုပါတယ်
အာဏာမသိမ်းခင်က ရုရှားစစ်တပ်ကနေ မြန်မာစစ်ခေါင်းဆောင်တွေကို ကိုဗစ်ကာကွယ်ဆေး အလုံး ၅ ထောင် လူ ၂၅၀၀ စာ လှူခဲ့တာတောင် စစ်တပ်က လူသိထင်ရှားထုတ်ဖေါ်မပြောပဲ ခိုးဝှက်လက်ခံခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးတော့မှ အဲဒီအချိန်က စစ်တပ်သတင်းပြန်ကြားရေးတာဝန်ခံ က ဆေးအလုံးရေ ၅ ထောင်ထဲပါလို့ ဝန်ခံခဲ့ရ တာမှတ်မိကြဦးမယ်ထင်ပါတယ်။ စစ်တပ်အတွက်ရတဲ့ ဆေးကို ဝှက်ထားပြီး ပြည်သူတွေအတွက်ရတဲ့ဆေးကို မျက်စောင်းထိုးနေတယ်ပြောရမှာပါ
တိုင်းပြည်က ကိုဗစ်နဲ့နပမ်းလုံးနေရချိန်မှာ အာဏာရူးပြီးအာဏာသိမ်းရုံမက ကိုဗစ်ကာကွယ်ဆေးနဲ့ ကိုဗစ်ရံပုံငွေတွေကိုပါသိမ်းလိုက်တာကို ကျန်းမာရေးဝန်ထမ်း ဆေးပညာရှင် ဆေးကျောင်းသူကျောင်းသားတွေက ကောင်းကောင်းနားလည် သဘောပေါက်ကြ ပါတယ်။ ပြည်သူအပေါ်လုံးလုံးစေတနာမရှိဘူးဆိုတာကို ကိုဗစ်ကိစ္စမှာ ကျန်းမာရေးဝန်ထမ်းတွေက အနီးကပ်သိခွင့်ရခဲ့ကြတာပါ
အဲဒီအတွက်လည်း ဒေါက်တာဇော်ဝေစိုးတို့ဟာ ဆေးပညာရှင်တွေကနေ တော်လှန်ရေးသမား တွေဖြစ်သွားရသလို ဒေါက်တာထားထားလင်းတို့ဟာ စစ်ကောင်စီနဲ့ လုံးဝမပတ်သက်ရေးဆိုတဲ့ CDM သမားတွေဖြစ်လာကြတယ်ပြောရမှာပါ။ စစ်ခေါင်းဆောင်တွေရဲ့ ပြည်သူအပေါ်စေတနာလုံးဝမရှိတာကို ကိုဗစ်မှာအနီးကပ်သိခွင့်ရသွားတာကိုက ဒေါက်တာထားထားလင်းတို့လို ဆေးပညာရှငိတွေဟာ စစ်ခေါင်းဆောင်တွေအတွက်ပစ်မှတ်ထားစရာဖြစ်နေတာလို့ပြောရမှာပါ credit