ျမန္မာနိုင္ငံ အတြင္းေရးမႉးေတြရဲ့ ဂုဏ္သိကၡာကိုထိခိုက္ေစခဲ့တဲ့ ေၾကာ္ျငာနဲ႔ ပက္သတ္ၿပီး အႏူးအညြတ္ ျပန္လည္ေတာင္းပန္လာတဲ့ ျဖဴျဖဴေထြး

ျမန္မာနိုင္ငံ အတြင္းေရးမႉးေတြရဲ့ ဂုဏ္သိကၡာကိုထိခိုက္ေစခဲ့တဲ့ ေၾကာ္ျငာနဲ႔ ပက္သတ္ၿပီး အႏူးအညြတ္ ျပန္လည္ေတာင္းပန္လာတဲ့ ျဖဴျဖဴေထြး

အြန္လိုင္းဆယ္လီတစ္ေယာက္ျဖစ္တဲ့ ျဖဴျဖဴေထြးကေတာ့ ေနာက္ပိုင္းမွာ အြန္လိုင္းေၾကာ္ျငာေလးေတြကို ရိုက္ကူးလာခဲ့ၿပီး အႏုပညာလႈပ္ရွားမႈေတြ လုပ္ကိုင္လာခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းမွာလည္း ျဖဴျဖဴေထြးက ဒါရိုက္တာ စတီးလ္ရိုက္ကူးတဲ့ ေၾကာ္ျငာတစ္ခုမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အြန္လိုင္းေပၚတင္ခဲ့ရာ ထိုေၾကာ္ျငာထဲက ဇာတ္ညႊန္းနဲ႔ သ႐ုပ္ေဆာင္ခ်က္ေတြက အတြင္းေရးမႉးေတြရဲ့ က်င့္ဝတ္နဲ႔ မညီညြတ္ေသာ ကိုယ္အမူအယာ၊ ႏႈတ္အမူအယာေတြအျပင္ လုပ္ငန္းခြင္ရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားကို ေျပာဆိုဆက္ဆံပုံမ်ား ပါဝင္တာေၾကာင့္ ျမန္မာနိုင္ငံအတြင္းေရးမႉးအသင္းက ရႈံ႔ခ်ေၾကာင္း စာထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

ထိုကိစၥနဲ႔ ပက္သတ္ၿပီး ျဖဴျဖဴေထြးက “ဒီေၾကာ္ျငာေလးကေတာ့ Director သင္ေပးတဲ့အတိုင္း လုပ္ေဆာင္ခဲ့ရတာပါ ဒီလို ရိုင္းစိုင္းတဲ့ အျပဳအမူ မ်ိဳးျဖစ္ခဲ့ရင္ သမီးအေနနဲ႔ေတာင္းပန္ပါတယ္ 🙏🙏🙏 ဇာတ္လမ္း ဇာတ္ညြန္း သမီးကိုယ္တိုင္ေရးစပ္ထားတာ မဟုတ္ေတာ့ Secretary တစ္ေယာက္ ရဲ့ ေနထိုင္မႈ႔အဆင့္အတန္းကို သမီးေလ့လာမထားမိပါဘူး။ အဲ့ဒါေၾကာင့္ သမီးရဲ့ သ႐ုပ္ေဆာင္မႈဟာ Secretary ဝန္ထမ္းေတြ အေပၚ ဂုဏ္သိကၡာ ထိခိုင္မႈေၾကာင့္ သမီးအေနနဲ႔ အႏူးအညႊတ္ေတာင္းပန္အပ္ပါတယ္ရွင္။ ေနာက္ေနာင္ ဒါမ်ိဳးမျဖစ္ေအာင္လဲ ဇာတ္ညႊန္းကိုေသခ်ာ ဖတ္ ဂ႐ုစိုက္ၿပီး သ႐ုပ္ေဆာင္ပါ့မယ္🙏🙏🙏” ဆိုၿပီး အႏူးအညြတ္ ျပန္လည္ေတာင္းပန္လာခဲ့ပါတယ္။

ဒါရိုက္တာ စတီးလ္ရိုက္ကူးခဲ့ၿပီး ျဖဴျဖဴေထြး သ႐ုပ္ေဆာင္ခဲ့တဲ့ ေၾကာ္ျငာေတြကေတာ့ ျမန္မာနိုင္ငံအတြင္းေရးမႉးေတြရဲ့ ဂုဏ္သိကၡာကိုထိခိုက္ေစခဲ့တာေၾကာင့္ အတြင္းေရးမႉးေတြရဲ့ ေဝဖန္မႈကို ျပင္းျပင္းထန္ထန္ ခံေနရတာပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးရဲ့ ေျဖရွင္းေတာင္းပန္လာမႈေၾကာင့္လုပ္ငန္းခြင္ထဲက အတြင္းေရးမႉးေတြနဲ႔တကြ ပရိသတ္ႀကီးလည္း နားလည္ခႊင့္လႊတ္ေပးၾကမယ္လို႔ ေမၽွာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္

unicode

မြန်မာနိုင်ငံ အတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တဲ့ ကြော်ငြာနဲ့ ပက်သတ်ပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာတဲ့ ဖြူဖြူထွေး

အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ နောက်ပိုင်းမှာ အွန်လိုင်းကြော်ငြာလေးတွေကို ရိုက်ကူးလာခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဖြူဖြူထွေးက ဒါရိုက်တာ စတီးလ်ရိုက်ကူးတဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ထိုကြော်ငြာထဲက ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ချက်တွေက အတွင်းရေးမှူးတွေရဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သော ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေအပြင် လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုဆက်ဆံပုံများ ပါဝင်တာကြောင့် မြန်မာနိုင်ငံအတွင်းရေးမှူးအသင်းက ရှုံ့ချကြောင်း စာထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး ဖြူဖြူထွေးက “ဒီကြော်ငြာလေးကတော့ Director သင်ပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ရတာပါ ဒီလို ရိုင်းစိုင်းတဲ့ အပြုအမူ မျိုးဖြစ်ခဲ့ရင် သမီးအနေနဲ့တောင်းပန်ပါတယ် 🙏🙏🙏 ဇာတ်လမ်း ဇာတ်ညွန်း သမီးကိုယ်တိုင်ရေးစပ်ထားတာ မဟုတ်တော့ Secretary တစ်ယောက် ရဲ့ နေထိုင်မှု့အဆင့်အတန်းကို သမီးလေ့လာမထားမိပါဘူး။ အဲ့ဒါကြောင့် သမီးရဲ့ သရုပ်ဆောင်မှုဟာ Secretary ဝန်ထမ်းတွေ အပေါ် ဂုဏ်သိက္ခာ ထိခိုင်မှုကြောင့် သမီးအနေနဲ့ အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်။ နောက်နောင် ဒါမျိုးမဖြစ်အောင်လဲ ဇာတ်ညွှန်းကိုသေချာ ဖတ် ဂရုစိုက်ပြီး သရုပ်ဆောင်ပါ့မယ်🙏🙏🙏” ဆိုပြီး အနူးအညွတ် ပြန်လည်တောင်းပန်လာခဲ့ပါတယ်။

ဒါရိုက်တာ စတီးလ်ရိုက်ကူးခဲ့ပြီး ဖြူဖြူထွေး သရုပ်ဆောင်ခဲ့တဲ့ ကြော်ငြာတွေကတော့ မြန်မာနိုင်ငံအတွင်းရေးမှူးတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့တာကြောင့် အတွင်းရေးမှူးတွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ဖြေရှင်းတောင်းပန်လာမှုကြောင့်လုပ်ငန်းခွင်ထဲက အတွင်းရေးမှူးတွေနဲ့တကွ ပရိသတ်ကြီးလည်း နားလည်ခွှင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်