မာလာအနံ့ေမႊးေမႊးေလးနဲ႔ အရမ္းစားေကာင္းတဲ့ အာလူးမာလာျပဳလုပ္နည္း

မာလာအနံ့ေမႊးေမႊးေလးနဲ႔ အရမ္းစားေကာင္းတဲ့ အာလူးမာလာျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ အာလူးသီး အႀကီး – ၁ လုံး

၂။ မာလာဟင္းအႏွစ္ – ထမင္းစားဇြန္း ၂ ဇြန္း (အစပ္မႀကိဳက္လၽွင္ ေလ်ာ့ထည့္ပါ)

၃။ ၾကက္သားမႈန႔္- လက္ဖက္ရည္ဇြန္း တ ဝက္

၄။ သၾကား (သို႔) အခ်ိဳမႈန႔္- လက္ဖက္ရည္ဇြန္း တဝက္

၅။ ေျမပဲေထာင္း – ထမင္းစားဇြန္း ၁ ဇြန္း

၆။ ႏွမ္းေလွာ္ – လက္ဖက္ရည္ဇြန္း တဝက္

၇။ ၾကက္သြန္ၿမိတ္ – ၁ ပင္

၈။ နံနံပင္ – ၃ ပင္

၉။ ပူစီနံ – ၅ ပင္

၁၀။ ေၾကာ္ရန္ဆီ

( ထမင္းစားဇြန္း = 1 tablespoon = 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

ျပဳလုပ္နည္း

၁။ အာလူးကို အခြံႏႊာ၊ ေရေဆးၿပီး အေခ်ာင္းလိုက္ထူထူလွီးထားပါ။ ပူစီနံ အရြက္မ်ားကိုေႁခြထားပါ။ ၾကက္သြန္ၿမိတ္ႏွင့္ နံနံပင္ကို ပါးပါးလွီးထားပါ။

၂။ လွီးထားေသာ အာလူးမ်ားကို ဆီပူပူထဲထည့္ေၾကာ္ပါ။ အာလူးေခ်ာင္းမ်ားရဲ့အနားသားမ်ား တင္းၿပီးညိဳလာလၽွင္ ဆီအိုးထဲမွဆယ္ရ်္ ဆီစစ္ထားပါ။

၃။ အျခားအိုးတခုထဲတြင္ မာလာဟင္းအႏွစ္ကိုထည့္ရ်္ အပူေပးပါ။ ပူလာလၽွင္ ေၾကာ္ထားေသာ အာလူးသီးကိုထည့္၊ ပူစီနံ အရြက္မ်ားကိုထည့္၊ ၾကက္သားမႈန႔္ႏွင့္ သၾကား (သို႔) အခ်ိဳမႈန႔္တို႔ကိုထည့္ရ်္ သမေအာင္ေၾကာ္ပါ။ (အၾကာႀကီးေၾကာ္စရာမလိုပါ။ သမသြားလၽွင္ ရပါၿပီ။)

၄။ မီးဖိုေပၚမွခ်ခါနီးတြင္ ပါးပါးလွီးထားေသာ နံနံပင္ႏွင့္ ၾကက္သြန္ၿမိတ္တို႔ကိုထည့္ရ်္ သမေအာင္ျပဳလုပ္ပါ။

၅။ မီးဖိုေပၚမွခ်ၿပီးမွ ေျမပဲ ႏွင့္ႏွမ္းေလွာ္တို႔ကိုထည့္ရ်္ သမေအာင္လုပ္ပါ။

၆။ ေမႊးစပ္စပ္ေလးႏွင့္ အလြန္အရသာရွိတဲ့ အာလူးမာလာကိုသုံးေဆာင္နိုင္ပါၿပီေနာ္။ crd

Unicode

မာလာအနံ့မွှေးမွှေးလေးနဲ့ အရမ်းစားကောင်းတဲ့ အာလူးမာလာပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ အာလူးသီး အကြီး – ၁ လုံး

၂။ မာလာဟင်းအနှစ် – ထမင်းစားဇွန်း ၂ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ)

၃။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်

၄။ သကြား (သို့) အချိုမှုန့်- လက်ဖက်ရည်ဇွန်း တဝက်

၅။ မြေပဲထောင်း – ထမင်းစားဇွန်း ၁ ဇွန်း

၆။ နှမ်းလှော် – လက်ဖက်ရည်ဇွန်း တဝက်

၇။ ကြက်သွန်မြိတ် – ၁ ပင်

၈။ နံနံပင် – ၃ ပင်

၉။ ပူစီနံ – ၅ ပင်

၁၀။ ကြော်ရန်ဆီ

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ အာလူးကို အခွံနွှာ၊ ရေဆေးပြီး အချောင်းလိုက်ထူထူလှီးထားပါ။ ပူစီနံ အရွက်များကိုခြွေထားပါ။ ကြက်သွန်မြိတ်နှင့် နံနံပင်ကို ပါးပါးလှီးထားပါ။

၂။ လှီးထားသော အာလူးများကို ဆီပူပူထဲထည့်ကြော်ပါ။ အာလူးချောင်းများရဲ့အနားသားများ တင်းပြီးညိုလာလျှင် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။

၃။ အခြားအိုးတခုထဲတွင် မာလာဟင်းအနှစ်ကိုထည့်ရျ် အပူပေးပါ။ ပူလာလျှင် ကြော်ထားသော အာလူးသီးကိုထည့်၊ ပူစီနံ အရွက်များကိုထည့်၊ ကြက်သားမှုန့် နှင့် သကြား (သို့) အချိုမှုန့်တို့ကိုထည့်ရျ် သမအောင်ကြော်ပါ။ (အကြာကြီးကြော်စရာမလိုပါ။ သမသွားလျှင် ရပါပြီ။)

၄။ မီးဖိုပေါ်မှချခါနီးတွင် ပါးပါးလှီးထားသော နံနံပင်နှင့် ကြက်သွန်မြိတ်တို့ကိုထည့်ရျ် သမအောင်ပြုလုပ်ပါ။

၅။ မီးဖိုပေါ်မှချပြီးမှ မြေပဲ နှင့်နှမ်းလှော်တို့ကိုထည့်ရျ် သမအောင်လုပ်ပါ။

၆။ မွှေးစပ်စပ်လေးနှင့် အလွန်အရသာရှိတဲ့ အာလူးမာလာကိုသုံးဆောင်နိုင်ပါပြီနော်။ crd