နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရေသာ ဘူးလက္ ဦးလွေဆြ တစ္ႏွစ္ေက်ာ္အၾကာတြင္ လာအဖမ္းခံ ရန္ကုန္၊ဒီဇင္ဘာ ၂၈ရက္၊ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ဖမ္းဝရမ္းထုတ္ထာေသာ ဘူးလက္ဦးလွေဆြသည္ ယေန႔တြင္ ရဲစခန္းသို႔ လာေရာက္အဖမ္းခံခဲ့သည္။ တရားစြဲဆိုခံထားရသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြ ဘူးလက္ဦးလွေဆြ ကို ရန္ကုန္ အေနာက္ပိုင္းခရိုင္တရား႐ုံးကယမန္ႏွစ္က ဝရမ္းထုတ္ထားသည္။
၂၀၁၉ ခုႏွစ္ ဩဂုတ္ ၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမေရွ႕ ကားပါကင္၌ ျပဳလုပ္ခဲ့ေသာ ပြဲတြင္ ဘူးလက္ဦးလွေဆြ၏ ေဟာေျပာခ်က္မ်ားသည္ အစိုးရအေပၚ အၾကည္ညိဳပ်က္ေစမႈမ်ား ျဖစ္ေစသည္ဟုဆိုကာ ေက်ာက္တံတားၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးျမင့္က တရားလိုျပဳလုပ္ၿပီး ၂၀၁၉ ခုႏွစ္ ဩဂုတ္ ၇ ရက္ေန႔က ရန္ကုန္အေနာက္ပိုင္း ခရိုင္ တရား႐ုံးသို႔ ဦးတိုက္ေလၽွာက္ထား တရားစြဲဆိုထားျခင္း ျဖစ္သည္။
တရား႐ုံးက ရာဇဝတ္ႀကီးအမႈ အမွတ္ ၇၆/၂၀၁၉ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၄-က ျဖင့္ လက္ခံခဲ့ရာ ပုဒ္မ ၁၂၄-က သည္ ျပစ္မႈထင္ရွားပါက ႏွစ္ ၂၀ အထိခ်မွတ္နိုင္ေၾကာင္း ရာဇသတ္ႀကီးဥပေဒ၌ ျပဌာန္းထားသည္။ crd Myanmar Harp
unicode
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော ဘူးလက် ဦးလှဆွေ တစ်နှစ်ကျော်အကြာတွင် လာအဖမ်းခံ ရန်ကုန်၊ဒီဇင်ဘာ ၂၈ရက်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ထာသော ဘူးလက်ဦးလှဆွေသည် ယနေ့တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ တရားစွဲဆိုခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ ဘူးလက်ဦးလှဆွေ ကို ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးကယမန်နှစ်က ဝရမ်းထုတ်ထားသည်။
၂၀၁၉ ခုနှစ် ဩဂုတ် ၃ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ကားပါကင်၌ ပြုလုပ်ခဲ့သော ပွဲတွင် ဘူးလက်ဦးလှဆွေ၏ ဟောပြောချက်များသည် အစိုးရအပေါ် အကြည်ညိုပျက်စေမှုများ ဖြစ်စေသည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ် ၇ ရက်နေ့က ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားခြင်း ဖြစ်သည်။
တရားရုံးက ရာဇဝတ်ကြီးအမှု အမှတ် ၇၆/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က ဖြင့် လက်ခံခဲ့ရာ ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက နှစ် ၂၀ အထိချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေ၌ ပြဌာန်းထားသည်။ crd Myanmar Harp