နှုတ်ခမ်းတွေက ပြောပြနေတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…

မတူညီတဲ့ အမျိုးသမီးတွေမှာ မတူညီတဲ့နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားကြပြီး၊ နှုတ်ခမ်းတွေက ၎င်းတို့ရဲ့ မတူညီတဲ့ အကျင့်စရိုက်နဲ့ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတယ် လို့ လေ့လာမှုစစ်တမ်းတစ်ရပ်မှာဖော်ပြထားပါတယ်။

(၁)ထူတဲ့နှုတ်ခမ်း။နှုတ်ခမ်းထူထူကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် စိတ်ကစားတတ်ပါတယ်။သူတို့ဟာ အမျိုးသားတွေရဲ့ အာရုံစူးစိုက်မှုကို ရဖို့ ကြိုးစားနေတတ်သူတွေဖြစ်ပါတယ်။

သိမ်မွေ့တဲ့ပုံစံမျိုးကိုပိုင်ဆိုင်ထားတတ်ကြပြီး၊ခက်ခဲတဲ့အရာတွေကိုမှ လိုချင်တတ်ကြသူတွေပါ။အချစ်နဲ့တစ်စုံတစ်ယောက်ဆီ က အာရုံစူးစိုက်မှုကို အမြဲတောင့်တတတ်သူတွေ ဖြစ်ပါတယ်။

(၂)ပါးလှပ်တဲ့နှုတ်ခမ်း။ဒီလိုမိန်းကလေးတွေကတော့ အန္တရာယ်များ(သို့)ယဉ်ကျေးသိမ်မွေ့ကြသူတွေပါ။ မလုပ်ခင်မှာ အရင်ကြိုစဉ်းစားတတ်သူတွေဖြစ်သလို သူ့ကိုထိခိုက်နာကျင်အောင် လုပ်သူတွေကို တန်ပြန်တုံ့ပြန်လေ့ရှိပါတယ်။

ဘဝနဲ့အချစ်ကို တိတိကျကျ စည်းကမ်းတင်းကြပ်ထားသူတွေဖြစ်ပါတယ်။သူတို့ကို ပျော်အောင် လုပ်ပေး ခဲ့မယ်ဆိုရင်တော့ သူတို့ဘက်ကလည်း တကယ့်ကို Romantic ဆန်ဆန် တုံ့ပြန်ပြုမူတတ်သူပါ။နှစ်လိုဖွယ်ကောင်းတဲ့ စိတ်နှလုံးသားပိုင်ရှင်တွေဖြစ်ပါတယ်။

(၃)အပေါ်နှုတ်ခမ်းထူ အောက်နှုတ်ခမ်းပါး။ဒီလိုနှုတ်ခမ်းပိုင်ရှင်မျိုးကတော့ မိန်းကလေးထဲမှာ ရှားပါးပါတယ်။သူတို့ဟာ ထူးထူးဆန်းဆန်းအရာတွေကို စိတ်ဝင်စားတတ်လေ့ရှိပြီး၊ဒီလိုအရာကိုတွေကိုမှ ချစ်တတ်ကြသူတွေပါ။သူမရဲ့ထူးခြားတဲ့အတွေးအခေါ်၊သြဇာတိက္ကမတွေနဲ့ လူတွေကို စွဲဆောင်တတ်ကြပါတယ်။

(၄)အပေါ်နှုတ်ခမ်းပါး အောက်နှုတ်ခမ်းထူ။ဒီလိုမိန်းကလေးမျိုးကတော့ တကယ့်ကို Romantic ဆန်တဲ့သဘာဝကိုပိုင် ဆိုင်ထားသလို၊သစ္စာကြီးသူတွေဖြစ်ပါတယ်။ဒီလိုမိန်းကလေးမျိုးနဲ့ တွဲနေတဲ့ သူဆိုရင်တော့ ဒီလူဟာ

အကောင်းဆုံးကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းသူ တစ်ယောက်ပါ။အရမ်းကို စိတ်ထိခိုက်ခံစားလွယ်တတ်သူတွေဖြစ်ပြီး ကိစ္စအသေးအမွှားလေးကိုတောင် လိုက်ပြီး ခံစားနာကျင်တတ်သူတွေဖြစ်ပါ တယ်။