မင္းတပ္, ေနာက္ဆုံးရ အေရးေပၚအေျခအေနမ်ား

မ​ေကြးတိုင္း ေက်ာက္ထုၿမိဳ႕တြင္ မင္းတပ္ စစ္​ေဘး​ေရွာင္ျပည္သူမ်ားအတြက္ လိုအပ္သည့္ ​ေဆးဝါးႏွင့္ အစားအ​ေသာက္ပစၥည္းမ်ား ဝယ္ယူၿပီး မင္းတပ္သို႔ျပန္လာသူ ၃ ဦး အျပန္လမ္းတြင္ စစ္​ေကာင္စီမွ ဖမ္းဆီးထား။ နာမည္မ်ား အတည္ျပဳနိုင္ရန္ စုံစမ္း​ေနဆဲ

– ကန္ပက္လက္​တြင္ ယေန႔မနက္ အ​ေစာပိုင္း စစ္​ေကာင္စီမွ ဖမ္းဆီး ေခၚေဆာင္သြားသည့္ ကန္ပက္လက္ ၿမိဳ႕ ကက္သလစ္ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး ေအာင္လိန္း ျပန္လည္လြတ္​ေျမာက္လာ။

– မင္းတပ္ၿမိဳ႕နယ္ရွိ ​ေတာ​ေတာင္မ်ားတြင္ စစ္​ေဘး​ေရွာင္​ေနရသည့္ က​ေလးသူငယ္မ်ား ခႏၶာကိုယ္အႏွံ့ အ​ေရျပား​ေရာဂါမ်ား ခံစား​ေနရ။

– ငွက္ဖ်ား ႏွင့္ ရာသီ​ေပၚ တုပ္​ေကြး ဖ်ားနာမ်ားတိုးပြားလာမည့္အ​ေျခအ​ေနႏွင့္ ရင္ဆိုင္​ေနရ။

– စစ္​ေဘး​ေရွာင္ျပည္သူမ်ား တြင္ က်န္းမာ​ေရး အ​ေျခအ​ေန​ေၾကာင့္ ​ေဆးကုသမႈ အခ်ိန္မီရရွိနိုင္ျခင္းမရွိဘဲ ​ေသဆုံးမႈမ်ားရွိ​ေန။

– ​ႏွစ္ဘက္ တိုက္ပြဲမ်ား အခ်ိန္မ​ေရြး ထပ္ ျဖစ္လာနိုင္ဖြယ္ရွိ၍ ေနရပ္စြန္႔ခြာ ထြက္​ေျပးတိမ္း​ေရွာင္​ေနရသူမ်ား မိမိတို႔ အိမ္သို႔ ျပန္​ေနရန္ ခက္ခဲလ်က္ရွိ။

– မိုးမ်ား ၿပီး ​ေတာ​ေတာင္ ထူထပ္​ေသာ ေတာင္​ေပၚေဒသျဖစ္သည့္ အ​ေလ်ာက္ ​ေျမၿပိဳ​ေနျခင္းမ်ား​ေၾကာင့္ လမ္းပန္းဆက္သြယ္​ေရးအင္မတန္ခက္ခဲလ်က္ရွိ။

– ခ်င္း-မ​ေကြး နယ္စပ္လမ္း​ေၾကာင္းမ်ား စစ္​ေကာင္စီမွ အခ်ိန္ အကန္႔သတ္မရွိ တားဆီးပိတ္ပင္​​ေနမႈ​ေၾကာင့္ စားနပ္ရိကၡာႏွင့္ ​ေဆးဝါး အ​ေထာက္အကူ ပစၥည္းမ်ား ျပတ္​ေတာက္​ေနၿပီျဖစ္။

– စစ္​ေဘး​ေရွာင္ျပည္သူမ်ားအတြက္ တိုက္ပြဲကင္းမဲ့ဇုန္ႏွင့္ UNHRC,WFP & ICRC ကဲ့သို႔​ေသာ နိုင္ငံတကာ အကူအညီမ်ား အ​ေရး​ေပၚ လိုအပ္လ်က္ရွိ။

– မင္းတပ္ – ပခုကၠဴ လမ္း​ေၾကာင္း​ေပၚရွိ ​ေပါက္ၿမိဳ႕နယ္မွ ကင္းမ ​ေက်းရြာတြင္ ရြာလုံးကၽြတ္နီးပါး မီး​ေလာင္မႈ ျဖစ္ပြားၿပီး၊အဓိက လမ္းမ မ်ားအား စစ္​ေကာင္စီမွယခင္အတိုင္း ဆက္လက္ ထိန္းခ်ဳပ္ တင္းက်ပ္​ေနဆဲ။ crd- Chin World

Unicode

မ​ကွေးတိုင်း ကျောက်ထုမြို့တွင် မင်းတပ် စစ်​ဘေး​ရှောင်ပြည်သူများအတွက် လိုအပ်သည့် ​ဆေးဝါးနှင့် အစားအ​သောက်ပစ္စည်းများ ဝယ်ယူပြီး မင်းတပ်သို့ပြန်လာသူ ၃ ဦး အပြန်လမ်းတွင် စစ်​ကောင်စီမှ ဖမ်းဆီးထား။ နာမည်များ အတည်ပြုနိုင်ရန် စုံစမ်း​နေဆဲ

– ကန်ပက်လက်​တွင် ယနေ့မနက် အ​စောပိုင်း စစ်​ကောင်စီမှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကန်ပက်လက် မြို့ ကက်သလစ် ကျောင်းထိုင်ဘုန်းတော်ကြီး အောင်လိန်း ပြန်လည်လွတ်​မြောက်လာ။

– မင်းတပ်မြို့နယ်ရှိ ​တော​တောင်များတွင် စစ်​ဘေး​ရှောင်​နေရသည့် က​လေးသူငယ်များ ခန္ဓာကိုယ်အနှံ့ အ​ရေပြား​ရောဂါများ ခံစား​နေရ။

– ငှက်ဖျား နှင့် ရာသီ​ပေါ် တုပ်​ကွေး ဖျားနာများတိုးပွားလာမည့်အ​ခြေအ​နေနှင့် ရင်ဆိုင်​နေရ။

– စစ်​ဘေး​ရှောင်ပြည်သူများ တွင် ကျန်းမာ​ရေး အ​ခြေအ​နေ​ကြောင့် ​ဆေးကုသမှု အချိန်မီရရှိနိုင်ခြင်းမရှိဘဲ ​သေဆုံးမှုများရှိ​နေ။

– ​နှစ်ဘက် တိုက်ပွဲများ အချိန်မ​ရွေး ထပ် ဖြစ်လာနိုင်ဖွယ်ရှိ၍ နေရပ်စွန့်ခွာ ထွက်​ပြေးတိမ်း​ရှောင်​နေရသူများ မိမိတို့ အိမ်သို့ ပြန်​နေရန် ခက်ခဲလျက်ရှိ။

– မိုးများ ပြီး ​တော​တောင် ထူထပ်​သော တောင်​ပေါ်ဒေသဖြစ်သည့် အ​လျောက် ​မြေပြို​နေခြင်းများ​ကြောင့် လမ်းပန်းဆက်သွယ်​ရေးအင်မတန်ခက်ခဲလျက်ရှိ။

– ချင်း-မ​ကွေး နယ်စပ်လမ်း​ကြောင်းများ စစ်​ကောင်စီမှ အချိန် အကန့်သတ်မရှိ တားဆီးပိတ်ပင်​​နေမှု​ကြောင့် စားနပ်ရိက္ခာနှင့် ​ဆေးဝါး အ​ထောက်အကူ ပစ္စည်းများ ပြတ်​တောက်​နေပြီဖြစ်။

– စစ်​ဘေး​ရှောင်ပြည်သူများအတွက် တိုက်ပွဲကင်းမဲ့ဇုန်နှင့် UNHRC,WFP & ICRC ကဲ့သို့​သော နိုင်ငံတကာ အကူအညီများ အ​ရေး​ပေါ် လိုအပ်လျက်ရှိ။

– မင်းတပ် – ပခုက္ကူ လမ်း​ကြောင်း​ပေါ်ရှိ ​ပေါက်မြို့နယ်မှ ကင်းမ ​ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီး​လောင်မှု ဖြစ်ပွားပြီး၊အဓိက လမ်းမ များအား စစ်​ကောင်စီမှယခင်အတိုင်း ဆက်လက် ထိန်းချုပ် တင်းကျပ်​နေဆဲ။ crd- Chin World